Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါက ၂၀၂၁ ခုနှစ်အတွင်း တတိယမြောက် လူသေဆုံးမှုအများဆုံးအကြောင်းရင်းအဖြစ် ရောက်ရှိလာ

ဖိလစ်ပိုင်နိုင်ငံ San Juan မြို့တွင် စာသင်ကျောင်းကို ကာကွယ်ဆေးထိုးနှံပေးရေးနေရာအဖြစ် ပြောင်းလဲထားသောနေရာ၌ ဒေသခံတစ်ဦးအား Sinovac COVID-19 ကာကွယ်ဆေးထိုးနှံပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ၂၀၂၁ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) က ၂၀၂၁ ခုနှစ်အတွင်း တတိယမြောက် လူသေဆုံးရခြင်းအကြောင်းရင်းနေရာသို့ ရောက်ရှိလာခဲ့ကြောင်း မတ် ၃၀ ရက်၌ ထုတ်ပြန်သော ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့ (PSA)၏ ကနဦးအချက်အလျက်များအရ သိရသည်။
စုစုပေါင်း လူသေဆုံးမှုများ၏ ထိပ်တန်းအကြောင်းရင်များမှာ နှလုံးသွေးကြောကျဉ်းရောဂါများနှင့် ဦးနှောက်သွေးကြောပြတ်ရောဂါများဖြစ်ကြောင်း PSA က ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ “ဗိုင်းရပ်စ်ပိုး အမျိုးအမည်ခွဲခြားအတည်ပြုနိုင်ခြင်းဖြင့် သေဆုံးမှုမှာ ၉.၇ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်က လူသေဆုံးမှုများပြားစေသော အကြောင်းအရင်း အဆင့် ၁၄ ၌ ရှိနေရာမှ နံပါတ် ၃ နေရာသို့ ခုန်ကျော်တက်လာခြင်း ဖြစ်ကြောင်း PSA က ဆိုသည်။

မနီလာမြို့တော်နေရာနှင့် အနီးဝန်းကျင်ဒေသများတွင်လည်း ကိုဗစ်-၁၉ ဆက်စပ်မှုဖြင့် လူသေဆုံးမှု အရေအတွက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိပ်တန်းအကြောင်းရင်း သုံးခုအပြင် ကပ်ရောဂါဖြစ်ပွားမှုကြားမှ ၂၀၂၁ ခုနှစ်အတွင်း ကင်ဆာရောဂါ၊ ဆီးချိုးသွေးချိုရောဂါတို့မှာ လူသေဆုံးမှုမြင့်မားစေသည့်အကြောင်းရင်း စတုတ္ထနှင့် ပဉ္စမအဆင့် နေရာများ၌ရှိနေကြောင်း PSA က ပြောခဲ့သည်။ (Xinhua)

………………………………………………
(English Version)

COVID-19 jumps to 3rd leading cause of deaths in Philippines in 2021

MANILA, March 30 (Xinhua) — COVID-19 was the third leading cause of deaths in the Philippines in 2021, preliminary data from the Philippine Statistics Authority (PSA) showed on Wednesday. Of the total deaths, the PSA said the top causes were ischemic heart diseases and cerebrovascular diseases. The PSA said COVID-19 “virus identified” accounted for 9.7 percent, jumping to number three leading cause of fatalities from ranking 14 in 2020.

Metro Manila and its adjacent regions recorded the most number of COVID-19-related deaths. Aside from the top three causes, the PSA said cancer and diabetes ranked fourth and fifth leading causes of deaths in 2021 amid the pandemic. Enditem

Photo : A health worker inoculates a resident with a dose of the Sinovac COVID-19 vaccine at a school turned into a vaccination site in San Juan City, the Philippines on July 27, 2021. (Xinhua/Rouelle Umali)