Connect with us

Europe

“Checkmate” ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်သစ်ကို ရုရှားက ပထမဆုံးထုတ်ဖော်ပြသ

မော်စကို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့စွန်၌ ဇူလိုင် ၂၀ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာလေကြောင်း နှင့်အာကာသဝန်ဆောင်မှုပြပွဲ (MAKS)-2021 တွင် ၎င်းတို့၏ ပဉ္စမမျိုးဆက် အပေါ့စား အင်ဂျင်တစ်လုံးတပ် ဂျက်တိုက်လေယာဉ် “Checkmate” ကို ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။လေယာဉ်တစ်စင်းလုံးကို အပြည့်အဝ နောက်ဆုံးပေါ်နည်းပညာသစ်ဖြင့်တီထွင်ဖန်တီးထားပြီး မြင်နိုင်စွမ်းလျော့ကျစေရန် ကိုယ်ထည်ရောင် ခပ်မှိန်မှိန် ၊ အမြင့်ဆုံးပျံသန်းမှုစွမ်းဆောင်ရည် နှင့် လေယာဉ်မှူးအတွက် ဉာဏ်ရည်တုနည်းပညာအထောက်အကူပြုစနစ်များ တပ်ဆင်ပေးထားကြောင်း ယင်းလေယာဉ်အား တီထွင်ထုတ်လုပ်ပေးခဲ့သည့် ရုရှားနိုင်ငံ၏ နိုင်ငံပိုင် အဆင့်မြင့်နည်းပညာထုတ်လုပ်ရေးကုမ္ပဏီ Rostec က ဆိုသည်။

“Checkmate” ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်သစ်တစ်စင်းကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ခင်းကျင်းပြထားစဉ်(ဆင်ဟွာ)

စစ်တုရင်ပွဲသိမ်းကွက်“Checkmate” ဟုအမည်ပေးထားသည့် အဆိုပါ ပဉ္စမမျိုးဆက်တိုက်လေယာဉ်သည် ရုရှားနိုင်ငံ၏ ပဉ္စမမျိုးဆက် အကြီးစား အင်ဂျင်နှစ်လုံးတပ် Su-57 ဖိုက်တာ ဂျက်တိုက်လေယာဉ်တွင် အသုံးပြုထားသော အင်ဂျင် နှင့် လေယာဉ်ပျံသန်းရေးအီလက်ထရောနစ်နည်းပညာများကို ထည့်သွင်းအသုံးပြုထားကြောင်း ၊ ယင်းမှာ ဂျက်လေယာဉ်သစ် တီထွင်ထုတ်လုပ်မှုကို ပိုမိုလျင်မြန်ထိရောက်စေကြောင်း Rostec ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Sergei Chemezov က ပြောကြားခဲ့သည်။

“Checkmate” ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်သစ်တစ်စင်းကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ခင်းကျင်းပြထားစဉ်(ဆင်ဟွာ)

Checkmate ဂျက်လေယာဉ်တစ်စင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၅ သန်း မှ သန်း ၃၀ အထိ ရှိနိုင်ပြီး နိုင်ငံတကာ စစ်လက်နက်တင်ပို့မှုဈေးကွက်တွင် လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“Checkmate” ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်သစ်တစ်စင်းကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ခင်းကျင်းပြထားစဉ်(ဆင်ဟွာ)

“Checkmate” ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်သစ်တစ်စင်းကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ခင်းကျင်းပြထားစဉ်(ဆင်ဟွာ)

“Checkmate” ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်သစ်တစ်စင်းကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ခင်းကျင်းပြထားစဉ်(ဆင်ဟွာ)

“Checkmate” ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်သစ်တစ်စင်းကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်က ခင်းကျင်းပြထားစဉ်(ဆင်ဟွာ)

အဆိုပါတိုက်လေယာဉ်များကို ဝယ်လက်များဆီသို့ ပထမဆုံးမတင်ပို့မီ ၅ နှစ်ခွဲခန့်အချိန်ယူရမည်ဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် Checkmate ဂျက်တိုက်လေယာဉ်ပထမဆုံးထုတ်ဖော်ပြသခဲ့သည့် MAKS လေကြောင်းပြပွဲသို့ ဇူလိုင် ၂၀ ရက်က သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။(Xinhua)

————————————
(English Version)

Russia unveils new fifth-generation fighter

MOSCOW, July 20 (Xinhua) — Russia displayed a prototype of its fifth-generation lightweight single-engine fighter jet “Checkmate” at the International Aviation and Space Salon (MAKS)-2021 that kicked off in a Moscow suburb on Tuesday.

The “completely new” aircraft boasts low visibility, high flight performance, and artificial intelligence assistance for the pilot, said Russia’s high-tech conglomerate the Rostec State Corporation, which is developing the plane.

The Checkmate will use the same engine and avionics as Russia’s fifth-generation heavyweight twin-engine fighter Su-57, which ensures the speedy development of the new jet, Rostec CEO Sergei Chemezov said.

A Checkmate will cost 25-30 million U.S. dollars, making it relatively affordable on the international weaponry market, he added.

It will take five and a half years before the first delivery of the fighters to customers, according to local media reports.
Russian President Vladimir Putin visited the prototype of the Checkmate at the MAKS aerospace show on Tuesday.

Photos – A prototype of the fifth-generation fighter jet “Checkmate” is on display in a Moscow suburb, Russia, on July 20, 2021.