Connect with us

Europe

ရုရှားက အရပ်သားများ ဘေးလွတ်ရာရွှေ့ပြောင်းရေးအတွက် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးကြေညာ

ဘီလာရုစ်နိုင်ငံ ဂိုမဲလ်ဒေသတွင် ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ ကိုယ်စားလှယ်များ ဆွေးနွေးနေသည်ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Belta news agency via Xinhua)

မော်စကို၊ မတ် ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများမှတစ်ဆင့် အရပ်သားများအား ဘေးလွတ်ရာရွှေ့ပြောင်းရေး အဆင်ပြေချောမွေ့စေရန် မတ် ၅ ရက် မော်စကိုစံတော်ချိန် နံနက် ၁၀:၀၀ နာရီမှစတင်၍ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ယူကရိန်းနိုင်ငံနှင့် သဘောတူထားခဲ့သည့်အတိုင်း လူသားချင်းစာနာထောက်ထားမှု စင်္ကြံများကို ယူကရိန်း တောင်ပိုင်းရှိ Mariupol နှင့် Volnovakha မှ အရပ်သားများ ထွက်ခွာမှုကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အပစ်အခတ်ရပ်စဲရေးကာလကို မည်မျှကြာမည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

မတ် ၄ ရက်က ဒုတိယအကြိမ် ဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ဆွေးနွေးညှိနှိုင်းသူများက အရပ်သားများ ထွက်ခွာမှုအတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံမှုများ စီစဉ်ရေးနှင့် နှင့် ရွှေ့ပြောင်းရာလမ်းကြောင်းတစ်လျှောက် ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)

1st LD: Russia declares ceasefire in Ukraine for civilians’ evacuation — defense ministry
MOSCOW, March 5 (Xinhua) — Russian forces will observe a truce in Ukraine starting 10:00 a.m. Moscow time (0700 GMT) on Saturday to facilitate the evacuation of civilians via humanitarian corridors, the Russian Ministry of Defense said.
As was agreed by the Ukrainian side, the humanitarian corridors will allow the exit of civilians from Mariupol and Volnovakha in south Ukraine, the ministry said, without disclosing how long the ceasefire will last.
During their second round of peace talks on Thursday, Russian and Ukrainian negotiators agreed on the establishment of humanitarian corridors for the exit of civilians and on a temporary cessation of hostilities along the evacuation routes. Enditem
Photo : Photo shows a view of the talks between Ukrainian and Russian delegations held in the Gomel region in Belarus on Feb. 28, 2022. (Belta news agency via Xinhua)