Africa & Middle East
တရုတ်နိုင်ငံက ယုံကြည်ရသော၊ အားထားရသော မိတ်ဖက်ဖြစ်သည်ဟု အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ ဆို

အဒစ်အဘာဘာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Mahamoud Ali Youssouf က ဇူလိုင် ၃ ရက်တွင် တရုတ်နိုင်ငံနှင့် အာဖရိကသမဂ္ဂ ဆက်ဆံရေးကို များစွာ ချီးကျူးပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ယုံကြည်ရသော၊ အားထားရသော မိတ်ဖက်ဖြစ်သည်ဟု ယူဆကြောင်း ဆိုခဲ့သည်။
Mahamoud Ali Youssouf သည် ထိုနေ့တွင် အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့ရှိ အာဖရိကသမဂ္ဂရုံးချုပ်၌ အာဖရိသမဂ္ဂအခြေစိုက် တရုတ်သံတမန်အဖွဲ့ခေါင်းဆောင်အသစ် ကျန်ဖုန်းပေးအပ်သော ခန့်အပ်လွှာကို လက်ခံခဲ့သည်။ ၎င်းက အာဖရိကသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ မြှင့်တင်ကာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေခြင်းဖြင့် မသေချာမရေရာသော ကမ္ဘာကြီးအတွက် ပိုမိုများပြားသော သေချာရေရာမှုများ ဖြည့်တင်းသွားလိုကြောင်း ပြောကြားခဲ့သည်။
ကျန်ဖုန်းက တရုတ်နိုင်ငံ အကြီးအကဲ၏ Mahamoud Ali Youssouf အပေါ် ရင်းနှီးစွာနှုတ်ခွန်းဆက်မှုနှင့် ဆုမွန်ကောင်းတောင်းစကားကို ပြောကြားခဲ့သည်။ အာဖရိကသမဂ္ဂအနေဖြင့် အာဖရိကတိုက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်ခြင်း၊ အာဖရိကတိုက် တစ်သားတည်းအသွင်ပြောင်းမှု ဦးဆောင်ခြင်း၊ အာဖရိကတိုက်၏ တရားမျှတသော တိုက်တွန်းသံများ ထုတ်ဖော်ပြောကြားခြင်း စသည့်ကဏ္ဍများ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မှုကို တန်ဖိုးထားချီးကျူးကြောင်း၊ အာဖရိကသမဂ္ဂနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးရလဒ်များအား အတူလက်တွဲ အကောင်အထည်ဖော်ပြီး ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းအား အတူတကွ တည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
非盟委员会主席:中国是可信赖、能依靠的伙伴
新华社亚的斯亚贝巴7月3日电(记者刘方强)非洲联盟(非盟)委员会主席优素福3日高度评价中国与非盟关系,认为中方是可信赖、能依靠的伙伴。
优素福当天在位于亚的斯亚贝巴的非盟总部接受中国新任驻非盟使团团长蒋烽递交的国书,他表示,非盟愿同中方加强协调、深化合作,为不确定的世界注入更多确定性。
蒋烽向优素福转达中国领导人的亲切问候和良好祝愿,赞赏非盟在促进非洲和平安全、引领非洲一体化、发出非洲正义呼声等方面发挥的重要作用,愿同非盟携手落实中非合作论坛北京峰会成果,共筑新时代全天候中非命运共同体。(完)