Connect with us

Europe

ရုရှားနှင့် ကုန်သွယ်ရေး တရားဝင်ရပ်ဆိုင်းရန် ယူကရိန်း သမ္မတ ညွှန်ကြား

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား ၂၀၂၁ ခုနှစ် မေ ၂၀ ရက်က ကိဗ်မြို့ရှိ ရုံးခန်း၌ တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ရုရှားနိုင်ငံနှင့် ယူကရိန်းကုန်သွယ်ရေး တရားဝင်ရပ်ဆိုင်းရန် အစိုးရအား ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးက ဧပြီ ၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အမှန်တကယ်တွင်မူ ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံကြား သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများသည် ပဋိပက္ခ စတင်ချိန်ကတည်းက လုံးဝရပ်ဆိုင်းသွားခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယူကရိန်းနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းအရ ၂၀၂၁ ခုနှစ်အတွင်း ယူကရိန်းနှင့် ရုရှားကြား ကုန်သွယ်မှုမှာ တစ်နှစ်ထက်တစ်နှစ် ၃၈.၇ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၀.၀၉ ဘီလီယံ မြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့်မူ ၄၅.၀၉ ရာခိုင်နှုန်းဖြင့် ဒေါ်လာ ၆.၆၅ ဘီလီယံ မြင့်တက်လာခဲ့သလို ပို့ကုန်များမှာလည်း ၂၆.၅ ရာခိုင်နှုန်းဖြင့် ဒေါ်လာ ၃.၄၄ ဘီလီယံ တိုးတက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Ukrainian president orders formal halt of trade with Russia
Source: XinhuaEditor: huaxia2022-04-07 03:33:47

KIEV, April 6 (Xinhua) — Ukrainian President Volodymyr Zelensky instructed the government to formalize the cessation of Ukraine’s trade with Russia, the presidential press service said in a statement Wednesday.

In fact, import and export operations between Ukraine and Russia have been completely terminated since the start of the conflict, the statement said.

According to Ukraine’s Fiscal Service, Ukraine saw a 38.7 percent year-on-year growth in trade with Russia in 2021 with a value of 10.09 billion U.S. dollars. Exports grew by 26.5 percent to 3.44 billion dollars, while imports increased by 45.9 percent to 6.65 billion dollars. ■
Photo : Ukrainian President Volodymyr Zelensky attends a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. Zelensky believes a meeting with Russian President Vladimir Putin would help to put an end to the seven-year-conflict in Donbass, the Ukrainian president’s press service reported on Thursday. (Photo by Sergey Starostenko/Xinhua)