Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်း၏ Bakan မျှော်စင်ရှိ ဗုဒ္ဓရုပ်ပွားတော် ၃ ဆူအား ပြန်လည်မွမ်းမံထိန်းသိမ်း

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိ(ပ်) ပြည်နယ်၊ အန်းကောဝပ် ဘုရားကျောင်းရှိ Bakan မျှော်စင်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် ရိုက်ယူထားသော ဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- Apsara National Authority/Handout via Xinhua)

ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ Apsara အမျိုးသားအာဏာပိုင်အဖွဲ့ (ANA) သည် ယခင် ကလည်း ဘုရားတစ်ဆူအား မွမ်းမံထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံ အနောက်မြောက်ပိုင်း၊ ဆီယမ်ရိ(ပ်) ပြည်နယ် ရှိ နာမည်ကြီး အန်းကောဝပ် ဘုရားကျောင်၏ Bakan မျှော်စင်တွင် နောက်ထပ် ဗုဒ္ဓရုပ်ပွားတော် ၃ ဆူအား ပြန်လည်ပြုပြင်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်များ ပြန်လည်ပြုပြင်ရေး ပရောဂျက်အား ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်ခဲ့ပြီး ငါးလအတွင်း အပြီးသတ်ရန် စီစဉ်ထာကြောင်း ANA ၏ ရုပ်ပွားတော်များ ထိန်းသိမ်းရေးနှင့် ကာကွယ်ရေး စောင့်ရှောက်ရေး ဆိုင်ရာ ရှေးဟောင်းသုတေသနဌာနမှ နည်းပညာအရာရှိ Soy Sophearin က ပြောကြားခဲ့သည်။

” Bakan မျှော်စင်က ဗုဒ္ဓရုပ်ပွားတော်တွေ ဟာ သဘာဝ အကြောင်းတရားတွေနဲ့ လင်းနို့တွေရဲ့ ဆီး၊ အစိုဓာတ်နဲ့ ဆားဓာတ်တွေကြောင့် ပျက်စီးခဲ့ပါတယ်’’ ဟု၎င်းကပြောသည်။

ကမ္ဘောဒီးယားပညာရှင်များသည် အဆောက်အအုံအတွင်းသို့ လင်းနို့များဝင်ရောက်ခြင်းကို တားဆီးရန်အတွက် ပိုက်ကွန်အဟောင်းကို ဖယ်ရှားပြီး အသစ်တစ်ခုနှင့် အစားထိုးမည်ဖြစ်ကြောင်း Sophearin မှ ပြောကြားခဲ့ပြီး ပြန်လည်ပြုပြင်ရေး ပြီးဆုံးသောအခါ လင်းနို့များသည် ၎င်းနေရာတွင် ဆက်လက်နေထိုင်နိုင်တော့မည် မဟုတ်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

ယမန်နှစ် နိုဝင်ဘာလတွင် ပညာရှင်များသည် Bakan မျှော်စင်တောင်ဘက်ရှိ ပျက်စီးနေသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား ပြန်လည်ပြုပြင်မှု ပြီးစီးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော Angkor ရှေးဟောင်းသုတေသနဥယျာဉ် သည် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ထည့်သွင်းခြင်းခံရပြီး ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာဖြစ်ကြောင်း သိရသည်။

COVID-19 မတိုင်မီကာလဖြစ်သော ၂၀၁၉ ခုနှစ်တွင် အဆိုပါနေရာသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၂.၂ သန်းဝင် ရောက်ခဲ့ပြီး လက်မှတ်ရောင်းချမှုမှ စုစုပေါင်းဝင်ငွေအမေရိကန်ဒေါ်လာ ၉၉ သန်းရရှိခဲ့ကြောင်း သိရသည်။

ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်သော ၂၀၂၁ ခုနှစ်တွင် အဆိုပါနေရာသို့ နိုင်ငံခြားဧည့်သည် ၁၂,၈၇၃ ဦး ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် ၉၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Angkor ခရီးသွားလုပ်ငန်း မှ ပြောကြားခဲ့သည်။၂၀၂၁ ခုနှစ် တွင် ဘုရားကျောင်း ဝင်ခွင့်လက်မှတ်ရောင်းချရမှုမှ ဒေါ်လာ ၅၂၈,၁၂၁ သာ ရရှိခဲ့ပြီး ၉၇ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Cambodia restores 3 more Buddha statues at Bakan tower of famed Angkor Wat
PHNOM PENH, Feb. 8 (Xinhua) — Cambodia’s Apsara National Authority (ANA) is restoring another three Buddha statues at Bakan tower of the famed Angkor Wat in the northwestern Siem Reap province after the previous one was restored, the authority said has said.
Soy Sophearin, technical officer with the ANA’s Department of Conservation of Monuments and Preventive Archeology, said the restoration project of the Buddha statues began in early February and is scheduled to be completed within five months.
“The Buddha statues in Bakan tower had been damaged by natural factors and bats’ urine, a source of moisture and salinity,” he said.
Cambodian experts will remove an old net and replace it with a new one in order to prevent bats from entering the structure, Sophearin said, expressing hope that the bats will no longer be able to stay at the location when the restoration is completed.
In November last year, the experts also completed the restoration of a ruined Buddha statue in the south of the Bakan tower, he added.
The 401-square km Angkor Archeological Park, inscribed on the World Heritage List of the United Nations Educational, Scientific and Cultural Organization (UNESCO) in 1992, is the kingdom’s most popular tourist destination.
During the pre-COVID-19 era, the site received up to 2.2 million international tourists in 2019, earning a gross revenue of 99 million U.S. dollars in ticket sales.
Amid the pandemic, the site received 12,873 foreign visitors in 2021, down 96.8 percent year-on-year, the Angkor Enterprise said, adding that it earned 528,121 dollars in ticket sales last year, down 97 percent. Enditem