Africa & Middle East
ကရာချိတိုက်ခိုက်မှု နောက်ကွယ်ကလူများ တန်ဖိုးကြီးကြီးမားမားပြန်ပေးဆပ်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)
တရုတ်လူမျိုးများ၏ သွေးကို အလဟဿ မြေကျမခံနိုင်ကြောင်း နှင့် ယင်းတိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်နေသူများအနေဖြင့် တန်ဖိုးကြီးကြီးမားမားပြန်လည်ပေးဆပ်ရမည်မှာ ဧကန်မုချဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ တရုတ်နိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။ဧပြီ ၂၆ ရက်က ပါကစ္စတန်နိုင်ငံကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ်အင်စတီကျု့ မှ ကျောင်းကြိုးယာဉ်တစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် တရုတ်လူမျိုး ဆရာသုံးဦး သေဆုံးခဲ့ရပြီး အခြားတရုတ်လူမျိုးဆရာတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ပါကစ္စတန်နိုင်ငံသားအများအပြားလည်း သေဆုံးမှုဖြစ်ပွားခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နှင့် အမျက်ဒေါသအလွန်ထွက်ကြောင်း ၊ ထို့ပြင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် နက်နက်ရှိုင်းရှိုင်းဝမ်းနည်းကြေကွဲရကြောင်း နှင့် ကျန်ရစ်သူမိသားစုများအတွက် များစွာ စာနာထောက်ထားမိပါကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wu Jianghao သည် တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးထံ ချက်ချင်းဖုန်းဆက်ကာ အလွန်တရာစိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးမှုကို ချက်ချင်းလုပ်ဆောင်ရန် ၊ ပြစ်မှုကျူးလွန်သူများအား ဥပဒေကြောင်းအတိုင်း အပြည့်အဝအရေးယူအပြစ်ပေးနိုင်ရန် နှင့် ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်နိုင်သမျှ အစီအမံများအားလုံး ဆောင်ရွက်ပေးရန် နှင့် ထိုကဲ့သို့ သော ဖြစ်ရပ်မျိုး အလားတူ ထပ်မံမပေါ်ပေါက်စေရန် လိုအပ်သော ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Shahbaz Sharif သည် တရုတ်သံရုံးသို့သွားရောက်ကာ ၎င်း၏ ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ပြသခဲ့ပြီး ပါကစ္စတန်နိုင်ငံအစိုးရအနေဖြင့် ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ နက်နက်နဲနဲစုံစမ်းစစ်ဆေး အရေးယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ ပြစ်မှုကျူးလွန်သူများအား ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း နှင့် ပါကစ္စတန်နိုင်ငံရှိ တရုတ်လူမျိုးများ ၊ စီမံကိန်းများ နှင့် အဖွဲ့အစည်းများကို နည်းလမ်းပေါင်းစုံဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပါကစ္စတန်ဝန်ကြီးချုပ် Sharif က သူ၏ အစိုးရအနေဖြင့် ပါကစ္စတန်-တရုတ် ဆက်ဆံရေး ထိခိုက်ပျက်ပြားစေသည့် မည်သည့်အင်အားစုကိုမဆို ဘယ်သောအခါမျှ ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဆင့်ဒ်မြို့ (Sindh) နှင့် ကရာချိမြို့(Karachi) များရှိ ဒေသဆိုင်ရာအာဏာပိုင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်နိုင်ရန် မြို့အနှံ့ ကြီးမားသော ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့သည် အဆိုပါသတ်ဖြတ်မှု ၊ ထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်၍ နောက်ဆက်တွဲအကြောင်းအရာများကို မှန်မှန်ကန်ကန်ကိုင်တွယ်ဖြေရှင်းနိုင်ရန် နှင့် အကြမ်းဖက်တိုက်ခိုက်မှုတွင်ပါဝင်ပတ်သက်သော အဖွဲအစည်းအား ခိုင်ခိုင်မာမာ နှိမ်နင်းမှုပြုလုပ်ရန် ပါကစ္စတန်နိုင်ငံရှိ သက်ဆိုင်ရာ ဌာနများအား တိုက်တွန်းမှုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့ပြင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “ တရုတ်လူမျိုးရဲ့သွေးကို အချည်းအနှီးအလဟဿ မြေကျမခံနိုင်သလို အဲဒီတိုက်ခိုက်မှုနောက်ကွယ်က လူတွေအနေနဲ့ တန်ဖိုးကြီးကြီးမားမား ပြန်လည်ပေးဆပ်ရမှာ ဧကန်မုချပါပဲ” ဟု အလေးအနက်ဆိုခဲ့သည်။ (Xinhua)
————————–
(English Version)
Those behind Karachi terrorist attack will pay price: FM spokesperson
BEIJING, April 27 (Xinhua) – The blood of the Chinese cannot be shed in vain, and those behind this incident will surely pay the price, a Chinese foreign ministry spokesperson on Wednesday made the remarks on the terrorist attack in Karachi, Pakistan.
An explosion ripped through a shuttle passenger van of the Confucius Institute at the University of Karachi on Tuesday, leaving three Chinese teachers dead, one Chinese teacher injured and causing several Pakistani casualties, according to the spokesperson.
China expressed its strong condemnation and great indignation at the attack, as well as deep condolences to the victims and sincere sympathy to the injured and the bereaved families, the spokesperson said.
Chinese Assistant Foreign Minister Wu Jianghao has made an urgent phone call to the Pakistani Ambassador to China to express extremely grave concern. He demanded that the Pakistani side should immediately make thorough investigation of the incident, apprehend and punish the perpetrators to the full extent of the law, and take all possible measures to ensure the safety of Chinese citizens in Pakistan and prevent such incidents from happening again, according to the spokesperson.
After the terrorist attack, Pakistani Prime Minister Shahbaz Sharif visited the Chinese Embassy to express his condolences, saying that the Pakistani government will conduct an in-depth probe into the incident, give exemplary punishment to the perpetrators, and strengthen security of Chinese personnel, projects and institutions in Pakistan in an all-round way.
Sharif said his government will never allow any force to undermine Pakistan-China friendship. Local authorities in Sindh and Karachi have launched a full-scale investigation to hunt down the perpetrators, according to the spokesperson.
The Chinese Foreign Ministry and Chinese diplomatic missions in Pakistan will continue to urge relevant Pakistani departments to handle properly the follow-up matters of those killed, treat the injured, and resolutely crack down on the terrorist organization involved, the spokesperson added.
The spokesperson noted that the blood of the Chinese people should not be shed in vain, and those behind this incident will surely pay the price.
Photo – Security personnel inspect the blast site of the terrorist attack inside a university in Karachi, Pakistan, April 26, 2022.