Connect with us

Europe

ရုရှားက တပ်ဖွဲ့ဝင်များကို ကိဗ်၊ ချာနီဟိဗ် လမ်းကြောင်းများမှ အရှေ့ဘက်သို့ ပြောင်းရွှေ့ချထားကြောင်း ယူကရိန်း လုံခြုံရေးအကြီးအကဲပြော

ဒွန်နက်စ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ၊ ကိဗ်နှင့် ချာနီဟိဗ် လမ်းကြောင်းအသီးသီးမှ ယူကရိန်း အရှေ့ပိုင်း ဒေသများဆီသို့ ပြောင်းရွှေ့နေရာချထားကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Oleksiy Danilov က မတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။

ချာနီဟိဗ်နှင့် ကိဗ် လမ်းကြောင်းများရှိ တပ်ဖွဲ့ဝင်အချို့ကို ပြောင်းရွှေ့နေရာချထားခြင်းဖြစ်သည်။ ၎င်းတို့အနက် အချို့မှာ ခွာကိဗ်နှင့် ဒွန်နက်စ် လမ်းကြောင်းတွေမှာ တွေ့ရတယ်” ဟု Danilov ၏ ပြောကြားချက်အား ကိုးကား၍ Ukrinform သတင်းအေဂျင်စီက ဖော်ပြထားသည်။

ယူကရိန်း တပ်ဖွဲ့ဝင်များအပေါ် ရုရှား၏ အသစ်ထိုးစစ်ဆင်မှုသည် Lugansk နယ်မြေအရှေ့ပိုင်း၌ ဖြစ်ဖွယ်ရှိကြောင်း Danilov က ပြောသည်။

ရုရှားနိုင်ငံသည် ကိဗ်နှင့် ချာနီဟိဗ်လမ်းကြောင်းများမှ တပ်ဖွဲ့ဝင်အချို့ကို ရုပ်သိမ်းသွားပြီဖြစ်ကြောင်း ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Olexandr Motuzyanyk က ယင်းနေ့အစောပိုင်း၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ကိဗ်နှင့် ချာနီဟိဗ်အနီး စစ်ရေးလှုပ်ရှားမှုများကို သိသိသာသာ လျှော့ချသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၉ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Russia redeploys troops from Kiev, Chernihiv directions to east: Ukraine’s security chief
Source: Xinhua
Editor: huaxia
2022-03-31 04:03:30
KIEV, March 30 (Xinhua) — Russia is redeploying its troops from Kiev and Chernihiv directions, in the central and northern Ukraine respectively, to Ukraine’s eastern regions, Oleksiy Danilov, the Secretary of the National Security and Defense Council, said Wednesday.
Some personnel, who were in Chernihiv and Kiev directions, are being redeployed. Some of them appear in the Kharkiv and Donetsk directions,” Danilov was quoted as saying by the Ukrinform news agency.
Russia’s new offensive on Ukrainian forces is also possible in the eastern Lugansk area, Danilov said.
Earlier in the day, Ukrainian Defense Ministry’s spokesman Olexandr Motuzyanyk said that Russia has been withdrawing some troops from Kiev and Chernihiv directions.
On Tuesday, Russia’s Defense Ministry announced that Russia decided to significantly reduce military activity near Kiev and Chernihiv. ■

Photo : Photo taken on March 1, 2022 shows armed personnel in Donetsk. (Photo by Victor/Xinhua)