Connect with us

China

တရုတ်နှင့် အမေရိကန် ညီအစ်မမြို့တော်များ ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သမ္မတ ရှီပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့လယ်ရှိ ရော်နယ်ရေဂင်အဆောက်အဦတွင် ၂၀၁၉ ခုနှစ် ပေကျင်းနေ့ ယဉ်ကျေးမှုပွဲတော်အတွင်း ခြင်္သေ့အကတင်ဆက်မှုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပဉ္စမအကြိမ်မြောက် တရုတ်-အမေရိကန် ညီအစ်မမြို့တော်များကွန်ဖရင့်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို နိုဝင်ဘာ ၃ ရက်တွင် ပေးပို့ခဲ့ကြောင်း၊ ညီအစ်မပြည်နယ်များကြားနှင့် ညီအစ်မမြို့တော်များအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်လေးခုအတွင်း အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး အုတ်မြစ်သည် ပြည်သူများတွင် တည်ရှိနေပြီး ခိုင်မာသော အရင်းအမြစ်သည် ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုပေါ်၌ တည်ရှိကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့တွင် ပြုလုပ်သော ကွန်ဖရင့်သို့ ပေးပို့သည့် သဝဏ်လွှာ၌ သမ္မတရှီက ပြောခဲ့သည်။

ညီအစ်မပြည်နယ်များနှင့် မြို့တော်များသည် ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းရေးနှင့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုရှိရေးအတွက် အရေးပါသော ပလက်ဖောင်းများဖြစ်ကြောင်း၊ ယင်းသို့ ပထမဆုံး စတင်သတ်မှတ်ခဲ့သော ၁၉၇၉ ခုနှစ်မှစ၍ ပြည်နယ်/မြို့တော် အစုံ ၂၈၄ ခု ရှိလာပြီဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်-အမေရိကန် ညီအစ်မမြို့တော်များ ကွန်ဖရင့်သည် အရေးပါသော နိုင်ငံတော် ဒေသခွဲအဆင့် ကူးလူးဖလှယ်မှုဆိုင်ရာ အရေးပါသောလုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်ပြီး ညီအစ်မမြို့တော်များကြား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ရှီက အလေးထားပြောခဲ့သည်။
“ပြည်သူများအတွက် စိမ်းလန်းသောမြို့များ တည်ဆောက်အံ့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော ကွန်ဖရင့်ကို တရုတ်ပြည်သူ ပြည်ပချစ်ကြည်ရေးအသင်းနှင့် ကျန်းဆူးပြည်နယ်အစိုးရတို့က ကြီးမှူးကျင်းပခြင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Xi says China, U.S. sister cities cooperation fruitful
BEIJING, Nov. 3 (Xinhua) — Chinese President Xi Jinping sent a message to the fifth China-U.S. Sister Cities Conference on Friday, saying the close cooperation between sister provinces/states and sister cities has been fruitful over the past four decades.
The foundation of China-U.S. relations lies in the people and the source of strength lies in the friendship between the people, Xi said in his message to the conference held in Suzhou in east China’s Jiangsu Province.
Sister provinces/states and sister cities are important platforms for deepening friendship and achieving win-win cooperation, Xi said, noting that 284 pairs have been formed since the first pair was set in 1979.
He stressed that the China-U.S. Sister Cities Conference is an important mechanism for sub-national exchanges and it has played a positive role in promoting the development and cooperation between sister cities.
The conference, themed “Build Green Cities for the People,” is co-hosted by the Chinese People’s Association for Friendship with Foreign Countries and the Jiangsu provincial government.
Photo: A man watches a lion dance performance during the 2019 Beijing Day Cultural Festival at the Ronald Reagan Building in downtown Washington D.C., the United States, on Nov. 22, 2019. (Xinhua/Liu Jie)