Connect with us

North America

အမေရိကန်နိုင်ငံရှိ အမျိုးသမီးအကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရကြောင်း အေပီသတင်းဌာနဖော်ပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့Times Square ရှိ ဝင်ပေါက်အား လုံခြုံရေးတာဝန်ယူနေသော ရဲအရာရှိများအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဒပ်ဘလင်မြို့ရှိ ဗဟိုအမျိုးသမီးအကျဉ်းထောင်တစ်ခုရှိ အကျဉ်းသူများက ၎င်းတို့သည် ပြုပြင်ထိန်းသိမ်းရေးအရာရှိများနှင့် ထောင်ဝါဒါများ၏ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ” ကျူးလွန်ခံနေရသည်ဟု ပြောကြားခဲ့ကြောင်း Associated Press (AP) က ဖော်ပြခဲ့သည်။

အကျဉ်းသူများအနေဖြင့် “ထုတ်ဖော်ပြောကြားဖို့ ကြိုးစားကြတဲ့အခါ မကြာခဏ ခြိမ်းခြောက်ခြင်း သို့မဟုတ် အပြစ်ပေးခြင်း ခံနေရကြောင်း” အေပီသတင်းက ဖေဖော်ဝါရီ ၆ ရက်၌ သတင်းဖော်ပြခဲ့သည်။ ထို့ပြင် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့အစည်းရှိ အကျဉ်းသားများနှင့် အလုပ်သမားများက အဆိုပါ အကျဉ်းထောင်ကို “အဓ္ဓမပြုကျင့်သောကလပ်” ဟူ၍ အမည်ပေးထားကြောင်း သိရသည်။

အဆိုပါ အကျဉ်းထောင်များတွင် “လိင်ပိုင်းဆိုင်ရာထိန်းကွပ်မှုမရှိခြင်းနှင့် အဆိပ်ဖြစ်စေသောယဉ်ကျေးမှု” ကို တွေ့ရှိခဲ့ရကြောင်း၊ ဝန်ထမ်းများနှင့်နှင့် အကြမ်းဖက်မှုတွေကို အများပြည်သူများရှေ့မှောက် ပေါ်ထွက်မလာစေရန် ဖုံးကွယ်ပေးမှုများရှိကြောင့် “လိင်ပိုင်းဆိုင်ရာကျူးလွန်မှု” မှာ နှစ်ပေါင်းများစွာ တည်ရှိနေခြင်းဖြစ်ကြောင်း အေပီသတင်းဌာနက ပြောကြားခဲ့သည်။

“လူ ၄ ဦးဖမ်းဆီးခံခဲ့ရသော ဒပ်ဘလင်က ကျူးလွန်မှုတွေဟာ သောကတွေပြည့်ဝနေတဲ့ အကျဉ်းထောင်များ ဗဟိုဗျူရိုအတွက် ကြီးမားသောပြဿနာဖြစ်ပါတယ်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်က အမေရိကန်နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၁၂၂ ခု၌ ဝန်ထမ်းများမှ အကျဉ်းသားများအပေါ် လိင်ပိုင်းရာအကြမ်းဖက်ကျူးလွန်မှု ၄၂၂ ခုရှိခဲ့ပြီး ယင်းအနက် ၄ ဦးကို ထိန်းသိမ်းထားကြောင်းနှင့် ၂၉၀ ဦးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………
(English Version)
U.S. female prisoners suffer sexual abuse: AP
Source: Xinhua| 2022-02-08 11:26:43|Editor:

WASHINGTON, Feb. 7 (Xinhua) — Prisoners at a federal women’s prison in Dublin, California, said they have been subjected to “rampant sexual abuse” by correctional officers and even the warden, reported the Associated Press (AP).
Inmates “were often threatened or punished when they tried to speak up,” the AP reported on Sunday. And prisoners and workers at the federal correctional institution named the jail “The rape club.”
The AP said it found a “permissive and toxic culture” at the prisons, enabling years of “sexual misconduct” by employees and cover-ups that have largely kept the abuse out of the public eye.
“The allegations at Dublin, which so far have resulted in four arrests, are endemic of a larger problem within the beleaguered federal Bureau of Prisons,” said the report.
In 2020, there were 422 complaints of staff-on-inmate sexual abuse across 122 prisons, while four of them were substantiated and 290 are still under investigation, it said. ■

Photo : Police officers stand guard at an entrance to Times Square in New York, the United States, Dec. 31, 2020.(Xinhua/Wang Ying)