Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustinတို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် မေ ၂၄ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustinနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် မေ ၂၄ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin မှတစ်ဆင့် သမ္မတ ပူတင်အား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယခုနှစ် မတ်လက မိမိအနေဖြင့် ရုရှားနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်၍ သမ္မတ ပူတင်နှင့်အတူ နောင်ကာလ တရုတ်-ရုရှားဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး အသေးစိတ် အစီအစဉ်များ ရေးဆွဲခဲ့ကြောင်း ၊ တရုတ်-ရုရှား ဆက်ဆံရေး ခိုင်မာ ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်ရန်မှာ ပြည်သူများ၏စိတ်ဆန္ဒဖြစ်သလို ခေတ်ကာလ၏လမ်းကြောင်း ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ နှစ်ဘက်အနေဖြင့် တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအလားလာ ကျယ်ပြန့်အားကောင်းလာသည့် အားသာချက်များဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပို၍ အရည်အသွေးမြင့်မားအောင် တွန်းအားပေးဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းမှု မိတ်ဖက်ဆက်ဆံရေး၏အနက်အဓိပ္ပါယ်ကို ပို၍ ပြည့်စုံစေရန် ဆက်လက် ဆောင်ရွက်သွားလိုကြောင်း ရှီက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustinက သမ္မတ ရှီကျင့်ဖိန်ထံ သမ္မတ ပူတင်၏ နှုတ်ခွန်းဆက်၊ ဆုမွန်ကောင်းတောင်းစကားကို ပြန်လည် ပြောကြားခဲ့သည်။ ယခုနှစ် မတ်လတွင် သမ္မတ ရှီကျင့်ဖိန်၏ သမိုင်းဝင် နိုင်ငံတော် အလည်အပတ် ခရီးစဉ်သည် အလွန်အောင်မြင်မှုရှိရာ ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းမှု မိတ်ဖက်ဆက်ဆံရေး၏ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များက ရရှိထားသော အရေးကြီးသဘောတူညီချက်များကို သေချာ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ပုံမှန် တွေ့ဆုံဆွေးနွေးမှုနှင် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အပြည့်အဝ အသုံးချကာ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာ့ဗဟုအသွင်ပြောင်းမှုဖြစ်စဉ်ကို တွန်းအားပေးဆောင်ရွက်၍ နိုင်ငံတကာ ဥပဒေကို အခြေခံသော နိုင်ငံတကာစနစ်ကို ခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း၊ ရုရှား-တရုတ် ချစ်ကြည်ရေး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားစေရန် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို တစ်ဆင့်တိုး အားဖြည့် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဝမ်ရိ၊ ဟယ်လိဖုန်း ၊ ချင်ကန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

#China #Russia #Diplomacy #တရုတ် #ရုရှား #သံတမန်ရေး
————————–
习近平会见俄罗斯总理米舒斯京
新华社北京5月24日电(记者郑明达)5月24日下午,国家主席习近平在人民大会堂会见来华进行正式访问的俄罗斯总理米舒斯京。
习近平请米舒斯京转达对普京总统的诚挚问候。习近平指出,今年3月,我对俄罗斯进行成功国事访问,同普京总统擘画了今后一个时期中俄关系发展和各领域合作蓝图。巩固好、发展好中俄关系,既是民心所向,也是大势所趋。希望双方继续发挥中俄合作空间大、前景广、动力足的优势,把各领域合作推向更高水平,不断丰富两国新时代全面战略协作伙伴关系的内涵。
米舒斯京转达普京对习近平的亲切问候和良好祝愿,表示,今年3月习近平主席对俄罗斯进行的历史性国事访问非常成功,开辟了俄中全面战略协作伙伴关系的新时代。俄方愿同中方认真落实两国元首达成的重要共识,充分利用两国总理定期会晤及相关合作机制,深化各领域务实合作。俄方愿同中方一道推动世界多极化进程,巩固以国际法为基础的国际秩序。俄方期待同中方进一步加强人文交流,使俄中友好世代相传。
王毅、何立峰、秦刚等参加会见。(完)
1. 5月24日下午,国家主席习近平在北京人民大会堂会见来华进行正式访问的俄罗斯总理米舒斯京。新华社记者 黄敬文 摄