Connect with us

Asia

မြောက်ကိုရီးယားက အရှေ့ဘက်ရေပြင်သို့ အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားနိုင်ငံ (DPRK) က Hwasong 12 အမျိုးအစား မြေပြင်မှ မြေပြင်ပစ်၊ တာလတ်နှင့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်အား အကဲဖြတ် စမ်းသပ်ပစ်ခတ်နေသည်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်၌ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ပေးပို့ထားသော ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-- KCNA via Xinhua)

ဆိုးလ်၊ မတ် ၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် အရှေ့ဘက်ရေပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။ပဲထိန်းဒုံးကျည်ဟု သံသယဖြစ်ဖွယ်ရှိသော ဒုံးကျည်အား ပြုံယမ်းမြို့ရှိ Sunan ဧရိယာမှ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် သတိပြုမိခဲ့ကြောင်း JCS မှ ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်အနေဖြင့် သက်ဆိုင်ရာအခြေအနေများကို ခြေရာခံခြင်းနှင့် နောက်ထပ်ပစ်လွှတ်နိုင်ခြေများအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ကာကွယ်ရေးအား အသင့်အနေအထားပြင်ဆင်ထားကြောင်း JCS က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုအပြီး တောင်ကိုရီးယား သမ္မတ အိမ်ပြာတော်က အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။

၎င်းပစ်ခတ်မှုသည် ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ကိုးကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၇ ရက်က ကင်းထောက်ဂြိုလ်တု ထုတ်လုပ်ရေးစမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပြီး တောင်ကိုရီးယားဘက်ကမူ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………

(Chinese Version)

DPRK fires unidentified projectile toward eastern waters: S. Korea

SEOUL, March 5 (Xinhua) –
The Democratic People’s Republic of Korea (DPRK) fired an unidentified projectile, presumed to be a ballistic missile, into its eastern waters, South Korea’s Joint Chiefs of Staff (JCS) said on Saturday.

The JCS said it detected the suspected ballistic missile launched from the Sunan area in Pyongyang at about 8:48 a.m. local time (2348 GMT Friday).

The JCS noted in a statement that the South Korean military was tracing relevant situations and maintaining defense readiness posture in preparations for possible further launches.
South Korea’s presidential Blue House convened an emergency meeting of the National Security Council after the projectile launch.

It was the DPRK’s ninth missile test this year. The DPRK said that it conducted a reconnaissance satellite development test on Feb. 27, which South Korea called a ballistic missile launch. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.