Connect with us

Asia

ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံးလူပေါင်း ၂၃ ဦးသေဆုံး

ထိုင်နိုင်ငံ Suphan Buri ပြည်နယ်အတွင်းရှိ မီးရှူးမီးပန်းထုတ်လုပ်သည့်စက်ရုံ ပေါက်ကွဲမှုဖြစ်သည့်မြင်ကွင်း (ဆင်ဟွာ)

ဘန်ကောက် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

သတင်းမီဒီယာများ၏ဖော်ြပချက်အရ ထိုင်းနိုင်ငံအလယ်ပိုင်း Buri ပြည်နယ်အတွင်းရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုက ဇန်နဝါရီ ၁၇ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၂၃ ဦးသေဆုံးကာ လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်းဖော်ြပချက်အရ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ၁၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုက အနီးပတ်ဝန်းကျင် ၅၀ မှ ၁၀၀ မီတာ အကွာအဝေးထိ ထိခိုက်မှုများဖြစ်ပွားစေခဲ့ကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိရွာသားများ၏ပြောကြားချက်အရ ထိုနေ့က စက်ရုံအတွင်း လူပေါင်း ၂၀ ကျော် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးကသတင်းမီဒီယာများအား ပြန်လည်ဖြေကြားချက်အရ ဝန်ကြီးချုပ်အနေဖြင့် Suphan Buri ပြည်နယ်အစိုးရအား ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသွားကြရန် ညွှန်ကြားထားကြောင်း ၊ ဒဏ်ရာရရှိသူများကို ကောင်းမွန်စွာ ကုသမှုများဆောင်ရွက်ပြီး သက်ရောက်မှုဖြစ်ပွားစေခဲ့သည့် အနီးပတ်ဝန်းကျင်မှရွာသားများကို ကောင်းမွန်စွာ နေရာချထားရန်လိုအပ်ကြောင်း ၊ ဝန်ကြီးချုပ်အနေဖြင့်သက်ဆိုင်ရာဌာနတို့မှ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်သွားပြီး လိုအပ်သည့် ဥပဒေဆိုင်ရာဆောင်ရွက်မှုများ ပြုလုပ်သွားရန် ညွှန်ကြားထားကြောင်းသိရှိရသည်။

သတင်းဖော်ြပချက်များအရ ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်လည်း ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ဖူးပြီး လူ တစ်ဦးသေဆုံးကာ ၃ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)

……………………………..
(Chinese Version)
泰国一烟花厂爆炸致23人死亡
新华社曼谷1月17日电(记者高博 任芊)据当地媒体报道,泰国中部素攀武里府一家烟花厂17日下午发生爆炸,造成至少23人死亡、多人受伤。

据报道,爆炸发生在当地时间15时30分左右,爆炸波及周边50米至100米范围。附近村民表示,当天有20余人在工厂内工作。
泰国总理府对媒体表示,总理赛塔已下令素攀武里府府尹尽快处理善后事宜,救治伤员并妥善安置周边受影响的村民。赛塔还要求有关部门对涉事烟花厂进行调查并采取必要法律措施。

据悉,涉事烟花厂2022年11月曾发生过一次爆炸,导致1名工人死亡、3人重伤。(完)
Photp: 这是1月17日在泰国素攀武里府拍摄的烟花厂爆炸现场(手机照片)。