Connect with us

Europe

“နေတိုးပုံစံ မဟုတ်သော”ဆွေးနွေးမှုအတွက် ယူကရိန်း အသင့်ပြင်ထားကြောင်း ဆို

ယူကရိန်းနိုင်ငံ Irpinရှိ လမ်းများအား ယူကရိန်းစစ်သားများ ပိတ်ဆို့ထားသည်ကို မတ် ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ်၊ မတ် ၇ ရက် (ဆင်ဟွာ)

နေတိုးအဖွဲ့ဝင်နိုင်ငံများက အဖွဲ့အတွင်း ယူကရိန်းပါဝင်ရေး ဆွေးနွေးရန် မပြင်ဆင်ထားကြောင်းနှင့် ကိဗ်က “နေတိုးပုံစံ မဟုတ်သော”ဆွေးနွေးမှုအတွက် အသင့်ပြင်ထားကြောင်း Fox Newsက မတ် ၆ ရက်(တနင်္ဂနွေနေ့)တွင် ဖော်ပြခဲ့သည်။

“နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့တုန့်ပြန်မှုက နေတိုးအဖွဲ့ထဲ ကျွန်တော်တို့ ပါဝင်မှုကို ဆွေးနွေးဖို့ သူ့တို့ မပြင်ဆင်ထားဘူးဆိုတာပါ၊ ယခု ၅ နှစ် သို့မဟုတ် ၁၀ နှစ်အတွင်းမှာ ထည့်ပြောမှာမဟုတ်ပါဘူး။ နေတိုးအဖွဲ့ကို လျှောက်ထားနိုင်ဖို့ တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး၊ ရလဒ်အတွက် တိုက်ပွဲဝင်နေတာပါ ဖြစ်စဉ်အတွက်မဟုတ်ဘူး”ဟု ရုရှားနှင့်ညှိနှိုင်းရေး ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamiaက Fox Newsကို ပြောကြားခဲ့သည်။

“နေတိုးပုံစံမဟုတ်တဲ့ ဆွေးနွေးမှုမျိုး ကျွန်တော်တို့ အသင့်ပြင်ထားတယ်…ဒီကိစ္စကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမယ်၊ ရုရှားနဲ့ နှစ်ဖက်ဆွေးနွေးမှုများအပြင် အခြားမိတ်ဖက်များနဲ့လည်း ဆွေးနွေးသွားဖို့ တံခါးဖွင့်ထားတယ်”ဟု Arakhamiaက ဆိုသည်။ ယူကရိန်းနှင့်ရုရှား၏ နှစ်ကြိမ်ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၃ ရက်တွင် ပြုလုပ်ခဲ့ရာ တတိယအကြိမ်ဆွေးနွေးမှုကို မတ် ၇ ရက် (တနင်္လာနေ့)တွင် ကျင်းပမည်ဟု ခန့်မှန်းထားသည်။ (Xinhua)

……………………….
(English Version)
Ukraine ready to discuss “non-NATO models”
2022-03-07 11:12:21 分类: 政治法律
Ukrainian soldiers set up roadblocks in Irpin, Ukraine, on March 4, 2022. (Photo by Diego Herrera/Xinhua)
“We are ready to discuss some non-NATO models … We are open to discuss such things in a broader circle, not only in bilateral discussions with Russia, but also with other partners,” member of the Ukrainian delegation for talks with Russia told Fox News.
KIEV, March 6 (Xinhua) — NATO countries are not ready to discuss having Ukraine in the organization and Kiev is ready to discuss “some non-NATO models,” Fox News reported on Sunday.
“The response that we are getting from the NATO countries is that they are not ready to even discuss having us in NATO, not for the closest period of five or 10 years. We would not fight for the NATO applications, we would fight for the result, but not for the process,” David Arakhamia, member of the Ukrainian delegation for talks with Russia, told Fox News.
“We are ready to discuss some non-NATO models … We are open to discuss such things in a broader circle, not only in bilateral discussions with Russia, but also with other partners,” Arakhamia was quoted as saying.
Ukraine and Russia held two rounds of talks on Feb. 28 and March 3, and are expected to have the third round of talks on Monday. ■