Connect with us

Economy

တရုတ်နိုင်ငံက မောင်းသူမဲ့ မော်တော်ကားကုမ္ပဏီက အငှားယာဉ်ဝန်ဆောင်မှု လိုင်စင်ရရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ Yizhuang တွင် မောင်းသူမဲ့မော်တော်ယာဉ်တစ်စင်း (ယာဘက် ပထမ) စမ်းသပ်ပြေးဆွဲနေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ မောင်းသူမဲ့မော်တော်ကား ကနဦးဖော်ဆောင်ခဲ့သော Pony.ai ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ ယင်းမော်တော်ယာဉ်အမျိုးအစားဖြင့် အငှားယာဉ် လိုင်စင်ရရှိသော ပထမဆုံးကုမ္ပဏီဖြစ်လာကြောင်း သိရသည်။
အဆိုပါ လိုင်စင်ဖြင့် မေလမှစတင်၍ နန်ရှားခရိုင်ရှိ စတုရန်းကီလိုမီတာ ၈၀၀ ကျော်ရှိသော ဧရိယာတွင် အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ယာဉ် အစီးရေ ၁၀၀ ပြေးဆွဲရေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

ထို့ပြင် လာမည့်နှစ်တွင် တရုတ်နိုင်ငံရှိ နောက်ထပ်မြို့ကြီးနှစ်မြို့တွင် အလားတူဝန်ဆောင်မှုများ စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေကျင်းမြို့၌ မောင်းသူမဲ့ မော်တော်ယာဉ်များ စီးပွားဖြစ်ပြေးဆွဲမှုများ စတင်ရန် ခွင့်ပြုချက်ရရှိခဲ့သည်။ တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သော Baidu နှင့်အတူ Pony.ai ကုမ္ပဏီသည် ယင်းသို့ ရှေ့ပြေးဝန်ဆောင်မှုများ စတင်ရန် နိုင်ငံတစ်ဝန်းခွင့်ပြုချက်ရရှိထားသော ပထမဆုံးကုမ္ပဏီများအနက် တစ်ခု ဖြစ်သည်။ (Xinhua)

#China, #Self_DrivingCompany, #TaxiService, #Pony.ai, #License, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #မောင်းသူမဲ့မော်တော်ယာဉ်ကုမ္ပဏီ, #အငှားယာဉ်ဝန်ဆောင်မှု, #လိုင်စင်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(English Version)

Chinese self-driving company licensed to provide taxi service
2022-04-26 13:45:07

BEIJING, April 26 (Xinhua) — Pony.ai, a self-driving start-up in the southern city of Guangzhou, has become the first entity of its kind in China to receive a taxi license.
Beginning in May, the license allows the company to operate 100 autonomous vehicles as taxis in the city’s Nansha District over an area of more than 800 square km, the company said.
It also has plans in the works to launch similar services in two other large Chinese cities next year.
In late 2021, the start-up was authorized to launch commercial trials of its autonomous vehicles in Beijing. Along with Chinese tech giant Baidu, it was among the first companies nationwide permitted to launch such pilot services. Enditem
Photo : An autonomous vehicle (1st R) is in driverless test on a road in Yizhuang of Beijing, capital of China, Oct. 19, 2021. (Xinhua/Peng Ziyang)