Connect with us

Europe

ယူကရိန်းက ရုရှားနှင့် စစ်သုံ့ပန်းများ အပြန်အလှန်လဲလှယ်ရန် အသင့်ရှိကြောင်း သမ္မတဇယ်လန်းစကီး ပြောကြား

Donetsk တွင် လက်နက်ကိုင်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ် မတ် ၁ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးက ရန်လိုတိုက်ခိုက်မှုများအဆုံးမသတ်မီ ၎င်း၏ နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စစ်သုံ့ပန်းများအားလုံး အပြန်အလှန် လဲလှယ်သွားရန် အသင့်ရှိကြောင်း မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ဘက်မှာ ဒီလောက်အရေအတွက်ရှိတယ်။ အဲဒီအရေအတွက်အတိုင်း အပြန်အလှန်လဲလှယ်ကြရအောင်ပေါ့ ၊ အကျဉ်းသားတစ်ယောက်ချင်းစီအတွက် အပြန်အလှန်လဲလှယ်ကြမယ့် သဘောတူညီချက်တစ်ခုရရှိဖို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ရုရှားသတင်းမီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဇယ်လန်းစကီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသော ရုရှားစစ်သားများ၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်သွားရန် ယူကရိန်းနိုင်ငံက ဆန္ဒရှိကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံ အကြား ပဋိပက္ခများ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသားလဲလှယ်မှုပြုလုပ်ခဲ့ကြောင်း မတ်လ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောကြားခဲ့သည်။

ယင်းအကျဉ်းသားလဲလှယ်မှုတွင် ယူကရိန်းက ဖမ်းဆီးထားသော ရုရှားစစ်သုံ့ပန်း ၁၀ ဦး နှင့် ရုရှားက ဖမ်းဆီးထားသော ယူကရိန်း စစ်သုံ့ပန်း ၁၀ ဦးကို နှစ်ဖက် အပြန်အလှန် လဲလှယ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Odesa အနီးရှိ ပင်လယ်ပြင်၌ နစ်မြုပ်သွားသော သင်္ဘောတစ်စင်းမှ ကယ်ဆယ်ထားသော ရုရှားအရပ်သားသင်္ဘောသား ၁၁ ဦးကိုလည်း ယူကရိန်းနိုင်ငံဘက်က ရုရှားနိုင်ငံထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး အပြန်အလှန်အနေဖြင့် ရုရှားနိုင်ငံဘက်က ယူကရိန်းအရပ်သားသင်္ဘောသား ၁၉ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း Vereshchuk ၏ ပြောကြားချက်အရ သိရသည်။(Xinhua)

…………………….
(English Version)
Ukraine ready to exchange prisoners with Russia: Zelensky

KIEV, March 27 (Xinhua) — Ukrainian President Volodymyr Zelensky said on Sunday that his country stands ready for an all-for-all prisoner exchange with Russia before the end of hostilities, the presidential press service reported.
“I believe that there is an agreement to exchange everyone for everyone, we have this number — let’s exchange for this number,” Zelensky said in an interview with Russian media.
He also noted that Ukraine wants to hand over the corpses of Russian soldiers to their relatives.
On Thursday, Ukrainian Deputy Prime Minister Iryna Vereshchuk said that Ukraine and Russia conducted the first prisoner swap since the start of the conflict.
Ten Ukrainians held by the Russian military were released in exchange for ten Russian soldiers captured by Ukrainian forces.
Ukraine also handed over to Russia 11 civilian Russian sailors, who were rescued from a sunken ship near Odesa, in exchange for 19 Ukrainian civilian sailors, according to Vereshchuk. Enditem
Photo- Photo taken on March 1, 2022 shows armed personnel in Donetsk. (Photo by Victor/Xinhua)