Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကူညီထောက်ပံ့သူဖြစ်ကြောင်း ကမ္ဘာဒီးယားပညာရှင်များ ပြောကြား

စင်္ကာပူနိုင်ငံ၌ ၁၉ ကြိမ်မြောက် Shangri-La ဆွေးနွေးပွဲအတွက် စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဇွန် ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်း ငြိမ်းချမ်းရေး ၊ လုံခြုံရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအား ထိန်းသိမ်းရာတွင် အရေးကြီးသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိကြောင်း ကမ္ဘာဒီးယားပညာရှင်များက ပြောကြားခဲ့သည်။COVID-19 ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ရပ်နားခဲ့ပြီးနောက် စင်္ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒေသ၌ ပထမတန်း ကာကွယ်ရေး နှင့် လုံခြုံရေး ထိပ်သီးအစည်းအဝေးတစ်ခု ဖြစ်သော ၁၉ ကြိမ်မြောက် Shangri-La ဆွေးနွေးပွဲ ကျင်းပသည့် ဇွန် ၁၀ ရက်တွင် ကမ္ဘာဒီးယားပညာရှင်များက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ စစ်သားများက နိုင်ငံစုံပါဝင်သည့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု လက်တွေ့လေ့ကျင့်ခြင်း “ကံကြမ္မာအကျိုးတူဖော်ဆောင်ခြင်း-၂၀၂၁” တွင် ပါဝင်ခဲ့သည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီရှိ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် Kin Phea က ဘုံ ၊ ဘက်စုံ ၊ စုပေါင်း နှင့် ရေရှည်တည်တံသောလုံခြုံရေး အမြင်အား တရုတ်နိုင်ငံက အမြဲတမ်းထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ကမ္ဘာကို စစ်အေးတိုက်ပွဲ နှင့် အကျိုး အမြတ် လုံးဝမရှိသော ကစားနည်း စိတ်နေစိတ်ထားအား စွန့်ပစ်ရန် တိုက်တွန်းပြီး ကြီးနိုင်ငယ်ညှဉ်းသဘာဝအား ပယ်ချကာ ငြိမ်းချမ်းသောနည်းလမ်းများမှတစ်ဆင့် ပဋိပက္ခများအား ပြေငြိမ်းရေးကို အားပေးတိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဗီယင်ကျန်းဘူတာရုံသို့ ဆိုက်ကပ်လာသည့် Lane Xang EMU ရထားတစ်စင်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ထိန်းသိမ်းဖို့ ပိုပြီး အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။”ဟု ညွှန်ကြားရေးမှူးချုပ် Kin Phea က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Kin Phea က ၎င်း၏လေ့လာတွေ့ရှိချက်တွင် တရုတ်နိုင်ငံသည် မည်သည့်အခါမှ တစ်ခြားနိုင်ငံများအား ထိပါးခြင်း သို့မဟုတ် ကြားခံစစ်ပွဲ ဆင်နွှဲခြင်းများတွင် ပါဝင်မှု မရှိကြောင်း ၊ ဩဇာလွှမ်းမိုးမှုနယ်ပယ်များ သို့မဟုတ် စစ်အုပ်စုထိပ်တိုက်ရင်ဆိုင်မှုများတွင် ပါဝင်ခြင်းတို့အား တစ်ကြိမ်တစ်ခါမျှ ကြိုးပမ်းခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း နှင့် လူသားများအတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရေးအား ကတိပြုထားကြောင်း ပညာရှင်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ဩဇာလွှမ်းဗိုလ်ကျတာ ၊ အခွင့်အာဏာနိုင်ငံရေးဆောင်ရွက်မှုအားလုံးကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အထူးသဖြင့် နိုင်ငံငယ်နဲ့ အလယ်အလတ်အဆင့် နိုင်ငံတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သားသားအားပေးထောက်ခံတယ်ဆိုတာ ကျွန်တော် သတိပြုမိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီရှိ မူဝါဒလေ့လာသူတစ်ဦးဖြစ်သူ Seun Sam က တရုတ်နိုင်ငံက ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုအား ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ၊ ဘက်စုံ ၊ စုပေါင်း နှင့် ရေရှည်တည်တံသောလုံခြုံရေး အမြင်သဘောထားအား ချီးကျူးခဲ့သည်။

တရုတ်နိုင်ငံက တစ်နိုင်ငံတည်း တိုးတက်ချင်တာတင်မဟုတ်ဘူး။ တစ်ခြားနိုင်ငံတွေကိုလည်း သူနဲ့အတူ တိုးတက်စေချင်တာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက အခြားနိုင်ငံတွေနဲ့အတူ တိုးတက်ချင်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောနိုင်ပါတယ်။”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့်မတူဘဲ တရုတ်နိုင်ငံ၏ အမြင်သည် ဒေသအား ဒီဂျစ်တယ်ချိတ်ဆက်မှု ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတို့မှတစ်ဆင့် ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက် အဖြစ် ပြောင်းလဲရန် ဖြစ်ကြောင်း ဖနွမ်းပင်မြို့ BELTEI နိုင်ငံတကာတက္ကသိုလ်ရှိ အကြီးတန်းပါမောက္ခတစ်ဦးဖြစ်သူ Joseph Matthews က ပြောကြားခဲ့သည်။

ရပ်ဝန်း နှင့် ပိုးလမ်းမအဆိုပြုချက် ၊ “စိမ်းလန်းသော ပိုးလမ်းမ” နှင့် “ဒီဂျစ်တယ် ပိုးလမ်းမ” မဟာဗျူဟာများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ အမြင်သည် ဒေသအား ကမ္ဘာတစ်ဝန်းလုံးမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် ကူညီပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ အမြင်နဲ့ဆန့်ကျင်ဘက်အနေနဲ့ ဒေသတွင်းက အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက အမေရိကန် ၊ ဗြိတိန် နဲ့ ဩစတြေးလျနိုင်ငံတွေအကြား စစ်ရေးသဘောတူညီချက် (AUKUS) နဲ့ အမေရိကန် ၊ ဂျပန် ၊ ဩစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတွေအကြား လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ(QUAD)တွေ ဖန်တီးပြီးတဲ့နောက်မှာ သမားရိုးကျ နဲ့ သမားရိုးကျမဟုတ်တဲ့ လက်နက်ပြိုင်ပွဲတစ်ခု အစပျိုးဖို့ ကြိုးစားနေကြပါတယ်။ အဲဒါက အာရှနဲ့ အာရှ-ပစိဖိတ် ဒေသတွင်းမှာ NATO ရဲ့ အမှန်ပုံတူ ဖြစ်ပါတယ်။”ဟု Joseph Matthews က ပြောကြားခဲ့သည်။

“ အမေရိကန်ရဲ့မဟာဗျူဟာက ဒေသတွင်းမှာ အာဆီယံ ဗဟိုပြုမှု စိတ်ဓာတ်နဲ့ အစုအဖွဲ့ ဝိညာဉ်ကို တိုက်ရိုက်ခြိမ်းခြောက်မှုပဲဖြစ်ပါတယ်” ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။NATO ကဲ့သို့သော လုံခြုံရေးမဟာမိတ်များအပြင် ပြီးခဲ့သောလတွင် တိုကျိုမြို့၌ ပြုလုပ်သော QUAD ထိပ်သီးညီလာခံ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF) ဖန်တီးမှုအား ကြေညာခဲ့ကြောင်း ၊ ယင်းသည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် မဟုတ်သကဲ့သို့ ကုန်သွယ်မှုသဘောတူညီချက်တစ်ခုလည်း မဟုတ်ဟု ၎င်းက ဆိုသည်။

IPEF အား ဒေသတွင်းစီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုကို လုံးဝမထိခိုက်စေမည့် သင်္ကေတသဘောတူညီချက်တစ်ခုဟု ပြောကြားနေကြောင်း Joseph Matthews က ပြောကြားခဲ့သည်။ “အမေရိကန်က ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ဒီအုပ်စုကို ဖန်တီးခဲ့ပြီးတော့ IPEF ဖန်တီးရခြင်းရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်က အာဆီယံကို သဘောထားကွဲစေဖို့ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)

China key contributor to global and regional peace, stability, development — Cambodian academics
China always stays committed to the path of peaceful development and the building of a community with a shared future for mankind, said Kin Phea, director-general of the International Relations Institute at the Royal Academy of Cambodia.
“I notice that China firmly opposes all hegemonies and power politics and resolutely upholds the legitimate rights and interests of developing countries, especially small and medium-sized countries,” he said.
PHNOM PENH, June 12 (Xinhua) — China has been playing an important role in maintaining global and regional peace, security, stability and development, Cambodian academics have said.
Their comments were made on Friday as the 19th Shangri-La Dialogue, a premier defense and security summit in the Asia-Pacific region, is being held in Singapore after a two-year hiatus due to the COVID-19 pandemic.
Kin Phea, director-general of the International Relations Institute at the Royal Academy of Cambodia, said China always upholds a vision of common, comprehensive, cooperative and sustainable security.
He said China urges the world to discard Cold War and zero-sum mentalities, rejects the law of the jungle, and encourages the settlement of conflicts through peaceful ways.
“China has been playing a more important role in safeguarding global and regional peace and stability,” he told Xinhua.
Phea said that in his observation, China has never invaded other countries or engaged in proxy wars, nor has it ever sought spheres of influence or participated in military bloc confrontations.
The academic said China always stays committed to the path of peaceful development and the building of a community with a shared future for mankind.
“I notice that China firmly opposes all hegemonies and power politics and resolutely upholds the legitimate rights and interests of developing countries, especially small and medium-sized countries,” he said.
Seun Sam, a policy analyst at the Royal Academy of Cambodia, said that China believes in peaceful development and win-win cooperation, and praised China’s concept of global, comprehensive, cooperative and sustainable security.
“China does not only want to grow alone but also wants other countries to grow with it,” Sam said. “We can say that China wants to grow with other countries.”
Unlike the United States, China’s vision is to transform the region into a hub of peace, stability and development through digital connectivity and infrastructure development, said Joseph Matthews, senior professor at the BELTEI International University in Phnom Penh.
He said China’s vision of global development through the Belt and Road Initiative, “green Silk Road,” and “digital Silk Road” strategies has helped the region attract investors from all over the world.
“In contrast to China’s vision, the USA and its allies in the region are trying to trigger a conventional and non-conventional arms race after having created the Quadrilateral Security Dialogue among the U.S., Japan, Australia and India (QUAD) and the military pact among the U.S., Britain and Australia (AUKUS), which are true replicas of NATO in Asia and the Asia-Pacific region,” Matthews said.
“The USA strategy in the region has directly threatened the centrality of ASEAN (Association of Southeast Asian Nations), which is the soul and spirit of the bloc,” he added.
Apart from these NATO-like security alliances, last month during the QUAD summit conference in Tokyo, U.S. President Joe Biden announced the creation of the so-called Indo-Pacific Economic Framework (IPEF), which is neither a free trade agreement nor even a trade agreement.
Calling the IPEF “a symbolic agreement that will not affect regional economic and social development at all,” he said “the USA has created this group to counter China’s influence in the region and the ulterior motive for the creation of IPEF is to divide the ASEAN.” ■
Photo 1 – A policeman is on duty for the 19th Shangri-La Dialogue in Singapore on June 10, 2022. (Photo by Then Chih Wey/Xinhua)
Photo 2 – Soldiers from China participate in multinational peacekeeping live exercise “Shared Destiny-2021” on Sept. 15, 2021. (Xinhua/Liu Fang)
Photo 3 – A Lane Xang EMU train pulls into the Vientiane station along the China-Laos Railway in Vientiane, Laos, Nov. 21, 2021. (Photo by Kaikeo Saiyasane/Xinhua)