Connect with us

Europe

Tesla လျှပ်စစ်ကား ကုမ္ပဏီက ဂျာမနီနိုင်ငံတွင် Gigafactory စက်ရုံသစ် ဖွင့်လှစ်

တက်စလာလျှပ်စစ်ကားများစီတန်းထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်လျှပ်စစ်ကားကုမ္ပဏီဖြစ်သော တက်စလာ(Tesla) သည် ဥရောပတိုက်တွင် ၎င်း၏ ပထမဆုံး Gigafactory စက်ရုံသစ်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့တော်အနီးရှိ Gruenheide ခရိုင်မြို့ငယ်လေး၌ မတ် ၂၂ ရက် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ကားစတင်ထုတ်လုပ်ခြင်းသည် “ဒေသအတွက်လည်း နေ့ထူးနေ့ရက်ဖြစ်သလို ဂျာမနီနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအသွင်ကူးပြောင်းမှုအတွက် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်” ဟု ဂျာမနီနိုင်ငံ စီးပွားရေး နှင့် ရာသီဥတုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု ဝန်ကြီးဌာန ဝန်ကြီး Robert Habeck ကဆိုသည်။ “ လျှပ်စစ်ကားထုတ်လုပ်မှု လမ်းကြောင်းဆီဦးတည်ခြင်းဟာ လောင်စာဆီတင်သွင်းနေရခြင်းမှ ဖယ်ခွာသွားမယ့် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တက်စလာလျှပ်စစ်ကားများစီတန်းထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

(Tesla)တက်စလာတည်ထောင်သူ အီလွန်မက်ခ်က ၂၀၁၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့အနီး၌ ဒေါ်လာဘီလီယံချီတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခု လုပ်ဆောင်မည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သည်။ တက်စလာကားစက်ရုံသစ်မှ နှစ်စဉ် လျှပ်စစ်ကားအစီးရေး ၅ သိန်းကို ထုတ်လုပ်သွားမည်ဖြစ်ပြီး လူပေါင်း ၁၂,၀၀၀ ခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။

တက်စလာလျှပ်စစ်ကားများစီတန်းထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

“ တက်စလာရဲ့ လှုပ်ရှားမှုခြေလှမ်းဟာ ဂျာမနီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအတွက် စံပြမော်ဒယ်တစ်ခုဖြစ်ပါတယ်” ဟု ဂျာမနီစက်မှုလုပ်ငန်းဖက်ဒရေးရှင်း(BDI)ဥက္ကဌ Siegfried Russwurm က ဆိုသည်။ “ Brandenburg ပြည်နယ်အစိုးရရဲ့ စေ့စေ့စပ်စပ်ပံ့ပိုးကူညီဆောင်ရွက်မှုဟာ လုပ်ငန်းစဉ်သိသာထင်ရှားစွာဖြစ်ထွန်းဖို့ အရှိန်အဟုန်မောင်းနှင်အားဖြစ်စေခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရ၏ စက်ရုံတည်ဆောက်ရေးခွင့်ပြုခြင်း ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယင်းဒေသ၌ ရေအရင်းအမြစ်ကာကွယ်ရန်အတွက် “ လုံးဝသင့်လျှော်မှုမရှိသောစက်ရုံမြေနေရာ” တစ်ခုအဖြစ် Gruenheide citizens’ initiative ဂရန်ဟိန်းဒီရပ်ရွာအခြေပြုဖော်ဆောင်မှုအဖွဲ့ထံမှ ဝေဖန်ပြစ်တင်မှုခံခဲ့ရကြောင်း သိရသည်။ (Xinhua)

#Tesla, #Gigafactory, #Germany, #xinhua, #xinhuamyanmar, #
#တက်စလာ,#ဂီဂါ,#ဂျာမနီ,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ

—————————-
(English Version)

Tesla opens new Gigafactory in Germany
BERLIN, March 22 (Xinhua) — U.S. electric car manufacturer Tesla officially opened its first Gigafactory in Europe on Tuesday in Gruenheide near the German capital Berlin.

The start of production was a “special day for the region and a special day for the mobility transition in Germany,” German Minister for Economic Affairs and Climate Action Robert Habeck said. “The path toward electromobility is another step away from oil imports.”

Tesla founder Elon Musk announced the billion-dollar investment near Berlin in 2019. Construction started in February 2020. Every year, 500,000 vehicles are to roll off the assembly line of the new Tesla factory, which will employ around 12,000 people.

“The pace at Tesla must serve as a model for investment projects in Germany,” said Siegfried Russwurm, president of the Federation of German Industries (BDI). The “intensive support provided by the Brandenburg state government has accelerated the process considerably.”

The state government’s decision to authorize the construction of the plant has elicited criticism from the Gruenheide citizens’ initiative, which argued, among other things that it was located at a “completely unsuitable site” in a water protection area.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.