Connect with us

Europe

မဟာဗျူဟာမြောက်လက်နက် လျှော့ချရေး စာချုပ်သစ် တပ်ဆင်ပစ္စည်းစိစစ်ရေးယန္တရားမှ ယာယီနုတ်ထွက်မည်ဟု ရုရှား ကြေညာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အအုံအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် တပ်ဆင်ပစ္စည်းစိစစ်ရေးယန္တရားမှ ယာယီနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ရုရှား၏သက်ဆိုင်ရာတပ်ဆင်ပစ္စည်းများကို သဘောတူညီချက်ပါ သတ်မှတ်ချက်စိစစ်ရေးလှုပ်ရှားမှုမှ နုတ်ထွက်လိုက်ကြောင်းကို ရုရှားဘက်က သံတမန်ရေးလမ်းကြောင်းမှတစ်ဆင့် အမေရိကန်သို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ရုရှားဘက်က ဤလုပ်ဆောင်ချက်ကို မဖြစ်မနေဆောင်ရွက်ရခြင်းမှာ “ဝါရှင်တန်က လက်ရှိ လက်တွေ့အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိသည့် အခြေအနေမျိုးတွင် စိစစ်ရေးလှုပ်ရှားမှုကို ပြန်လည်လုပ်ဆောင်လိုပြီး အမေရိကန်အတွက် တစ်ဖက်သတ် အားသာချက်ကို ဖန်တီး၍ အမေရိကန်ပိုင်နက်တွင် ရုရှား၏စိစစ်ပိုင်ခွင့်ကို ဖျက်သိမ်းလိုခြင်းဖြစ်တယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့ ၎င်း၏ဝက်ဘ်ဆိုက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တန်းတူညီမျှအခြေခံမူဖြင့် စာချုပ်ဆိုင်ရာယန္တရားများကို တင်းကျပ်စွာ အာမခံထားနိုင်ရန် ရုရှားအနေဖြင့် အစဉ် ကြိုးပမ်းခဲ့သော်လည်း ၎င်းမူများမှာ ယခုအခါ လေးစားလိုက်နာမှု မရရှိခဲ့ကြောင်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။ အမေရိကန်က ရုရှားအပေါ် တစ်ဖက်သတ်ကန့်သတ်အရေးယူမှုများကြောင့် ရုရှား-အမေရိကန်ကြား ပုံမှန် လေကြောင်းသွားလာရေး ပြတ်တောက်ခဲ့သလို အမေရိကန်နှင့်၎င်း၏မဟာမိတ်များက ရုရှားလေယာဉ်များကို လေကြောင်းပိတ်ဆို့မှု စသည်တို့ ပြုလုပ်ကြသည့် တစ်ချိန်တည်းတွင် အမေရိကန် စစ်ဆေးရေးအရာရှိများက ရုရှားဘက်၏အလားတူ တားဆီးမှုမျိုး မခံကြရကြောင်း ဖော်ပြထားသည်။

ရုရှား၏ ဤလုပ်ဆောင်ချက်မှာ ယာယီသာဖြစ်ရာ မဟာဗျူဟာမြောက်လက်နက် လျှော့ချရေး စာချုပ်ရှိ သက်ဆိုင်ရာသတ်မှတ်ချက်များကို ရုရှားဘက်က လိုက်နာသွားမည်ဖြစ်ပြီး ၎င်းစာချုပ်ကို “နိုင်ငံတကာ လုံခြုံရေးနှင့်တည်ငြိမ်ရေး၏အဓိကအကျဆုံး” အဖြစ် ရှုမြင်ကြောင်း အလေးထားဖော်ပြထားသည်။ မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်သစ် သတ်မှတ်သော စိစစ်ရေးလှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဖြေရှင်းပြီးသည့်အခါတွင် ရုရှားဘက်က ယင်းလုပ်ဆောင်ချက်ကို ချက်ချင်း ရုပ်သိမ်းကာ သက်ဆိုင်ရာ စိစစ်ရေးလှုပ်ရှားမှုများကို ဘက်စုံပြန်လည်စတင်ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ်ကို အမေရိကန်-ရုရှား နှစ်နိုင်ငံက ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ရာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် အသက်ဝင်ခဲ့ပြီး သက်တမ်းအားဖြင့် ၁၀ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်-ရုရှား တာလတ်ပစ် နျူကလီးယားစာချုပ်(INF Treaty) ပျက်ပြယ်ပြီးနောက် အဆိုပါစာချုပ်သည် နှစ်နိုင်ငံအကြား တစ်ခုတည်းသော စစ်လက်နက်ပစ္စည်းထိန်းချုပ်ရေးစာချုပ်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ရုရှား-အမေရိကန် နှစ်ဘက်သံတမန် စာလွှာများ လဲလှယ်ခဲ့ပြီး မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်သစ် သက်တမ်းတိုးသည့် သက်ဆိုင်ရာလုပ်ငန်းစဉ်များ ပြီးမြောက်ခဲ့ရာ စာချုပ်မှာ ယင်းနေ့တွင်ပင် အသက်ဝင်လာခဲ့သည်။ မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်သစ် သက်တမ်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ထိ တိုးမြှင့်ခဲ့ရာ စာချုပ်ပါအကြောင်းအရာများ ပြောင်းလဲခြင်းမရှိခဲ့ကြောင်း သိရသည်။ (Xinhua)

#Russia #US #NewSTART #Xinhua #Xinhuamyanmar #ရုရှား #အမေရိကန် #မဟာဗျူဟာမြောက်လက်နက်လျှော့ချရေးစာချုပ်သစ် #ဆင်ဟွာ
———————-
(国际)俄罗斯宣布暂时退出《新削减战略武器条约》的设施核查机制
2022-08-09 04:51:55 分类: 其他
新华社莫斯科8月8日电(记者赵冰)俄罗斯外交部8日说,俄方已通过外交渠道通知美国,决定暂时退出《新削减战略武器条约》的设施核查机制,将相关俄设施从条约所规定的核查活动中撤出。

俄外交部当天在其官网发表声明说,俄方被迫采取这一措施,原因是“华盛顿一直希望在不考虑当前现实条件的情况下重启核查活动,为美国创造单边优势并剥夺俄罗斯在美国领土进行核查的权利”。

声明指出,俄方一直努力确保严格按照对等和平等的原则落实条约有关机制,但这些原则现在没有得到遵守。因为美国对俄实施单边限制措施,俄美之间正常的空中交通中断,美国及其盟友对俄飞机关闭领空等,而与此同时,美国的检查人员并未受到来自俄方的类似阻碍。
声明强调,俄方此项措施是临时性的,俄方致力于遵守《新削减战略武器条约》的有关规定,并视该条约为“维护国际安全与稳定的最重要工具”。在解决恢复《新削减战略武器条约》所规定核查活动涉及的问题之后,俄方将立即取消此项措施,并重新开始全面执行相关核查活动。
《新削减战略武器条约》由美俄两国2010年签署,2011年2月5日生效,有效期10年。美俄《中导条约》2019年失效后,这一条约成为两国间唯一军控条约。2021年2月3日,俄美双方互换外交照会,完成延长《新削减战略武器条约》有效期协议的相关内部程序,协议即日生效。《新削减战略武器条约》有效期延长至2026年2月5日,条约内容保持不变。(完)

1. 这是2021年4月16日在俄罗斯首都莫斯科拍摄的俄外交部大楼资料照片。
新华社发(叶甫盖尼·西尼岑摄)