Connect with us

Environment, Disasters & Accidents

ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသလို တရုတ်လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူ မတွေ့ရသေး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူကျိုးမြို့တွင် China Eastern Airlines လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်ပျက်ကျမှုအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရီးသည် ၁၃၂ ဦး စီးနင်းလိုက်ပါသွားသော ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် အသက်ရှင်ကျန်ရစ်သူမတွေ့ရှိရသေးကြောင်း လေကြောင်းမှ တာဝန်ရှိသူက မတ် ၂၂ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။ကူမင်းမြို့မှ ထွက်ခွာပျံသန်းလာပြီး ကွမ်ကျိုးမြို့သို့ ဦးတည်မောင်းနှင်လာသော China Eastern Airlines လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် မတ် ၂၂ ရက် မွန်းလွဲ ၂:၁၇ နာရီက ကွမ်ကျိုး လေကြောင်းပျံသန်းမှုထိန်းချုပ်ရေးဧရိယာသို့ ဝင်ရောက်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၈,၉၀၀ မီတာ၌ ရောက်ရှိနေကြောင်း၊ သို့ရာတွင် မွန်းလွဲ ၂:၂၀ နာရီက ပြင်းထန်စွာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာန (CAAC) ၊ လေကြောင်းပျံသန်းမှုဘေးကင်းရေးရုံး အကြီးအကဲ Zhu Tao က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လေကြောင်းပျံသန်းရေးထိန်းချုပ်သူများက လေယာဉ်အမှုထမ်းများနှင့် ခေါ်ဆိုမှုများ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိတော့ကြောင်း၊ လေယာဉ်မှာ မွန်းလွဲ ၂:၂၃ နာရီ၌ ရေဒါအချက်ပြစနစ်မှ ကွယ်ပျောက်သွားခဲ့ကြောင်းနှင့် နောက်ဆုံးတွင် ဝူကျိုးမြို့ ထိန်ရှန့်ခရိုင်အတွင်း ပျက်ကျသွားသည်ကို တွေ့ရှိခဲ့ရကြောင်း Zhu ၏ ပြောကြားချက်အရ သိရသည်။

လေကြောင်းပျံသန်းမှု ခရီးစဉ်အမှတ် MU5735 ပေါ်တွင် နိုင်ငံခြားသားများ စီးနင်းလိုက်ပါသွားခြင်းမရှိကြောင်း၊ လေယာဉ်ပေါ်၌ ခရီးသည် ၁၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦးပါဝင်ကြောင်း Zhu က ဖြည့်စွက်ပြောခဲ့သည်။

“သိရှိထားတဲ့အချက်အလက်တွေကို အခြေခံအရတော့ ခရီးသည်တင်လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ကောက်ချက်မချနိုင်သေးပါဘူး။ လေယာဉ်က ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုက အလွန်ပဲခက်ခဲနေပါတယ်” ဟု Zhu က ပြောခဲ့သည်။

လက်ရှိတွင်မူ စုံစမ်းစစ်ဆေးရေးအဖွဲ့က လုပ်ထုံးလုပ်နည်းများအရ သက်သေအလုံအလောက်ပြနိုင်ရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက လေယာဉ်ပျက်ကျရာနေရာ၌ ရှာဖွေမှုများ ဆောင်ရွက်နေပြီး black boxes များ တည်ရှိနေရာ ရှာဖွေတွေ့ရန် ဆောင်ရွက်နေကြောင်း Zhu က ဆိုသည်။

အဆိုပါ အဖွဲ့သည် လေယာဉ်၊ ပြင်ဆင်ထိန်းသိမ်းမှု၊ လေကြောင်းပျံသန်းမှုထိန်းချုပ်ရေး၊ မိုးလေဝသ၊ လေယာဉ်ဒီဇိုင်းနှင့် ထုတ်လုပ်မှု အပါအဝင် မတော်တဆမှုဖြစ်ပွားသည့် အခြားနေရာထောင့်ပေါင်းစုံမှ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေကြောင်း Zhu က ပြောခဲ့သည်။

China Eastern Airlines လေကြောင်းလိုင်း၊ ယူနန်ရုံးခွဲ ဥက္ကဋ္ဌ Sun Shiying ကလည်း လေယာဉ်ပျက်ကျပြီးနောက် ၂၄ နာရီအတွင်း ခရီးသည် ၁၂၃ ဦးလုံး၏မိသားစုများနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများကို လူ ၂,၀၀၀ ကျော် ပါဝင်ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။“လေယာဉ်ပျက်ကျတဲ့နေရာက တောတောင်ထူထပ်နေတဲ့အတွက် black boxes ရှာဖွေရေးက ရှုပ်ထွေးနေပြီး ဒရုန်းတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေအပေါ် အဓိကမှီခိုထားရတယ်” ဟု ကွမ်ကျိုးမြို့ အခြေစိုက် ဒရုန်း ကယ်ဆယ်ရေးစင်တာမှ ကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သော Zhu Xiaodong က ပြောသည်။

CAAC အနေဖြင့် မြို့ပြလေကြောင်း ဘေးကင်းရေး မြှင့်တင်ရေးအတွက် မမြင်တွေ့နိုင်သော အန္တရာယ်များအား စောင့်ကြည့်ရန် တိုက်တွန်းလျက်ရှိသည်။ လေယာဉ်ပြင်ဆင်ထိန်းသိမ်းမှု၊ လေကြောင်းပျံသန်းမှု ရာသီဥတုအခြေအနေများ၊ အမှုထမ်းများ၏ အရည်အချင်းများနှင့် မောင်းနှင်ရေး စွမ်းရည်များနှင့် ဆက်စပ်သည့် နောက်ကွယ်က အန္တရာယ်ဖြစ်စေသော အကြောင်းအရာများကို စုံစမ်းစစ်ဆေးမှုအားကောင်းစေရန် တိကျသော စီမံဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း CAAC က ပြောခဲ့သည်။

Boeing China ကလည်း China Eastern Airlines လေကြောင်းလိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့၏ နည်းပညာကျွမ်းကျင်းပညာရှင်များကလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်း၌ CAAC အား ကူညီသွားရန် အသင့်ရှိကြောင်း မတ် ၂၂ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
China Focus: No survivors found yet in China plane crash as rescue continues

Source: Xinhua

Editor: huaxia

2022-03-23 00:02:01
NANNING, March 22 (Xinhua) — No survivors have been found so far after a passenger plane with 132 people aboard crashed in south China’s Guangxi Zhuang Autonomous Region, an aviation official said late Tuesday.
The China Eastern Airlines Boeing 737 aircraft, which departed from Kunming and was bound for Guangzhou, maintained an altitude of 8,900 meters as it entered the Guangzhou air traffic control area at 2:17 p.m. Monday, but was found to have drastically plunged at 2:20 p.m., Zhu Tao, head of the aviation safety office of the Civil Aviation Administration of China (CAAC), told a press briefing.
Air traffic controllers made repeated calls to the crew, but received no response. The plane lost its radar signal at 2:23 p.m. and was later found to have crashed in Tengxian County in the city of Wuzhou, according to Zhu.
No foreign nationals were on Flight MU5735, said Zhu, adding that the 132 people aboard were 123 passengers and nine crew members.
“Based on known information, the authorities do not yet have a clear clue as to the cause of the passenger plane crash,” said Zhu. “The investigation is very difficult as the aircraft was severely damaged.”
At present, the investigation team is carrying out a full probe in accordance with the procedures, with rescuers exploring the crash site and going all out to locate the black boxes, Zhu said.
The team is also thoroughly investigating other aspects of the accident, including flight, maintenance, air traffic control, meteorology, aircraft design and manufacturing, Zhu said.
Sun Shiying, chairman of the Yunnan branch of China Eastern Airlines, said at the briefing that contact was made with the families of all 123 passengers within 24 hours after the crash.
More than 2,000 people have joined the rescue operation at the site.
“The site of the crash in a mountain forest complicates the search for the black boxes and we have to rely mainly on drones and rescue staff,” said Zhu Xiaodong, a rescuer with a Guangzhou-based drone rescue center.
The CAAC has called for screening hidden risks to boost civil aviation safety. Concrete measures should be taken to strengthen the investigation of hidden dangers concerning aircraft maintenance, flight weather conditions, personnel qualifications and operational skills, it said.
On Tuesday, Boeing China said that it is cooperating with China Eastern Airlines, and its technical experts are ready to aid the CAAC in conducting the investigation. ■
Photo : Photo taken with a mobile phone shows a press briefing on the China Eastern Airlines Boeing 737 aircraft crash in Wuzhou, south China’s Guangxi Zhuang Autonomous Region, March 22, 2022. No survivors have been found so far after a passenger plane with 132 people aboard crashed in south China’s Guangxi Zhuang Autonomous Region, an aviation official said late Tuesday. (Xinhua/Liang Shun)