Asia
တရုတ်-လာအို ရထားလမ်းတွင် ကုန်စည်သယ်ယူပို့ဆောင်မှု တိုးတက်
ဗီယင်ကျန်း ၊ မေ ၄ ရက်(ဆင်ဟွာ)
လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့ နှင့် Luang Namtha ပြည်နယ်တို့အကြား ကုန်စည်ပို့ဆောင်ရေးဘူတာရုံ ၇ ခုဖွင့်လှစ်ပြီးနောက် ဧပြီ ၂၅ ရက်အထိ တရုတ်-လာအို ရထားလမ်းသည် ကုန်စည်တန်ချိန် ၄၄၀,၀၀၀ တန်ကျော် သယ်ဆောင်ခဲ့ကြောင်း သိရသည်။မကြာသေးမီရက်သတ္တပတ်များတွင် ကုန်စည်ပို့ဆောင်သွားလာမှုများသည် သိသိသာသာတိုးလာခဲ့ကြောင်း တရုတ်-လာအို မီးရထားကုမ္ပဏီ၏ ဒုတိယအင်ဂျင်နီယာချုပ် Vongthong Souphanthong ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းနေ့စဉ်ထုတ်သတင်းစာ Vientiane Times က မေ ၄ ရက်တွင် ဖော်ပြခဲ့သည်။
ကနဦးတွင် ကုန်စည်ပို့ဆောင်ရေးဘူတာရုံများအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့ ၊ Luang Namtha ပြည်နယ် ၊ Luang Prabang ပြည်နယ်နှင့် Vientiane ပြည်နယ်ရှိ Vangvieng မြို့တို့တွင်သာ လုပ်ငန်းလည်ပတ်လျက် ရှိခဲ့ရာမှ မကြာသေးမီက Oudomxay ပြည်နယ် နှင့် Vientiane ပြည်နယ် Kasy ခရိုင်တို့၌ ဘူတာရုံများ ဖွင့်လှစ်ခဲ့ပြီးနောက် ပြီးခဲ့သည့်အပတ်တွင် Phonhong ဘူတာရုံအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
South Vientiane နှင့် Vangvieng ဘူတာရုံများအပြင် ဗီယင်ကျန်းပြည်နယ်ရှိ Phonhong ဘူတာရုံသည် ရထားလမ်းတွင် အဓိကကုန်စည်ပို့ဆောင်ရေးအချက်အချာနေရာတစ်ခု ဖြစ်လာရန် သတ်မှတ်ထားပြီး ယင်းစခန်းများအား လာအိုနိုင်ငံအလယ်ပိုင်းမှ ကုန်ပစ္စည်းများ တင်ပို့ရေးအတွက် အသုံးပြုလျက် ရှိကြောင်း သိရသည်။
ရထားဖြင့် သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းအများစုမှာ သံသတ္တုရိုင်း ၊ ရာဘာ နှင့် အခြားကုန်ပစ္စည်းများ ဖြစ်ကြသည်။ လယ်ယာထွက်ကုန်များအား ဇူလိုင်လတွင် စတင်သယ်ယူပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
မီးရထားအော်ပရေတာက မကြာမီကာလအတွင်း ဘူတာရုံ နှင့် ခရီးသွားအွန်လိုင်းတို့တွင် ခရီးသည်များအတွက် လက်မှတ်ရောင်းချရန် စီစဉ်နေကြောင်းလည်း သိရသည်။
တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် နှင့် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံအဖြစ်မှ ကုန်တွင်းချိတ်ဆက်ထားသည့် ဗဟိုချက်တစ်ခုသို့ ၎င်းတို့ကိုယ်တိုင် ပြောင်းလဲရန် လာအိုနိုင်ငံ၏ မဟာဗျူဟာတို့အကြား ချိတ်ဆက်ပေးသည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
ခရီးသည်တင်နှင့် ကုန်တင် လျှပ်စစ်ရထားလမ်းသည် တရုတ်စီမံခန့်ခွဲမှု နှင့် နည်းပညာဆိုင်ရာစံနှုန်းများအား အပြည့်အဝအသုံးပြုခြင်း နှင့်အတူ တည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
Freight transport booms on China-Laos Railway
VIENTIANE, May 4 (Xinhua) — The China-Laos railway has carried more than 440,000 tons of freight as of April 25 following the opening of seven freight stations between Lao capital Vientiane and Luang Namtha province.
Local daily Vientiane Times on Wednesday quoted Deputy Chief Engineer at the China-Laos Railway Company, Vongthong Souphanthong, as saying that freight traffic had increased significantly in recent weeks.
Initially, freight stations were operational only in Lao capital Vientiane, Luang Namtha province, Luang Prabang province and Vangvieng in Vientiane province, but more recently stations have opened in Oudomxay province and in Kasy district, Vientiane province, followed by the opening of Phonhong station last week.
The Phonhong station in Vientiane province is set to become a major freight hub on the railway in addition to South Vientiane and Vangvieng stations, with these facilities being used for the export of goods from central Laos.
Most of the goods transported by rail are iron ore, rubber and other commodities. Agricultural products are scheduled for transport starting in July.
The rail operator is also planning to sell tickets for passenger travel online and at stations in the near future.
The China-Laos Railway is a docking project between the China-proposed Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub.
The electrified passenger and cargo railway is built with the full application of Chinese management and technical standards. ■
Photo – Aerial photo shows a cargo train bound for Vientiane, Laos, departing from Xiaonanya station in Jiangjin District, southwest China’s Chongqing Municipality, March 2, 2022. (Xinhua/Tang Yi)