Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် မျောက်ကျောက်ရောဂါ ဒုတိယမြောက် အတည်ပြုလူနာ တွေ့ရှိ

ဘရာဇီးနိုင်ငံဆော်ပေါ်လိုမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ ဂရပ်ဖတီပုံရိပ်ရှေ့တွင်ဖြတ်သန်းသွားသော အမျိုးသားတစ်ဦးအား ဇွန် ၂၂ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံမှ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြန်လည်ရောက်ရှိလာသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ရောဂါတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၌ မျောက်ကျောက်ရောဂါ ဒုတိယမြောက်လူနာကို ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။ဘရာဇီးနိုင်ငံသို့ ဇွန် ၈ ရက်တွင် ပြန်လည်ရောက်ရှိလာပြီးနောက် စပိန်နိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုမှ ပေးပို့လာသော ၎င်း၏ ဆေးစစ်ရလဒ် (positive) အဖြေကြောင့် အဆိုပါ အမျိုးသားသည် Vinhedo မြို့တွင် သီးခြားခွဲနေထိုင်လျက်ရှိကြောင်း ဆော်ပေါ်လိုမြို့ ကျန်းမာရေးအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ဘရာဇီးနိုင်ငံတွင် ဇွန် ၉ ရက်တွင် ပထမဆုံး မျောက်ကျောက်လူနာတစ်ဦးကို အတည်ပြုခဲ့သည်။ အဆိုပါအမျိုးသားသည်လည်း ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှပင်ဖြစ်ပြီး စပိန် နှင့် ပေါ်တူဂီနိုင်ငံများသို့ သွားရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ ၎င်းအမျိုးသားကိုလည်း သီးခြားခွဲထားရှိကြောင်း သိရသည်။

ထို့ပြင် ဘရာဇီးနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်နိုင်ခြေရှိသော အနည်းဆုံး လူ ၈ ဦးကို အနီးကပ် စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ သတင်းပေးပို့ထားသည်ဟု ဇွန် ၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

—————————
(English Version)
Brazil confirms 2nd case of monkeypox

RIO DE JANEIRO, June 11 (Xinhua) — Brazil on Saturday confirmed its second case of monkeypox, detected in a 29-year-old man who arrived this week from Spain.
The man was put into isolation in the town of Vinhedo, as a laboratory in Spain informed him of his positive test result after he had landed in Brazil on Wednesday, according to Sao Paulo health authorities.
The first case of monkeypox in Brazil was registered on Thursday, also in Sao Paulo, in a 41-year-old man who had traveled to Spain and Portugal. He is also in isolation.
The Brazilian Ministry of Health is investigating at least eight possible cases of monkeypox in the country.
More than 1,000 confirmed cases of monkeypox have been reported to the World Health Organization (WHO) from 29 countries, said WHO Director General Tedros Adhanom Ghebreyesus at a press briefing on Wednesday.
A man walks past a graffiti of a medical worker in Sao Paulo, Brazil, on Jan. 22, 2021. (Xinhua/Rahel Patrasso)