Connect with us

Asia

သီရိလင်္ကာသမ္မတ ရာထူးမှ နုတ်ထွက်မည်ဟု ဆို

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ကျင်းပသော လွတ်လပ်ရေးနေ့တွင် မိန့်ခွန်းပြောကြားနေသော သမ္မတ Gotabaya Rajapaksaအား ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

သီရိလင်္ကာသမ္မတ Gotabaya Rajapaksaသည် ယခုလ ၁၃ ရက်တွင် ၎င်းရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Abeywardenaကို အသိပေးခဲ့သည်ဟု သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌရုံးက ဇူလိုင် ၉ ရက်တွင် အတည်ပြုခဲ့သည်။ယခုလ ၁၃ ရက်တွင် Gotabaya Rajapaksaရာထူးမှနုတ်ထွက်မည့်သတင်းကို သီရိလင်္ကာမီဒီယာများက Abeywardena၏ပြောကြားချက်ကို ကိုးကား၍ ဇူလိုင် ၉ ရက်ညပိုင်းတွင် ဖော်ပြထားသည်။

ပါတီအသီးသီး ပါဝင်သည့်အစိုးရသစ်ဖွဲ့စည်းရာ၌ အဆင်ပြေစေရန် ဝန်ကြီးချုပ်Ranil Wickremesingheက ရာထူးမှ နုတ်ထွက်လိုကြောင်း သီရိလင်္ကာ ဝန်ကြီးချုပ်ရုံးက ယင်းနေ့အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက်မကြာမီ Ranil Wickremesingheက ၎င်းရာထူးမှနုတ်ထွက်ပေးမည်ဖြစ်ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘို၌ ဇူလိုင် ၉ ရက်က ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဒေသခံမီဒီယာများ၏ သတင်းများအရ ဆန္ဒပြမှုအတွင်း လူပေါင်း ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားသည့်နေ့ မွန်းလွဲပိုင်းတွင် Ranil Wickremesingheက လက်ရှိအခြေအနေနှင့်ဖြေရှင်းမည့်နည်းလမ်းကိုအဖြေရှာရန် အရေးပေါ်နိုင်ငံရေးပါတီအစည်းအဝေးလုပ်ရန် တောင်းဆိုခဲ့သည်။

အတိုက်အခံပါတီ လွှတ်တော်အမတ် Harsha de Silva၏ လူမှုကွန်ရက်မီဒီယာမှ ထုတ်ဖော်ပြောကြားချက်များအရ နိုင်ငံရေးပါတီခေါင်းဆောင်အများစုက သမ္မတနှင့်ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ပေးရန်နှင့် အမြန်ဆုံး ပါတီအသီးသီးပါဝင်သော ကြားဖြတ်အစိုးရဖွဲ့စည်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။(Xinhua)

#SriLanka, #President, #PM, #Resignation, #xinhua, #သီရိလင်္ကာ, #သမ္မတ, #ရာထူးမှနုတ်ထွက်, #ဆင်ဟွာ
——————————–
(Chinese Version)
(国际)斯里兰卡总统表示将辞职
2022-07-10 02:18:16 分类: 政治法律
新华社科伦坡7月9日电(记者车宏亮)斯里兰卡议长办公室9日晚证实,斯总统戈塔巴雅·拉贾帕克萨已告知议长阿贝瓦德纳,他将于本月13日辞职。
斯里兰卡媒体当晚援引阿贝瓦德纳的话报道了拉贾帕克萨将于13日辞职的消息。
斯里兰卡总理办公室当天早些时候发表声明说,斯总理维克拉马辛哈愿意辞职,以利于组建各党派参与的新政府。维克拉马辛哈随后在社交媒体上表示,他将会辞职。
斯里兰卡首都科伦坡9日爆发抗议活动。据当地媒体报道,超过30人在抗议活动中受伤。当天下午,维克拉马辛哈要求举行紧急政党会议,以讨论当前局势并寻求解决方案。据反对党议员德席尔瓦在社交媒体上透露,多数政党领导人要求总统和总理立即辞职,并尽快组建各党派参与的临时政府。(完)
1. Sri Lankan President Gotabaya Rajapaksa (Front) speaks during the Independence Day celebrations in Colombo, Sri Lanka, on