Connect with us

Asia

မွန်ဂိုလီးယားနိုင်ငံ၌ ခရီးသွားလုပ်ငန်း မြှင့်တင်ရန် အမျိုးသားဝတ်စုံပွဲတော် ကျင်းပ

မွန်ဂိုလီးယားနိုင်ငံ ဦလန်ဘာတာမြို့၌ ရိုးရာအဝတ်အစားများအား ဝတ်ဆင်ပြသနေသူများအား ဇူလိုင် ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဦလန်ဘာတာ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ကပ်ရောဂါဒဏ်သင့် ခရီးသွားလုပ်ငန်းကဏ္ဍအား မြှင့်တင်ရန် နှင့် မျိုးဆက်သစ်လူငယ်များအား ရိုးရာအဝတ်အထည်များ ဝတ်ဆင်ရေး အားပေးလှုံ့ဆော်ရန် ၁၆ ကြိမ်မြောက် မွန်ဂိုလီးယားနိုင်ငံ၏ အမျိုးသားဝတ်စုံပွဲတော်အား ဇူလိုင် ၉ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦလန်ဘာတာမြို့ ဗဟိုရင်ပြင်၌ “Mongolians in Deel” ခေါင်းစဉ်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်သည့်ပွဲတော်တွင် ရိုးရာဝတ်စုံများအား ဝတ်ဆင်ထားသည့် လူပေါင်း ၁၀,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း ဦလန်ဘာတာမြို့ ခရီးသွားလုပ်ငန်းဌာနထံမှ သိရသည်။

Deel သည် ရာစုနှစ်များစွာတိုင်အောင် ဝတ်ဆင်လေ့ရှိသည့် ရိုးရာမွန်ဂိုလီးယားအဝတ်အစားများထဲမှ တစ်မျိုး ဖြစ်ကြောင်း သိရသည်။

တစ်ရက်တာပွဲတော်တွင် ဝတ်စားဆင်ယင်မှုပြသခြင်း ၊ အကောင်းဆုံး deel ယှဉ်ပြိုင်ပွဲ ၊ အမျိုးသားဝတ်စုံပြပွဲ နှင့် ရိုးရာတေးဂီတဖျော်ဖြေပွဲ နှင့် ကပြမှုများကဲ့သို့သော လှုပ်ရှားမှုအများအပြား ပါဝင်ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)

National costume festival held in Mongolia to promote tourism
Source: Xinhua Editor: huaxia 2022-07-10 07:08:14
More than 10,000 people dressed in traditional costumes participated in the annual festival titled “Mongolians in Deel” in the central square of Ulan Bator.
ULAN BATOR, July 9 (Xinhua) — The 16th edition of Mongolia’s national costume festival kicked off here on Saturday to promote the pandemic-hit tourism sector and encourage the younger generation to wear traditional clothing.
More than 10,000 people dressed in traditional costumes participated in the annual festival titled “Mongolians in Deel” in the central square of Ulan Bator, according to the capital city’s Department of Tourism.
Deel is an item of traditional Mongolian clothing commonly worn for centuries.
The one-day festival includes numerous activities such as a fashion parade, the best deel contest, a national clothing exhibition and a folk music concert and dance. ■
Photo – People present traditional clothing in Ulan Bator, Mongolia, July 9, 2022. (Photo by Suriya/Xinhua)