Connect with us

Europe

ပိုလန်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ပဉ္စမလှိုင်းဖြင့် ရင်ဆိုင်နေရကြောင်း ဝန်ကြီးပြော

ဝါဆော၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ပိုလန်နိုင်ငံသည် COVID-19 ကပ်ရောဂါ ပဉ္စမလှိုင်းဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၊ ကူးစက်မှုများသည် မကြာမီ စံချိန်တင်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ပိုလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Adam Niedzielski က ဇန်နဝါရီ ၁၇ ရက်တွင် သတိပေးပြောကြားခဲ့သည်။“ကျွန်တော်တို့နိုင်ငံမှာ ကပ်ရောဂါရဲ့ ပဉ္စမလှိုင်းခံစားနေရပြီးသားပါ။ ဖေဖော်ဝါရီ လလယ်မှာ ကူးစက်မှုဟာ အထွဋ်အထိပ်ရောက်မယ်လို့ ခန့်မှန်းရပြီး အဲဒီအချိန်မှာ တစ်ရက်ကို ၆၀,၀၀၀ လောက် ကူးစက်ခံရဖို့ရှိမယ်လို့ ခန့်မှန်းထားပါတယ်”ဟု Niedzielski က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပိုလန်နိုင်ငံ၌ ဇန်နဝါရီ ၁၇ ရက်တွင် အတည်ပြုလူနာအသစ် ၁၀,၄၄၅ ဦးရှိခဲ့ပြီး COVID-19 နှင့်ဆက်စပ်သည့် ထပ်မံသေဆုံးသူ လေးဦးရှိကာ တစ်နိုင်ငံလုံးတွင် စုစုပေါင်းကူးစက်မှုအရေအတွက်မှာ ၄,၃၂၃,၄၈၂ ဦးနှင့် သေဆုံးသူစုစုပေါင်း၁၀၂,၃၀၉ ဦးအထိ ရှိလာကြောင်း သိရသည်။

၎င်းတို့၏ အကြံပြုချက်များကို အစိုးရက အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သဖြင့် COVID-19 မူဝါဒဆိုင်ရာ အကြံဉာဏ်ပေးအဖွဲ့ဝင် ၁၇ ဦးအနက် ၁၃ ဦးသည် ပြီးခဲ့သော သီတင်းပတ်တွင်ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ အကြံပေးအဖွဲ့အသစ်ကို ဖွဲ့စည်းပြီး မတူညီသောပုံစံဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး Niedzielski ကဆိုသည်။ (Xinhua)

………………………………………………
(English Version)

Poland hit by 5th wave of COVID-19 pandemic: minister

WARSAW, Jan. 17 (Xinhua) — Poland’s Health Minister Adam Niedzielski said on Monday that the fifth wave of the COVID-19 pandemic has come to the country, warning that infections could soon hit record levels.

“We already have the fifth wave of the pandemic … We predict that infections will peak in mid-February and that peak will be at about 60,000 cases a day,” Niedzielski told a press conference.

Poland on Monday reported 10,445 new infections and four more deaths related to COVID-19, bringing the country’s total number of cases to 4,323,482 and fatalities to 102,309.

Last week, 13 of the 17 members of the government’s medical council that gives advice on COVID-19 policies resigned, citing inaction of the government.

Niedzielski said that a new advisory body will be established and operate in a different form. Enditem