Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ တပ်မတော်၏ နှစ် ၉၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲ ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့၌ ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် ပါတီညီလာခံအထိမ်းအမှတ် စစ်ရေးပြပွဲအား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် တွေ့ရစဉ်(KCNA/Handout via Xinhua)

ပြုံးယမ်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) ၏ မြို့တော် ပြုံးယမ်းမြို့လယ်ရှိ Kim Il Sung ရင်ပြင်၌ ဧပြီ ၂၅ ရက်ညပိုင်းတွင် ကိုရီးယားပြည်သူ့တပ်မတော်(KPA) ထူထောင်ခြင်း နှစ် ၉၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ကြီးကျယ်ခမ်းနားသော စစ်ရေးပြပွဲတစ်ခုအား ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဧပြီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။ကိုရီးယားအလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူး ကင်ဂျုံအန်က သွေးစည်းမှု ၊ တော်လှန်ရေးရှေ့ပြေးများ၏ အဖိုးထိုက်တန်သောဝိညာဉ်တို့နှင့်အတူ မြောက်ကိုရီးယားလက်နက်ကိုင်တပ်ဖွဲ့ဝင် အရာရှိ ၊ စစ်သည်များအားလုံး၏ နှလုံးသားတွင် တည်ရှိနေသရွှေ့ ဆိုရှယ်လစ်အရေးသည် အနာဂတ်တွင် အမြဲတမ်းအောင်မြင်လိမ့်မည် ဖြစ်ကြောင်း အခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ကင်ဂျုံအန်က နိုင်ငံ၏ အဆုံးမရှိသော ဂုဏ်ကျက်သရေ နှင့် အောင်ပွဲ ၊ ပြည်သူများ၏ သုခချမ်းသာ နှင့် ပျော်ရွှင်မှုတို့အတွက် အပြင်းအထန်ကြိုးပမ်းကြစေရေး အားထုတ်ကြိုးစားကြရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

ကင်ဂျုံအန်က မိန့်ခွန်းပြောကြားပြီးနောက် ဌာနချုပ်များ နှင့် ဌာနများအသီးသီးမှ စစ်သားများသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရင်ပြင်အား ဖြတ်သန်းကာ စစ်ကြောင်းဖြင့်ချီတက်အလေးပြုခဲ့ကြောင်းနှင့်ကောင်းကင်ယံတွင် လေယာဉ်အုပ်စုများက ပျံဝဲခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ကင်ဂျုံအန် အာဏာရရှိချိန်မှစ၍ မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ နှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတို့တွင် ညပိုင်းစစ်ရေးပြပွဲ နှစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုရီးယားပြည်သူ့တပ်မတော်(KPA)ကို ကွယ်လွန်ခဲ့ပြီးသော ထိပ်တန်းခေါင်းဆောင် Kim Il Sung က ၁၉၃၂ ခုနှစ် ဧပြီလ ၂၅ ရက်တွင် တည်ထောင်ခဲ့သည့် ကိုရီးယားပြည်သူ့တော်လှန်ရေးတပ်မတော်(KPRA) ဖြစ်သည်။ KPRA သည် နောက်ပိုင်းတွင် ကြီးထွားလာခဲ့ပြီး အမြဲတမ်းတပ်မတော် သို့မဟုတ် KPA အဖြစ် ၁၉၄၈ ခုနှစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—————————
(English Version)

DPRK holds military parade to marks army’s 90th anniversary
PYONGYANG, April 26 (Xinhua) — A grand military parade was held on Monday night at Kim Il Sung Square in central Pyongyang, the capital of the Democratic People’s Republic of Korea (DPRK), to mark the 90th founding anniversary of the Korean People’s Army (KPA), the official Korean Central News Agency (KCNA) reported on Tuesday.
Kim Jong Un, general secretary of the Workers’ Party of Korea, said during a celebration speech that as long as the hearts of all the officers and men of the DPRK armed forces are pulsating with the thick blood and precious soul of the revolutionary forerunners, the socialist cause will always emerge victoriously in the future.
Kim also called for efforts to struggle for the wellbeing and happiness of the people and the eternal glory and victory of the country, the report said.
After Kim’s speech, columns of soldiers from different departments and commands passed the square one after another, and air squadrons flew over the sky.
Pyongyang has held two military parades at midnight in October 2020 and September 2021 respectively, since Kim took power in 2011.
The predecessor of the KPA was the Korean People’s Revolutionary Army (KPRA) founded by late top leader Kim Il Sung on April 25, 1932. The KPRA later grew into the regular armed forces, or the KPA, in 1948. ■
Photo – Photo provided by Korean Central News Agency (KCNA) on Jan. 15, 2021, shows a military parade commemorating the eighth party congress of the Democratic People’s Republic of Korea (DPRK) held in Pyongyang, the DPRK, Jan. 14, 2021. (KCNA/Handout via Xinhua)