Connect with us

China

မော်တော်ယာဉ်များကို ရှန်ဟိုင်းဆိပ်ကမ်းမှတစ်ဆင့် ၂၀၂၃ ခုနှစ်တွင် စံချိန်တင် တင်ပို့နိုင်ခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Waigaoqiao ဆိပ်ကမ်းရှိ Shanghai Haitong အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်တင်ပို့မှု ဆိပ်ကမ်း မှ သြစတြေးလျနိုင်ငံသို့ တင်ပို့မည့် Shanghai Automotive Industry Corp (SAIC) မှ ထုတ်လုပ်သော MG အမှတ်တံဆိပ် ကားများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကားများကို ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား မြင့်တက်နေချိန်တွင် ယမန်နှစ်က Shanghai Haitong အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်တင်ပို့မှု ဆိပ်ကမ်းမှ မော်တော်ယာဉ်များကို စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး မော်တော်ကား-ပို့ကုန် ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်သည့် Waigaoqiao ဆိပ်ကမ်းဧရိယာရှိ Haitong ဆိပ်ခံတံတားမှတစ်ဆင့် ၂၀၂၃ ခုနှစ်တွင် မော်တော်ကားအစီးရေ ၁.၀၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းမှာ မော်တော်ကားအစီးရေ ၁ သန်းကျော်အား ၂ နှစ်ဆက်တိုက် တင်ပို့နိုင်ခဲ့သည့် အထိမ်းအမှတ်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန်ဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယမန်နှစ်တွင်ယင်းဆိပ်ခံတံတားမှ ပြည်ပကုန်သွယ်မှု ကားအတက်အဆင်းပြုလုပ်နိုင်သော သင်္ဘော အစင်းရေ ၈၀၀ ကျော် ထွက်ခွာခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမလဝက်အတွင်း Waigaoqiao ဆိပ်ကမ်းဧရိယာမှ ပို့ကုန်ကားအစီးရေ ၅၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒေသဆိုင်ရာ အကောက်ခွန် အာဏာပိုင်များက အကောက်ခွန် ရှင်းလင်းမှုဆိုင်ရာ လွယ်ကူချောမွေ့စေရေး အစီအမံများကို ချမှတ်ခဲ့သည်။

အဆိုပါ ဆိပ်ကမ်းသည် ယမန်နှစ်က တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု အရှိန်အဟုန်မြင့်မားလာသည့် စံနမူနာဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် ကားအစီးရေ ၄.၉၁ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး၊ ၂၀၂၂ ခုနှစ်ကထက် ၅၇.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း တရုတ် မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းမှ သိရသည်။ (Xinhua)

………………………………..
(English Version)
Shanghai pier sees record vehicle exports in 2023
SHANGHAI, Jan. 18 (Xinhua) — Shanghai Haitong International Automotive Terminal handled a record number of exported vehicles last year, amid booming global demand for Chinese cars.
Haitong pier in the Waigaoqiao port area, one of China’s largest auto-export terminals, exported over 1.02 million vehicles in 2023, marking a second straight year of vehicle exports exceeding 1 million units, Shanghai Customs said Wednesday.
The pier saw the departure of over 800 foreign trade ro-ro vessels last year.
The first half of January 2024 also proved busy, with the Waigaoqiao port area handling more than 50,000 exported vehicles during this period. In addition, local customs authorities have introduced measures to facilitate customs clearance.
This busy terminal was the epitome of China’s booming vehicle exports last year. China’s auto exports surged 57.9 percent year on year to a record high of 4.91 million vehicles in 2023, according to the China Association of Automobile Manufacturers. ■
An aerial drone photo taken on July 9, 2023 shows MG cars produced by Shanghai Automotive Industry Corp (SAIC) to be shipped to Australia at Shanghai Haitong International Automotive Terminal in Waigaoqiao of east China’s Shanghai. (Xinhua/Fang Zhe)