Connect with us

North America

တင်းမာမှုများ အရှိန်မြင့်လာခြင်းကို ရပ်တန့်ရန် အမေရိကန်နိုင်ငံအား ရုရှားနိုင်ငံ တိုက်တွန်း

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အမေရိကန်သံရုံး၌ လွှင့်ထူထားသော အမေရိကန်နိုင်ငံအလံအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ဆန္ဒရှိပါက တင်းမာမှုများ အရှိန်မြင့်လာခြင်းကို ရပ်တန့်ရမည် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။“စကားနဲ့ပဲ ဖြစ်ဖြစ် ၊ လက်နက်တွေနဲ့ ယူကရိန်းအစိုးရကို ပို့လွှတ်နေတာတွေပဲ ဖြစ်ဖြစ် နှစ်ခုလုံးမှာ သူတို့ရဲ့ ပိုပြီး အရှိန်မြင့်အောင်လုပ်နေတာ ရပ်တန့်ဖို့ လိုပါတယ်။”ဟု ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား ခြိမ်းခြောက်နေခြင်းကို ရပ်တန့်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာများ၏ ဖော်ပြမှုများအရ သိရသည်။

တစ်ချိန်တည်းမှာပင် ဆက်ဆံရေးသည် အကျဘက်သို့ ဦးတည်နေသည်ကို တွေ့မြင်နေရကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဆက်ဆံရေးအခြေအနေအတွက် အမေရိကန်နိုင်ငံအား ပြစ်တင်ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ ဒါကို စိတ်မကောင်းပါဘူး။ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေကနေ ထွက်ပေါ်လာတဲ့ အခြေအနေတွေအတွက် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖို့ နဲ့ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်အပေါ် ဒါက ဘာသက်ရောက်မှုမှ မရှိပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————-
(English Version)

Russia urges Washington to quit escalating tensions
MOSCOW, March 22 (Xinhua) — Washington must stop escalating tensions if it wishes to normalize ties with Moscow, Russian Deputy Foreign Minister Sergei Ryabkov said Tuesday.
“They need to stop their escalation, both verbally and in terms of pumping the Kiev regime with weapons,” Ryabkov said, adding that the United States must also stop threatening Russia, according to Russian media reports.
“In the meantime, we are seeing a downward trend in relations,” said Ryabkov, who faults the United States for the state of ties.
“We regret this. However, this doesn’t have any effect on our determination to work towards achieving the goals of the special military operation and adapt to the circumstances resulting from U.S. sanctions,” he said. ■
Photo – The U.S. flag waves in the wind at the U.S. embassy in Moscow, Russia, on April 16, 2021. (Xinhua/Evgeny Sinitsyn)