Connect with us

Asia

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မည် မဟုတ်ဟုဆို

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်သော အခမ်းအနားတစ်ခု၌ တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte)က လာမည့်လတွင် ကျင်းပပြုလုပ်မည့် အမေရိကန်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့အကြား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖိတ်ကြားချက်အား ငြင်းဆိုခဲ့ကြောင်း သိရသည်။ဧပြီ ၂၇ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အစိုးရအဖွဲ့ဝင်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် နှင့် အာဆီယံဆွေးနွေးမှုအား တက်ရောက်ရန် ဖိတ်ကြားချက်အား လက်ခံရရှိခဲ့ကြောင်း ၊ သို့သော် အသစ်ရွေးချယ်ခံရသည့် ဖိလစ်ပိုင်သမ္မတတစ်ဦး ရှိလာတော့မည် ဖြစ်ပြီး ယင်းထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားမည့် မည်သို့သော သဘောတူညီချက် သို့မဟုတ် ကတိကဝတ် မျိုးကိုမဆို လာမည့်ဖိလစ်ပိုင်အစိုးရအဖွဲ့သစ်အနေဖြင့် ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ သမ္မတအသစ်တယောက် ရှိနေပြီဆိုတာ သိထားတော့ အဲဒီကို သွားဖို့ မကောင်းပါဘူး။”ဟု သမ္မတ ဒူတာတေးက ပြောကြားခဲ့သည်။

ဇွန်လတွင် ၆ နှစ် သက်တမ်းကုန်ဆုံးမည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး၏ နေရာ၌ ဆက်ခံရန် သမ္မတအသစ်တစ်ဦးအား မေလ ၉ ရက်တွင် ရွေးချယ်သွားကြမည် ဖြစ်သည်။ သမ္မတဒူတာတေးသည် ၂၀၁၆ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတအား ၆ နှစ်သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ရန် ခွင့်ပြုထားကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးရာဌာနက ထိပ်သီးအစည်းအဝေးအား မည်သူတက်ရောက်မည် ဆိုသည်ကို တရားဝင်ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိပေ ။ ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် ၎င်း၏ရာထူးသက်တမ်းအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အာဆီယံအသင်းကို ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Philippine President Duterte to skip U.S.-ASEAN summit
MANILA, April 27 (Xinhua) — Philippine President Rodrigo Duterte has refused the invitation of U.S. President Joe Biden to attend the summit between the United States and the Association of Southeast Asian Nations (ASEAN) next month.
In a taped meeting with some members of the Cabinet aired on Wednesday, Duterte said he received an invitation to attend an ASEAN “dialogue” with Biden, but there would be a newly elected Philippine president and the next administration may not like any “agreement” or “commitment” to be discussed in the meeting.
“It’s not good to go there knowing we already have a new president,” Duterte said.
On May 9, Filipinos will elect a new president to succeed Duterte, whose six-year term ends in June. Duterte was elected president in 2016. The Philippine constitution permits the president to serve a single six-year term.
The Philippines’ Department of Foreign Affairs has not issued an official statement on who will attend the summit. Duterte never visited the United States during his term in office.
ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand, and Vietnam. ■
Photo – Philippine President Rodrigo Duterte welcomes the arrival of the shipment of the Sinovac vaccine CoronaVac at a Philippine Air Force base in Manila, the Philippines on Feb. 28, 2021.
A batch of Sinovac vaccine CoronaVac donated by China arrived in the Philippines on Sunday, the first COVID-19 vaccine to reach the Southeast Asian country.
The delivery of the vaccines allows the Philippines to start mass vaccinations soon, marking a new phase in the country’s fight against the COVID-19 that infected 576,352 and killed 12,318. (Xinhua/Rouelle Umali)