Connect with us

China

သမ္မတ ရှီက စီချွမ်းပြည်နယ်အတွင်း စစ်ဆေးရေးသွားရောက်စဉ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု ထိန်းသိမ်းရေး အလေးထားပြောကြား

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က စီချွမ်းပြည်နယ်၊ Meishan မြို့၊ Yongfeng ကျေးရွာသို့ သွားရောက်စဉ် ကျေးရွာသူ၊ ကျေးရွာသားများကို လက်ဝှေ့ယမ်းနှုတ်ဆက်နေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် စစ်ဆေးရေးခရီးစဉ်အတွင်း တည်ငြိမ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုံးစုံလူမှုဆိုင်ရာတည်ငြိမ်မှု ထိန်းသိမ်းရေးကို အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က စီချွမ်းပြည်နယ်၊ Meishan မြို့၊ Yongfeng ကျေးရွာသို့ သွားရောက်နေသည်ကို ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က စီချွမ်းပြည်နယ်၊ Meishan မြို့ရှိ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဒေသန္တရကြိုးပမ်းအားထုတ်မှုများကို လေ့လာရန် San Su Ci ဘုံကျောင်းသို့ ဇွန် ၈ ရက်က သွားရောက်နေစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက CPC ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် အစီအစဉ်များ အပြည့်အဝအကောင်အထည်ဖော်ရေးနှင့် တည်ငြိမ်မှုကို စောင့်ထိန်းနေစဉ်မှာပင် တိုးတက်မှုကို လိုက်လျှောက်ရေး အထွေထွေစည်းမျဉ်းကို စောင့်ထိန်းရေးကို အလေးထားပြောကြားခဲ့သည်။

သမ္မတ ရှီက ဖွံ့ဖြိုးတိုးတက်မှု အတွေးအမြင်အသစ်၏ ပြည့်စုံစွာ၊ မှန်ကန်စွာနှင့် ဘက်စုံကျင့်သုံးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုစံနမူနာအဖြစ် တက်ကြွစွာထမ်းဆောင်ခြင်းနှင့် ပေါင်းစည်းခြင်းကို တောင်းဆိုခဲ့သည်။

ကြိုးပမ်းအားထုတ်မှုများကိုလည်း စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ညှိနှိုင်းဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။ စီချွမ်းပြည်နယ်၏ အုပ်ချုပ်မှုပုံစံနှင့် ဖွံ့ဖြိုးတိုးတက်မှုအား အဆင့်သစ်ဆီသို့ မြှင့်တင်ရန်လည်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတ ရှီသည် Meishan နှင့် Yibin မြို့များသို့လည်း ဇွန် ၈ ရက်က သွားရောက်ခဲ့ပြီး ကျေးရွာတစ်ရွာ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးနေရာတစ်နေရာ၊ တက္ကသိုလ်တစ်ခုနှင့် ကုမ္ပဏီတစ်ခု အပါအဝင် နေရာများသို့ သွားရောက်လေ့လာခဲ့သည်။

အဆိုပါ စစ်ဆေးရေးခရီးစဉ်အတွင်း နယ်မြေများနှင့် အစိုးရဌာနများအားလုံးအနေဖြင့် ကောင်းမွန်သော စီးပွားရေးဝန်းကျင်၊ တည်ငြိမ်သော လူမှုဆိုင်ရာဝန်းကျင်နှင့် သန့်ရှင်းသော နိုင်ငံရေးဝန်းကျင်ကို ထိန်းသိမ်းရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးကိုလည်း ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အပြည့်အဝကျော်လွှားနိုင်ရေးအတွက်လည်း ရှီက တိုက်တွန်းခဲ့သည်။

ခက်ခဲစွာရပ်တည်နေထိုင်ရသော ပြည်သူများအတွက် အလုပ်အကိုင်၊ လူမှုဆိုင်ရာလုံခြုံမှုနှင့် အကူအညီ အပါအဝင် အဓိကနယ်ပယ်များကိုလည်း ၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။

လူမှုရေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းရေးလုပ်ငန်းအား လူတန်းစားအလွှာအသီးသီး၌ ဆောင်ရွက်ရမည်ဖြစ်သလို ထိုသို့ဆောင်ရွက်မှသာ ပြည်သူများက အမှန်တကယ် စိတ်ချမှုရှိနိုင်မည်ဖြစ်ကြောင်းနှင့် လူမှုရေးဆိုင်ရာ တည်ငြိမ်မှုလည်း စိတ်ချရနိုင်မည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ (COVID-19) ကင်းစင်ရေးချဉ်းကပ်မှုကို မလွဲမသေွလိုက်နာစောင့်ထိန်းရမည်ဟု ရှီက ပြောခဲ့သည်။

ရှီသည် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရာတွင် တရုတ်နိုင်ငံက ခက်ခဲစွာအောင်နိုင်ခဲ့သော အောင်မြင်မှုကို ခိုင်မာစေရန် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး အဓိကနေရာများ၌ စေ့စေ့စပ်စပ်၊ ခိုင်ခိုင်မာမာ လုပ်ဆောင်ကြရန် ညွှန်ကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အချို့နေရာများ၌ မကြာသေးမီက ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ရှီက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိန်းသိမ်းကာကွယ်ရန် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကို ဆောလျင်စွာ ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် လူသေဆုံးမှုများနှင့် အိုးအိမ်ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေးအတွက် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ အလျင်အမြန်ဆောင်ရွက်ရန်လည်း ရှီက ထည့်သွင်းပြောခဲ့သည်။

ဇွန် ၁ ရက်က စီချွမ်းပြည်နယ်၊ ယာအန်းမြို့တွင် အင်အား ၆.၁ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ပုံမှန်ကုန်ထုတ်လုပ်မှုနှင့် လူမှုဘဝအစီအစဉ်များကို ဖြစ်နိုင်သမျှ မြန်မြန်စတင်နိုင်ရေးအတွက် ကူညီရန် အလုံးစုံ ကယ်ဆယ်ရေးနှင့် လျော့ပါးရေး ဆောင်ရွက်ရန် ရှီက ချက်ချင်းညွှန်ကြားခဲ့သည်။

ငလျင်ဒဏ်ခံရသောနေရာများမှ ဒေသခံအများစုမှာ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်နေထိုင်နေပြီဖြစ်သည်။ စီချွမ်းပြည်နယ်တွင် ငလျင်အတွက် အရေးပေါ်တုံ့ပြန်ရေး ပိတ်သိမ်းလိုက်ပြီဖြစ်သလို သဘာဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အာရုံစိုက်လုပ်ဆောင်နေကြပြီဖြစ်သည်။

စစ်ဆေးရေးခရီးစဉ်အတွင်း ရှီက ငလျင်လှုပ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သော ကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် ဆေးကုသမှုခံယူသူများ၊ ငလျင်ဒဏ်သင့်နေရာများရှိ ပြည်သူများ၏ ထုတ်လုပ်မှုလုပ်ငန်းနှင့် အသက်ရှင်နေထိုင်မှုများအတွက် လွန်စွာစိုးရိမ်ပူပန်မိကြောင်း၊ ငလျင်ကြောင့် ထိခိုက်ခဲ့သည့် ဒေသခံများအတွက် သင့်တင့်လျောက်ပတ်သော စီစဉ်မှုများ လုပ်ဆောင်ရန်နှင့် နေ့စဉ်လိုအပ်သောပစ္စည်းများ ပေးအပ်ရေး အသေအချာဆောင်ရွက်ရန် ဒေသခံအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

ရှီသည် ဇွန် ၈ ရက် နံနက်ပိုင်း၌ အရည်အသွေးမြင့် စပါးစိုက်ပျိုးရေးအခြေစိုက်နေရာသို့ ကြည့်ရှုစစ်ဆေးရန် Meishan မြို့၊ Yongfeng ကျေးရွာသို့ သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုရှိစေရန် အထောက်အကူပြုလျက်ရှိသော ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ဂျုံ၊ စပါးထုတ်လုပ်မှုတွင် အားသွန်ခွန်စိုက်၊ ကောင်းမွန်စွာ ဆောင်ရွက်ရန်လည်း ရှီက တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ရှီသည် ဆန်စပါးစမ်းသပ်စိုက်ကွင်းသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့်အတူ ခေတ်မီစိုက်ပျိုးမှုသိပ္ပံနှင့် နည်းပညာ မြှင့်တင်ခြင်းနှင့် အသုံးပြုခြင်း၊ ဆက်စပ်သောသင်တန်းပေးခြင်းများကိုလည်း အလေးထားပြောကြားခဲ့သည်။

အစိမ်းရောင်၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်ပြီး ထိရောက်မှုမြင့်မားသော စိုက်ပျိုးမှု ဖော်ထုတ်ရန် အတွက်လည်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။

Yongfeng ကျေးရွာသို့ သွားရောက်စဉ်တွင် ရှီသည် မိလ္လာစနစ်အဆောက်အအုံ၊ ကျေးရွာသူ၊ရွာသားများ၏ နေထိုင်မှုပတ်ဝန်းကျင်အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းသိမ်းရေး၌ ဒေသတွင်း ကြိုးပမ်းအားထုတ်မှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ စားနပ်ရိက္ခာနှင့် အဝတ်အထည်များအား စိုးရိမ်ရခြင်းမရှိပါက ကျေးလက်ဒေသခံများအတွက် ကျန်းမာရေးကိစ္စရပ်သည် စိုးရိမ်ရဆုံး ကိစ္စဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျန်းမာရေးစနစ်သည် ကျေးလက်ဒေသတွင် အခြေခံကျန်းမာရေးဝန်ဆောင်မှုများကို ခိုင်မာစွာအာမခံမှု ပံ့ပိုးပေးရန် အားကောင်းရမည်ဟု ၎င်းက ဆိုသည်။

CPC ၏ အုပ်ချုပ်မှုစနစ်တွင် လိုက်လျှောက်ရေးသည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

ရှီသည် Meishan မြို့ပြတွင် မြောက်ပိုင်း Song မင်းဆက် (၉၆၀-၁၁၂၇) ခေတ်က စာပေအကျော်အမော် သုံး ဦးဖြစ်သော Su Xun နှင့် ၎င်း၏သားနှစ်ဦးဖြစ်သော Su Shi နှင့် Su Zhe တို့၏ အောက်မေ့ဖွယ်ဘုံကျောင်းသို့ သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်ပေါင်း ၅၀၀ ကျော် ယဉ်ကျေးမှုရှိသော ခေတ်မီလူမှုအဖွဲ့အစည်းဖြစ်ကြောင်း မှတ်ချက်ပြုလျက် ရှီက တရုတ်ပြည်သူများသည် တရုတ်ရိုးယဉ်ကျေးမှုကို ကောင်းမွန်စွာ လေးစားလိုက်နာမှုရှိပြီး ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုကိုလည်း တည်ဆောက်ထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုဆိုင်ရာ အောင်မြင်မှုများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကို တိုက်တွန်းလျက် ခက်ထန်မှုနှင့် အထီးကျန်ဖြစ်မှုကို ရှောင်လွှဲရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ပါတီဝင်များနှင့် တာဝန်ရှိသူများ၊ အထူးသဖြင့် ဦးဆောင်တာဝန်ရှိသူများအနေဖြင့် ရိုးသားမှုနှင့် ဖြောင့်မတ်မှန်ကန်မှုရှိရမည်ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစုများသည် စည်းမျဉ်းစည်းကိုလိုက်နာရမည်ဖြစ်သလို မိသားစု၏ အလေ့အထအကျင့်သီလကောင်းကိုလည်း မြှင့်တင်ရမည်ဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

ဇွန် ၈ ရက် မွန်းလွဲပိုင်းတွင် ရှီသည် Jinsha နှင့် Minjiang မြစ်နှစ်သွယ်က ယန်ဇီမြစ်အတွင်းသို့ ဆုံစည်းရာ Yibin မြို့သို့ သွားရောက်လေ့လာခဲ့သည်။

ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ခိုင်မာသော ဂေဟဗေဒဆိုင်ရာ ထိန်းသိမ်းမှုသည် ယန်ဇီမြစ်စီးပွားရေးလမ်းကြောင်း၌ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်ကျောင်းသား ၁၀.၇၆ သန်းခန့်သည် တက္ကသိုလ်နှင့် ကောလိပ်များမှ ဘွဲ့များရရှိမည်ဟု မျှော်မှန်းထားကာ မြင့်မားလှသော အရေအတွက်အသစ် ဖြစ်သည်။ ၎င်းတို့၏ အလုပ်အကိုင်ရရှိရေးသည် သမ္မတ ရှီ၏ အလွန်စိုးရိမ်ပူပန်ရသော ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။

Yibin တက္ကသိုလ်တွင် ရှီက အလုပ်အကိုင်ပြပွဲတစ်ခုသို့လည်း သွားရောက်ခဲ့ပြီး ကုမ္ပဏီများ၏ အလုပ်သမားငှားရမ်းမှုလိုအပ်ချက်များနှင့် ကျောင်းသားများ၏ အလုပ်အကိုင်ရရှိမှုနှုန်းကို လေ့လာခဲ့သည်။

CPC ဗဟိုကော်မတီတွင် တက္ကသိုလ်နှင့် ကောလိပ် ဘွဲ့ရများ၏ အလုပ်အကိုင်ရရှိရန် လွန်စွာအရေးကြီးသည်ဟု မှတ်ယူထားကြောင်းနှင့် မူဝါဒများနှင့် စီမံဆောင်ရွက်မှုများစွာကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

ကျောင်းသားများကို ပြောကြားရာတွင် ရှီက ပျော်ရွှင်သောဘဝများသည် အလုပ်ကြိုးစားခြင်းမှသာလျှင် ရရှိနိုင်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ၎င်းတို့၏အနာဂတ်များနှင့် အလုပ်အကိုင်များ ရွေးချယ်ရာတွင် လက်တွေ့ဆန်ရန် လိုအပ်နေသေးကြောင်းနှင့် လုံ့လဝီရိယရှိသောလုပ်ငန်းမှတစ်ဆင့် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်ရန် ရှီက အလေးထားပြောကြားခဲ့သည်။

ထို့နောက် ရှီသည် XGIMI optoelectronic ကုမ္ပဏီသို့လည်း သွားရောက်ကာ ၎င်း၏ တီထွင်ဆန်းသစ်မှု၊ အလုပ်အကိုင်မျိုးဆက်နှင့် ပုဂ္ဂလိကကဏ္ဍအား ပံ့ပိုးရန် ဒေသတွင်း ကြိုးပမ်းအားထုတ်မှုကို လေ့လာခဲ့သည်။

ဦးဆောင်နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကိုလည်း နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုအတွက် စက်မှုလုပ်ငန်း အစုအဖွဲ့များပုံစံမှ မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

အမျိုးသား အားသစ်လောင်းခြင်းဆီသို့ ခရီးတွင် စွန့်စားမှုအန္တရာယ်များနှင့် စိန်ခေါ်မှုများ ရှိကြောင်း မှတ်ချက်ပြုလျက် ရှီက အခက်အခဲများကို ရင်ဆိုင်ရန် ရဲရင့်မှုရှိရမည်ဖြစ်ကြောင်း၊ အတူတကွ ကြိုးပမ်းအားထုတ်ခြင်းဖြင့်သာလျှင် ကြီးမားသောအောင်မြင်မှုများကို စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။

ဇွန် ၉ ရက် နံနက်ပိုင်းတွင်မူ ရှီသည် စီချွမ်းပြည်နယ် မြို့တော် ချိန်တူး၌ တာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Xinhua Headlines: Inspecting Sichuan, Xi stresses maintaining stable economic development

Source: Xinhua

Editor: huaxia

2022-06-10 00:06:32
CHENGDU, June 9 (Xinhua) — President Xi Jinping stressed maintaining stable economic development and overall social stability during his inspection in southwest China’s Sichuan Province.

Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, underscored resolutely implementing the decisions and plans of the CPC Central Committee and adhering to the general principle of pursuing progress while ensuring stability.

He demanded the full, accurate and comprehensive application of the new development philosophy, and actively serving and integrating into the new development paradigm.

Efforts should be made to coordinate epidemic prevention and control with economic and social development, Xi said. He also called for promoting the governance and development of Sichuan to a new level.

Xi went to the cities of Meishan and Yibin on Wednesday, visiting places including a village, a cultural relic protection site, a university, and a company.

During the inspection, Xi said all localities and departments must strive to maintain a stable and healthy economic environment, a stable social environment and a clean political environment.

Xi called for efficiently coordinating COVID-19 prevention and control with economic and social development, and resolutely overcoming challenges currently faced by economic development.

He highlighted key areas including employment, social security and aid for people living in difficulties.

Work to maintain social stability must be carried out well in all aspects so that people feel reassured and social stability is secured, Xi said.

The country’s dynamic zero-COVID approach must be unswervingly upheld, Xi said.

He ordered meticulous and solid work in key areas of COVID-19 response to consolidate the country’s hard-won achievements in reining in the coronavirus.

Speaking of recent floods and geological disasters in some parts of China, Xi called for early contingency preparations to safeguard people’s lives and property. He also demanded swift rescue efforts after disasters to minimize casualties and loss of property.

After a 6.1-magnitude earthquake hit Ya’an in Sichuan on June 1, Xi immediately ordered all-out rescue and relief efforts to help resume normal production and life order as soon as possible.

Most residents from quake-hit areas have returned to their homes. The province has de-activated the emergency response for the earthquake, and shifted the focus to post-disaster recovery and reconstruction.

During the inspection, Xi, deeply concerned about the rescue and treatment of the people injured in the quake and people’s production and lives in the quake area, urged local authorities to make appropriate arrangements for residents affected by the quake and ensure the supply of daily necessities.
On Wednesday morning, Xi visited the village of Yongfeng in Meishan to inspect a high-standard rice cultivation base and expressed recognition to the staff for their efforts in helping ensure national food security. He called for vigorous and concrete work in grain production.

Inspecting an experimental rice field, Xi stressed the promotion and application of modern agricultural science and technology, and relevant training.

He also called for developing green, eco-friendly and high-efficiency agriculture.

While touring Yongfeng, Xi inspected a sewage treatment facility, the living environment of the villagers, as well as local efforts in COVID-19 prevention and control. He said medical issue is what rural residents are most concerned about after they have no worries about food and clothing.

The health system should be strengthened in rural areas to provide a sound guarantee of basic medical services, he said.

Xi noted that the CPC’s pursuit in governance is to make life even better for the people.
In urban Meishan, Xi visited San Su Ci, the memorial temple and former residence of Su Xun and his two sons Su Shi and Su Zhe, three literary masters of the Northern Song Dynasty (960-1127).

Noting that the Chinese nation has more than 5,000 years of civilization, Xi said the Chinese people should respect fine traditional Chinese culture and build up cultural confidence.

Urging efforts to broadly draw on all cultural achievements in the world, Xi said rigidity and isolation must be averted.

However, no less efforts should be made to avert taking foreign experiences as the sole standard for everything, Xi added.

Party members and officials, especially leading officials, should be honest and upright. They should discipline themselves and their families as well, and foster sound family virtues, Xi said.
On Wednesday afternoon, Xi inspected Yibin, where the rivers of Jinsha and Minjiang converge into the Yangtze River.

Xi noted that sound ecological conservation along the Yangtze River Basin is the precondition for advancing high-quality development in the Yangtze River Economic Belt.

In 2022, about 10.76 million Chinese students are expected to graduate from universities and colleges, hitting a new high. Their employment is an issue Xi is very concerned about.

In Yibin University, Xi went to a job fair and learned about the hiring needs of companies and the employment rate of students.

The CPC Central Committee has always attached great importance to the employment of university and college graduates, and has taken a series of policies and measures, Xi said.

Speaking to the students, Xi stressed that happy lives can only be earned through hard work. He told the students to remain practical when choosing their future jobs and careers, and realize personal development through diligent work.

Xi then visited XGIMI optoelectronic company to learn about its independent innovation, job generation and local efforts to support the private sector.

Leading technology enterprises should be nurtured to form industrial clusters for technological innovation, said Xi.

Noting there are risks and challenges on the journey toward national rejuvenation, Xi urged courage to face the hardships, adding that only by striving together can great accomplishments be made.

On Thursday morning, Xi also met with senior military officers stationed in the provincial capital of Chengdu. ■
Photo 1 : President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, waves to villagers while visiting the village of Yongfeng in Meishan, southwest China’s Sichuan Province, June 8, 2022. (Xinhua/Xie Huanchi)
Photo 2 : President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits the village of Yongfeng in Meishan, southwest China’s Sichuan Province, June 8, 2022. (Xinhua/Xie Huanchi)
Photo 3 : President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits San Su Ci, the memorial temple and former residence of Su Xun and his two sons Su Shi and Su Zhe, three literary masters of the Northern Song Dynasty (960-1127), to learn about local efforts in protecting historical and cultural heritage, in Meishan, southwest China’s Sichuan Province, June 8, 2022. (Xinhua/Shen Hong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.