Connect with us

Europe

ရုရှား-ယူကရိန်း တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးပွဲ အရေးပါသော အောင်မြင်မှုမရရှိဘဲ ပြီးဆုံး

ရုရှားကိုယ်စားလှယ်များ နှင့် ယူကရိန်းကိုယ်စားလှယ်များ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ် ၇ ရက်တွင် Belovezhskaya Pushcha ၌ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ မင့်ခ် ၊ မတ် ၈ ရက်(ဆင်ဟွာ)
ဘီလာရုဇ်နိုင်ငံ၌ မတ် ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံ ကိုယ်စားလှယ်များအကြား တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် အရေးပါသော အောင်မြင်မှုရလဒ်များ မရရှိဘဲ ပြီးဆုံးသွားခဲ့ရကြောင်း သိရသည်။

“ နိုင်ငံရေး နဲ့ စစ်ရေးဆိုင်ရာ ရှုထောင့်တွေကို ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်၊ သို့သော်လည်း အခက်အခဲက ရှိနေဆဲပါပဲ ၊ အပေါင်လက္ခဏာဆောင်တဲ့ တိုးတက်မှုတစ်စုံတစ်ရာ နဲ့ပတ်သက်လို့ကတော့ ပြောဖို့ သိပ်ကို စောလွန်းနေပါသေးတယ် ” ဟု ရုရှားဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်လည်းဖြစ် သမ္မတ ဗလာတီမာပူတင်၏ အထူးလက်ထောက်လည်းဖြစ်သူ Vladimir Medinsky က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

ရုရှားဆွေးနွေးသူများသည် အသေးစိတ်တိကျသော သဘောတူညီချက်များအပါအဝင် စာရွက်စာတမ်းများစွာကို ယူဆောင်လာခဲ့ကြောင်း ၊ သို့သော်လည်း ယူကရိန်းဘက်က ယင်းစာရွက်စာတမ်းများကို ချက်ချင်းလက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြောင်း နှင့် ယင်းစာရွက်စာတမ်းအားလုံးကို လေ့လာမှုပြုလုပ်ရန် အလို့ငှာ ၎င်းတို့၏ နေရပ်ဆီသို့ ယူဆောင်သွားကြကြောင်း Medinsky က သတင်းထောက်များအား ပြောကြာခဲ့သည်။

“ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့မျှော်မှန်းထားသလောက် ဆွေးနွေးပွဲကနေ မရခဲ့ပါဘူး ၊ ဒါပေမယ့် နောက်တစ်ကြိမ်ဆွေးနွေးပွဲကြရင် ပိုပြီးအရေးပါတဲ့ ရှေ့ရောက်မယ့်ခြေလှမ်းတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ဘီလာရုဇ်-ပိုလန် နယ်စပ်ရှိ Belovezhskaya Pushcha ၌ သုံးနာရီ နီးပါးကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအပြီးတွင် ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက ဘေးလွတ်ရာသို့ အရပ်သားများကယ်ထုတ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး လူသားချင်းစာနာထောက်ထားမှုစင်္ကြံကို မတ် ၈ ရက်တွင် စတင်လုပ်ဆောင်ရန် ယူကရိန်းဘက်က ရုရှားဘက်အား ကတိပေးခဲ့ကြောင်း ၎င်းကဆိုသည်။
“ လူသားချင်းစာနာထောက်ထားမှု စင်္ကြံတွေရဲ့ သယ်ယူပို့ဆောင်ရေးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရာမှာတော့ တိုးတက်မှုအချို့ရရှိခဲ့ပါတယ်” ဟု ယူကရိန်းသမ္မတရုံး အကြံပေးအဖွဲ့ခေါင်းဆောင် Mykhailo Podoliak က ဆွေးနွေးပွဲအပြီးတွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

“ ဒီနေ့မှာတော့ အခြေအနေကို တိုးတက်ကောင်းမွန်စေတဲ့ အရေးပါတဲ့ ရလာဒ်တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး ၊ ဘယ်လိုပဲဖြစ်ပါစေ ၊ ညှိနှိုင်းဆွေးနွေးမှုတွေကို တစ်ဖန် ဆက်ပြီးလုပ်သွားဖို့ ကျွန်တော်အလေးအနက်တိုက်တွန်းပါ” ဟု ဗီဒီယိုရုပ်သံဖြင့် တွစ်တာလူမှုကွန်ရက်တွင် Podoliak က ပြောကြားခဲ့သည်။(Xinhua)

……………………………………..
(English Version)
Russia, Ukraine end 3rd round of peace talks with no significant results
MOSCOW/MINSK, March 7 (Xinhua) — Russian and Ukrainian negotiators failed to achieve significant results during their third round of peace talks in Belarus on Monday.
“The discussions continued on political and military aspects. However, it remains difficult. It is too early to talk about something positive,” Russian presidential aide Vladimir Medinsky, also the head of the Russian delegation, said following the talks.
Russian negotiators brought a large set of documents, including specific agreements, but the Ukrainian side could not sign them on the spot and took all these documents back home for study, he told reporters.
“To be honest, our expectations from the talks were not met. But we hope that next time we will be able to take a more significant step forward,” Medinsky said after the meeting, which lasted nearly three hours at the Belovezhskaya Pushcha on the Belarus-Poland border.
Both sides addressed the issue of civilian evacuation, and the Ukrainian side assured Russia that the humanitarian corridors will start working on Tuesday, he said.
“There was some positive progress when it comes to improving the logistics of humanitarian corridors,” Mykhailo Podoliak, advisor to the Head of the President’s Office of Ukraine, tweeted after the negotiations.
“Today there were no results that would significantly improve the situation. Nevertheless, I emphasize once again that the consultations will continue,” Podoliak said in a video message posted on Twitter.

Photo taken on March 7, 2022 shows a view of the third round of talks between Russian and Ukrainian delegations at the Belovezhskaya Pushcha. (Belta news agency via Xinhua)