China
ဘဝတစ်ဝက်ကြာ ပြေးလွှားသွားလာ၍ ရွာသူ၊ ရွာသား သုံးထောင်ကျော်အား ကာကွယ်စောင့်ရှောက်ပေးသူ

ထိုက်ယွမ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
လျှိုမြောင်များစွာရှိသော လိုအက်ကုန်းပြင်မြင့်ထက်တွင် အနည်းငယ်ခါးကိုင်းနေသော အသားမည်းမည်း အမျိုးသားတစ်ဦးသည် ဆေးသေတ္တာကို လွယ်ထား၍ ကွေ့ကောက်နေသော တောင်ပေါ်လမ်းများထက်တွင် ဆိုင်ကယ်စီးနင်းပြီး တောင်တန်းများအကြား သွားလာလျက်ရှိသည်။ ယင်းသည် တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် စီလိုခရိုင် လုံကျောင်းကျေးရွာစု ရှကျွမ်းဟယ်ရွာမှ ကျေးလက်ဆရာဝန် ရှင်းဖိန်၏ ဆေးကုသရေး နေ့စဉ်ဘဝပင်ဖြစ်သည်။
တောင်ပေါ်ရှိအဆိုပါလမ်းများတွင် အသက် ၅၃ အရွယ် ရှင်းဖိန် သွားလာနေသည်မှာ ၃၁ နှစ်ကြာရှိပြီဖြစ်သည်။ သွားလာသည့် ခရီးစဉ်အကွာအဝေးသည် ကီလိုမီတာပေါင်း ၃၀၀,၀၀၀ ကျော်ရှိပြီး စီး၍ ပျက်သွားသည့် ဆိုင်ကယ်မှာ ၆ စီးပင်ရှိသည်။
၁၉၉၄ ခုနှစ် မေလတွင် စီလိုကျန်းမာရေးသင်တန်းကျောင်းမှ ကျောင်းပြီးခဲ့သည့် ရှင်းဖိန်က ရွာပြန်၍ ကျေးလက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ နေ့ညမပြတ်၊ နေပူမိုးရွာမရှောင်၊ ဖုန်းတစ်ချက်ဆက်သည်နှင့် ရှင်းဖိန်က အချိန်မရွေး လာရောက်ကုသပေးပြီး ရွာသူ၊ ရွာသားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့သည်။
ကျေးရွာစုတစ်ခုလုံးတွင် အမြဲတမ်းနေထိုင်သည့် ရွာသူ၊ ရွာသား ၃,၀၀၀ ကျော်ရှိသည်။ မည်သူ့အိမ်တွင် နာတာရှည်ရောဂါဖြစ်သည်၊ မည်သူ့အိမ်ကဆေးများ သောက်နေသည်မှာ ကုန်တော့မည်၊ မည်သည့်အိမ်မှ သက်ကြီးရွယ်အိုက ဆေးခန်းပြန်ပြရန်လိုနေသည်… အားလုံးကို ရှင်းဖိန်စိတ်ထဲတွင် မှတ်သားထားသည်။
ရှင်းဖိန်၏ တိတ်တဆိတ် အစဉ်အမြဲ စောင့်ရှောက်နေမှုသည် ရွာသူ၊ ရွာသားများ၏ လေးစားမှုနှင့် အသိအမှတ်ပြုခြင်း ခံရသည်။ လတ်တလောနှစ်ပိုင်းတွင် ၎င်းက “ပိုင်ချိုအန်းဆုတံဆိပ်” ၊ “တရုတ်နိုင်ငံ ဆရာဝန်ကောင်း တရုတ်နိုင်ငံ သူနာပြုကောင်း လစဉ်ပုဂ္ဂိုလ်” ၊ “လွီလျန်မြို့ အလှပဆုံး ကျေးလက်ဆရာဝန် ၁၀ ဦး” စသည့် ဂုဏ်ပုဒ်များ ရရှိခဲ့သည်။
“ရွာသူ၊ ရွာသားတွေက ကျွန်တော့်ကို ယုံကြည်တယ်၊ ကျွန်တော့်ကို မိသားစုဝင်လို့ သဘောထားတယ်၊ ကျွန်တော် သူတို့စိတ်ပျက်အောင် လုပ်လို့မရဘူး” ဟု ရှင်းဖိန်က ပြန်လည်ဖြေကြားရင်း သွားရောက်ဆေးကုသရန် ဖုန်းကို ဖြေကြားခဲ့သည်။ ထို့နောက် ဆေးသေတ္တာကိုလွယ်၍ ဆိုင်ကယ်စီးကာ တောင်တန်းကြားက ရွာလေးသို့ အပြေးအလွှား မောင်းနှင်သွားပါတော့သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် စီလိုခရိုင် လုံကျောင်းကျေးရွာစု ယန်ရာရွာ၌ ကျေးလက်ဆရာဝန် ရှင်းဖိန် (လက်ဝဲ) က ရွာသားအား စစ်ဆေးမှုလုပ်ဆောင်နေသည်ကို ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် စီလိုခရိုင် လုံကျောင်းကျေးရွာစု ရှကျွမ်းဟယ်ရွာ၌ ကျေးလက်ဆရာဝန် ရှင်းဖိန် (လက်ယာ) က ရွာသားအား ဆေးကုသပေးနေသည်ကို ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
奔走半生,只为护佑三千乡邻
新华社照片,太原,2025年7月28日
千沟万壑的黄土高原上,一个微微驼背、皮肤黝黑的汉子背着药箱,在蜿蜒曲折的山间小路上骑行,往返在大山之间——这是山西省石楼县龙交乡下庄河村乡村医生辛平的出诊日常。
山里这些路,53岁的辛平一走就是31年,行程超过30万公里,车骑坏了6辆。
1994年5月,从石楼卫校毕业的辛平回乡做起了乡村医生。从这时候起,不分白天黑夜、刮风下雨,只要一个电话,辛平随叫随到,守护着村民们的健康。
全乡3000多位常住村民,谁家有人得了慢性病,谁家的药快吃完了,谁家老人需要复诊了……辛平都记在心里。
辛平默默的坚守,得到了村民们的敬重和认可。这些年,他曾荣获“白求恩奖章”“中国好医生中国好护士月度人物”“吕梁市十大最美村医”等荣誉。
“村民相信我,把我当亲人,我不能辜负他们。”辛平边回答,边接起出诊电话,随后背上药箱骑上车,朝着山里的村子疾驰而去。
1、乡村医生辛平在出诊途中(7月23日摄,无人机照片)。 新华社记者 詹彦 摄
2、在石楼县龙交乡阳崖村,乡村医生辛平(左)为村民做检查(7月23日摄)。新华社记者 詹彦 摄
3、在石楼县龙交乡下庄河村,乡村医生辛平(右)为村民看病(4月30日摄)。新华社发(刘亮亮 摄)