Connect with us

North America

အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျတို့ ပူးပေါင်း၍ ဟိုက်ပါဆိုးနစ်ဒုံးကျည်များ ထုတ်လုပ်မည်

အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည်တစ်စင်းစမ်းသပ်ပစ်လွှတ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် နှင့် ဩစတြေးလျနိုင်ငံတို့ သည် အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည်များ(hypersonic missiles) ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဧပြီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ၊ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် နှင့် ဩစတြေးလျဝန်ကြီးချုပ်စကော့မော်ရစ်ဆင်တို့သည် သုံးပွင့်ဆိုင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ပြန်လည်လေ့လာသုံးသပ်မှုတစ်ခုပြုလုပ်ပြီးနောက်တွင် အထက်ပါအတိုင်းပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့က “ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်နဲ့ တန်ပြန်-ဟိုက်ပါဆိုးနစ် ထုတ်လုပ်ဖို့နဲ့ အီလက်ထရောနစ် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာတွေရဲ့ စွမ်းဆောင်ရည်အတွက် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု အသစ်ကို ဒီနေ့မှာ စတင်ဖို့ ကတိပြုပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဆိုင်ရာတီထွင်ဖန်တီးမှု နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ဖို့နဲ့ သတင်းအချက်အလက်တွေ တိုးမြှင့်မျှဝေသွားဖို့လည်း လုပ်ဆောင်သွားမှာပါ”ဟု ဆိုသည်။

အဆိုပါ သုံးနိုင်ငံမှ ခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် အော့ကပ်စ်(AUKUS) ဟုခေါ်ဆိုသည့် သုံးနိုင်ငံလုံခြုံရေးမဟာမိတ်အဖွဲတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ “ ဆိုက်ဘာစွမ်းဆောင်ရည်တွေ ၊ AI ဉာဏ်ရည်တုနည်းပညာ ၊ ကွမ်တန်နည်းပညာ နဲ့ ပေါင်းစပ်ရေအောက်စွမ်းဆောင်ရည်တွေ တိုးတက်အောင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ကျွန်တော်တို့ခိုင်ခိုင်မာမာ ဆက်ပြီးအားထုတ်ကြိုးပမ်းသွားမှာပါ ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ဩစတြေးလျနိုင်ငံအား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောထောက်ပံ့ပေးခြင်း ကတိကဝတ်နှင့်အတူ အဆိုပါ သုံးနိုင်ငံက အော့ကပ်စ် (AUKUS) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာချိန်တွင် ယင်းလုပ်ရပ်အပေါ် ပြင်သစ်နိုင်ငံက “ နောက်ကြောကိုဓားထိုးခံရခြင်း” ဟူ၍ ဒေါသတကြီး ထုတ်ဖော်ပြောကြားခဲ့သည်။ “ဘာကြောင့်လဲဆိုတော့ ကြိုတင်အသိပေးမှုမလုပ်ဘဲ ပြင်သစ်နဲ့သဘောတူညီထားတဲ့ သမာရိုးကျရေငုပ်သင်္ဘောသဘောတူညီချက်ကို ကမ်ဘာရာ(ဩစတြေးလျ)နိုင်ငံဖက်က ရုတ်တရက်ပယ်ဖျက်လိုက်လို့ပါပဲ”ဟု ပြင်သစ်နိုင်ငံက ဆိုသည်။

ဆက်လက်၍ အော့ကပ်စ်သည် မဟာအင်အားကြီးနိုင်ငံများအကြား လက်နက်အပြိုင်တပ်ဆင်မှုကို ဖန်တီးခဲ့ခြင်းလည်းဖြစ်ရာ ယင်းကြောင့်အရှေ့တောင်အာရှဒေသ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိမ့်မည်ဖြစ်ကြောင်း ဝေဖန်မှုရှိနေသည်။
အဆိုပါ သုံးနိုင်ငံမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီးပြီးခြင်းမှာပင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက “ ဒေသတွင်းမှာ လက်နက်အပြိုင်တပ်ဆင်မှုနဲ့ အင်အားတည်ဆောက်မှုတွေ ဆက်လက်ဖြစ်ပွားလာမှာကို နက်နက်နဲနဲစိုးရိမ်ပူပန်မိပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

တစ်ချိန်တည်းလိုလိုမှာပင် မလေးရှားနိုင်ငံဝန်ကြီးချုပ် Ismail Sabri Yaakob က နျူကလီးယား-စွမ်းအင်သုံးရေငုပ်သင်္ဘောစီမံကိန်းသည် “ ဒီဒေသထဲမှာ ကျူးကျော်ရန်စမှုူတွေပိုပြီးကြီးမားလာဖို့ အခြားအင်အားကြီးတွေကို ရန်စသလိုမျိုးဖြစ်စေလိမ့်မယ်” ဟူ၍ မှတ်ချက်ပြုခဲ့သည်။(Xinhua)

…………………….
(English Version)

U.S., Britain, Australia to develop hypersonic missiles
WASHINGTON, April 5 (Xinhua) — The United States, Britain and Australia announced Tuesday that they will cooperate on developing hypersonic missiles.
In a joint statement issued after conducting a review of the trilateral defense cooperation, U.S. President Joe Biden, British Prime Minister Boris Johnson and Australian Prime Minister Scott Morrison said they “committed today to commence new trilateral cooperation on hypersonics and counter-hypersonics, and electronic warfare capabilities, as well as to expand information sharing and to deepen cooperation on defense innovation.”
The leaders of the three nations, which formed a security alliance known as AUKUS in September 2021, said the newly announced areas of cooperation “will add to our existing efforts to deepen cooperation on cyber capabilities, artificial intelligence, quantum technologies, and additional undersea capabilities.”
When the three nations announced the creation of AUKUS, under which the United States and Britain promised to arm Australia with nuclear-powered submarines, France considered it “a stab in the back,” because Canberra abruptly abandoned a conventionally powered submarine deal with Paris without prior notice.
In addition, AUKUS also created fears about arms race among great powers that will destabilize the Southeast Asian region.
Shortly after the establishment of the alliance, the Indonesian Foreign Ministry said it was “deeply concerned about the continuing arms race and power projection in the region.”
Around the same time, Malaysian Prime Minister Ismail Sabri Yaakob said the nuclear-powered submarine project could “provoke other powers to take more aggressive action in this region.” Enditem