Connect with us

Asia

သီရိလင်္ကာနိုင်ငံ သမ္မတ က ပါတီအားလုံးပါဝင်သောအစိုးရ ဖွဲ့စည်းရန် အသင့်ရှိကြောင်း ပြောကြား

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် လျှပ်စစ်မီးပြတ်တောက်စဉ် ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်မြင်ကွင်းအား ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က လွှတ်တော်တွင် ကိုယ်စားပြုထားသော နိုင်ငံရေးပါတီများဖြင့် ပါတီအားလုံးပါဝင်သောအစိုးရတစ်ရပ် ဖွဲ့စည်းရန် အခြေခံအရဆန္ဒရှိကြောင်း အစိုးရနှင့် ပေါင်းစည်းထားသည့် နိုင်ငံရေးပါတီခေါင်းဆောင်များအား ဧပြီ ၂၇ ရက်၌ ပြောကြားခဲ့သည်။၎င်းပါတီအားလုံးပါဝင်သော အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့် အချက်အလက်များမှာ ဆွေးနွေးမှုများပြီးစီးမှုပေါ် မူတည်၍ သဘောတူသွားမည်ဖြစ်ကြောင်း သမ္မတ က ဆိုသည်။

အဆိုပြုထားသည့် ပါတီအားလုံးပါဝင်သော အစိုးရအဖွဲ့သည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ နုတ်ထွက်ပြီးနောက် တည်ထောင်လာနိုင်ဖွယ်ရှိကြောင်း Rajapaksa က ပြောခဲ့သည်။

ထို့ပြင် သမ္မတက အနိုင်ရညွန့်ပေါင်းအဖွဲ့ နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များကိုလည်း ဧပြီ ၂၉ ရက် အစည်းအဝေး၌ ဖိတ်ခေါ်ထားကြောင်း သိရသည်။

အနိုင်ရညွန့်ပေါင်းအဖွဲ့ နိုင်ငံရေးပါတီများစွာနှင့် ဘာသာရေးခေါင်းဆောင်များက နိုင်ငံအတွင်း ရင်ဆိုင်နေရသော စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းအား အဖြေရှာရန် နည်းလမ်းတစ်ရပ်အဖြစ် ပါတီအားလုံးပါဝင်သောအစိုးရအဖွဲ့ ဖွဲ့စည်းရန် တိုက်တွန်းထားကြခြင်းဖြစ်သည်။ (Xinhua)

#SriLanka, #All_PartyGov’t, #President, #Xinhua, #Myanmar, #XinhuaMyanmar, #သီရိလင်္ကာ, #ပါတီအားလုံးပါဝင်သောအစိုးရအဖွဲ့, #သမ္မတ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………
(English Version)
Sri Lankan president says ready to establish all-party gov’t
2022-04-27 16:35:32 Category:Politics, Law
COLOMBO, April 27 (Xinhua) — Sri Lankan President Gotabaya Rajapaksa on Wednesday told the leaders of political parties aligned with the government that he is in principle willing to form an all-party government with the political parties represented in parliament.
The president said that the structure, the tenure and the portfolios of this all-party government have to be agreed upon after discussions.
The proposed all-party government is to be established after the resignation of the prime minister and the cabinet of ministers, Rajapaksa said.
The president has invited the leaders of political parties of the ruling coalition for a meeting on Friday.
Several political parties of the ruling coalition and religious leaders have urged the president to establish an all-party government to find a way out of the economic and political crisis facing the country. Enditem
Photo : Photo taken on April 1, 2022 shows the exterior view of a shopping center during the power cut in Colombo, Sri Lanka. Sri Lanka declared an islandwide curfew from 6 pm Saturday to 6 am Monday as the country faced a severe power crisis and rising inflation. [Photo/Xinhua]

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.