Asia
ရုရှား-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲကို ဆော်ဒီအာရေဗျတွင် စတင်ကျင်းပ

ရီယတ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ရုရှားနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် တွေ့ဆုံဆွေးနွေးပွဲ စတင်ကျင်းပခဲ့သည်။
ရီယတ်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှာ ရုရှားဘက်မှ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် သမ္မတလက်ထောက် Yuri Ushakov ၊ အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် သမ္မတ၏ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steve Witkoff တို့ဖြစ်သည်။ ထို့ပြင် ဆွေးနွေးပွဲတွင် ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud လည်း တက်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………
(Chinese Version)
俄美会谈在沙特开始举行
新华社利雅得2月18日电(记者李若琳)俄罗斯和美国代表团18日在沙特阿拉伯首都利雅得开始举行会谈。
俄方参与利雅得会谈的是外交部长拉夫罗夫和总统助理乌沙科夫。美方参与会谈的是国务卿鲁比奥、总统国家安全事务助理华尔兹和总统中东问题特使威特科夫。沙特外交大臣费萨尔也在会议现场。(完)