Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ထိပ်ဆုံးသုံးသင်းလုံး အနိုင်ရခဲ့သည့် စိတ်လှုပ်ရှားဖွယ် အောက်တိုဘာ ၅ ရက် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များ

အောက်တိုဘာ ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၇ ပွဲစဉ်များတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ သုံးသင်းလုံး အနိုင်ရခဲ့သည့်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။ လီဗာပူးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းအား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေကာ မန်ချက်စတာစီးတီးအသင်းက ဖူလ်ဟမ်အသင်းအား ၃-၂ ဂိုးဖြင့်လည်းကောင်း၊ အာဆင်နယ်အသင်းကလည်း ဆောက်သမ်တန်အသင်းအား ၃-၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိပြီး ထိပ်ဆုံးနေရာအတွက် ဆက်လက်ဖိအားပေးလျက်ရှိသည်။


…..
ဗီလာရီးရဲလ်အား အနိုင်ယူကာ ဘာစီလိုနာအား ဆက်လက်ဖိအားပေးနေသည့် ရီးရဲလ်မက်ဒရစ်
အောက်တိုဘာ ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါ ပွဲစဉ်များတွင် ရီးရဲလ်မက်ဒရစ်အသင်းက ဗီလာရီးရဲလ်အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ်တူရရှိထားသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရွေးချယ်ထားသည့် ဘရာဇီးလက်‌ရွေးစင်အသင်းတွင် ဒဏ်ရာရထားသည့် ဂိုးသမား အယ်လစ်ဆန်၏နေရာ၌ ဝီဗာတန်အား ရွေးချယ်
ချီလီ၊ ပီရူး အသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ယှဉ်ပြိုင်ရန်အတွက် အောက်တိုဘာ ၅ ရက်က ရွေးချယ်ခဲ့သည့် ဘရာဇီး လက်ရွေးစင်အသင်း လူစာရင်း၌ တံကောက်ကြောဒဏ်ရာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည့် အဓိကဂိုးသမား အယ်လစ်ဆန် ဘက်ကာအစား ပါလ်မီးရက်စ်အသင်း၏ ဂိုးသမား ဝီဗာတန်အား ရွေးချယ်ခဲ့သည်။ အယ်လစ်ဆန်မှာ အောက်တိုဘာ ၅ ရက်၌ လီဗာပူးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အသက် ၃၆ နှစ်အရွယ် ဝီဗာတန်မှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၀ ကြိမ် ရွေးချယ်ခံထားရသည်။

WTT China Smash အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများတွင် တရုတ်အားကစားသမားများ ချန်ပီယံဆု ဆွတ်ခူး
အောက်တိုဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) China Smash ပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၌ တရုတ် စားပွဲတင်တင်းနစ်ကစားသမားများဖြစ်သည့် Wang Chuqin ၊ Liang Jingkun တို့က တစ်နိုင်ငံတည်းသား ပြိုင်ဘက်များဖြစ်သည့် Lin Shidong ၊ Lin Gaoyuan တို့အား ငါးပွဲအထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံမှ ကစားသမားအချင်းချင်း ထိပ်တိုက်တွေ့ခဲ့သည့် (WTT) China Smash ပြိုင်ပွဲ အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်၌လည်း Chen Xingtong ၊ Qian Tianyi တို့က ပြိုင်ဘက်ကစားသမားများဖြစ်သည့် Sun Yingsha ၊ Wang Yidi တို့ကို အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့သည်။ (Xinhua)
—————————–
(English Version)
Top three all win in exciting Premier League Saturday
LONDON, Oct. 5 (Xinhua)– Liverpool remain top of the Premier League on Saturday night thanks to a 1-0 win away to Crystal Palace, while Manchester City and Arsenal both won their respective matches to keep up the chase.
…..
Real Madrid win, but problems at bottom for Las Palmas and Valladolid
MADRID, Oct. 5 (Xinhua) — Real Madrid beat Villarreal 2-0 on Saturday night to move level on points with FC Barcelona at the top of La Liga.
…..
Weverton in, Alisson out of Brazil squad for World Cup qualifiers
RIO DE JANEIRO, Oct. 5 (Xinhua) — Palmeiras goalkeeper Weverton was called up to Brazil’s squad on Saturday for World Cup qualifiers against Chile and Peru.
Weverton has been capped 10 times for Brazil. The 36-year-old replaces Alisson Becker, who withdrew from the squad after suffering a hamstring tear in Liverpool’s 1-0 victory at Crystal Palace in the Premier League on Saturday.
…..
WTT China Smash: Chinese paddlers pocket men’s and women’s doubles trophy
China’s Wang Chuqin and Liang Jingkun rallied to a five-set victory against teammates Lin Shidong and Lin Gaoyuan, claiming the men’s doubles title at the World Table Tennis (WTT) China Smash on Saturday.
Meanwhile, Chen Xingtong and Qian Tianyi overcame Sun Yingsha and Wang Yidi in four sets in an all-Chinese women’s doubles final.
…..

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.