Connect with us

Europe

Belaruskali ကုမ္ပဏီအား ပိတ်ဆို့အရေးယူမှုများ ရှုပ်ထွေးမှုအတွင်း လစ်သူယေးနီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ဗွီနီးယက်စ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ဘီလာရုစ်နိုင်ငံ၏ ဓာတ်မြေဩဇာထုတ်လုပ်လုပ်ရေးအား အရေးယူပိတ်ဆို့ထားသော်လည်း အငြင်းပွားဖွယ် Belaruskali ထုတ်ကုန်များအား လစ်သူယေးနီးယားနိုင်ငံမှတစ်ဆင့် သယ်ယူပို့ဆောင်နေသည့်ကြားမှ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis က ဒီဇင်ဘာ ၁၀ ရက်၌ ရာထူးမှနုတ်ထွက်စာ တင်ခဲ့ကြောင်း သိရသည်။ဘီလာရုစ်နိုင်ငံ အစိုးရပိုင် ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ပိုတက်ရှ် (potash) အများဆုံး ထုတ်လုပ်မှုများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၎င်း၏ ထုတ်လုပ်မှု အများစုကို လစ်သူယေးနီးယားမှတစ်ဆင့် တင်ပို့ကြောင်း သိရသည်။

Belaruskali ကုမ္ပဏီအား ဒီဇင်ဘာ ၈ ရက်တွင် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ စတင်ခဲ့ကြောင်း၊ ကုန်သွယ်ရေးဘဏ်များက နိုင်ငံ၏ ငွေကြေးဆောင်ရွက်မှုများ ရပ်တန့်ချိန်မှစ၍ နိုင်ငံအတွင်းမှ Belaruskali ၏ ဖြတ်သန်းတင်ပို့မှုအား ယင်းနေ့တွင်ပင် ရပ်ဆိုင်းရန်လည်း လစ်သူယေးနီးယား အာဏာပိုင်များက လက်ခံခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပိတ်ဆို့အရေးယူမှုမစတင်မီ Belaruskali က ကြိုတင်ငွေပေးချေထားပြီးဖြစ်သောကြောင့် Klaipeda ဆိပ်ကမ်းသို့ သင်္ဘောတင်ပို့မှုများမှာ နောက်ထပ်လများစွာအထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံပိုင် Lithuanian မီးရထားဌာနမှ ပြောကြားခဲ့သည်။

Landsbergis က ကနဦးတွင် လုံးဝမသိရှိကြောင်း ငြင်းဆိုသော်လည်း မီးရထားကုမ္ပဏီကမူ နိုင်ငံခြားရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒီဇင်ဘာ ၉ ရက်တွင် Landsbergis က ၎င်းအနေဖြင့် ရာထူးမှဆင်းရန် အဆင်သင့်ဖြစ်နေပြီဟ ုပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ၎င်းအားပြောကြားလာပါက ရာထူးမှဆင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး Marius Skuodis ကလည်း အရိပ်လက္ခဏာပြပြောကြားခဲ့သည်။

လစ်သူယေးနီးယားဝန်ကြီးချုပ် Ingrida Simonyte က ၎င်း၏ဆုံးဖြတ်ချက်ကို လာမည့်သီတင်းပတ်အစောပိုင်းတွင် ကြေညာမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(English Version)

Lithuanian FM resigns over Belaruskali sanctions debacle

VILNIUS, Dec. 10 (Xinhua) — Lithuanian Foreign Minister Gabrielius Landsbergis submitted Friday his resignation amid the controversy of Belaruskali products being transported via Lithuania despite the U.S. sanctions against Belarus’ fertilizer manufacturer.

The Belarusian state-owned company is one of the biggest potash producers in the world, and it exports most of its production via Lithuania.
The U.S. introduced sanctions on Belaruskali on Dec. 8 and Lithuanian authorities assumed that Belaruskali’s transit across the country would cease on the same day, since commercial banks stopped processing the company’s transactions.

However, state-owned Lithuanian Railways said the shipments to the port of Klaipeda would continue for another several months, as Belaruskali had paid in advance before the sanctions came into effect.

The railway company said the Foreign Ministry and the Transport Ministry had been informed about the situation, although Landsbergis initially denied any knowledge of it.
On Thursday, Landsbergis said he was ready to step down.

Transport Minister Marius Skuodis has also signaled he was ready to step down if the prime minister asked him to.
Lithuanian Prime Minister Ingrida Simonyte said on Thursday she would announce her decision early next week. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.