Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟယ် (၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲတွင် အမှာစကားပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်က (၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲတွင် “ဒေသရေးရာအပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သဘောဆန္ဒ”ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားနေသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်သည် ဇွန် ၁၂ ရက်က ကျင်းပသော (၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲတွင် “ဒေသရေးရာအပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက် သဘောဆန္ဒ”ခေါင်းစဉ်ဖြင့် အမှာစကားပြောကြားခဲ့သည်။ထိုသို့ပြောကြားရာတွင် ဝေ့ဖုန့်ဟော်က လူသားမျိုးနွယ်လူမှုအသိုက်အဝန်းသည် သမိုင်းတွင် တွေ့ကြုံရန်ခဲယဉ်းလှသော အကျပ်အတည်းအထပ်ထပ်ကို ဖြတ်သန်းနေရရာ ၎င်း၏ထွက်ပေါက်မှာ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းကာကွယ်ခြင်း၊ လူသားမျိုးနွယ် အေးအတူ၊ပူအမျှ အသိုက်အဝန်းတွန်းအားပေးတည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံဖွံ့ဖြိုးရေး၏ ရှေ့သို့လျှောက်လှမ်းမည့် ခြေလှမ်းများသည် တားဆီး၍မရသလို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းစဉ်ကို ဖော်ဆောင်လျှောက်လှမ်းမည့် သန္နိဋ္ဌာန်သည်လည်း ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ခြိမ်းခြောက်မှုမဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၏ ကြီးမားသော အကျိုးဆောင်မှု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကာကွယ်မှုအတွက် ကာကွယ်ရေးမူဝါဒကို ခိုင်မာစွာ လက်ကိုင်ကျင့်သုံးရာ တရုတ်စစ်တပ်သည် အစဉ်အမြဲ ငြိမ်းချမ်းရေး၏တပ်မကြီးဖြစ်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာတစ်ဝန်းတွင် အားမာန်နှင့်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ အရှိဆုံးဒေသ ဖြစ်ရာ နိုင်ငံအသီးသီးက အာရှ-ပစိဖိတ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်ပြီး အာရှ-ပစိဖိတ်ဒေသ ရေရှည်ငြိမ်းချမ်းရေးနှင့်ကျယ်ပြန့်သောအများလုံခြုံရေး၏လှပသောအနာဂတ်ကို လျှောက်လှမ်းဖော်ဆောင် သင့်ပါကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးအပေါ် ဝေ့ဖုန့်ဟော်က တည်ကြည်လေးနက်သောရပ်တည်ချက်ကို ပြောကြားခဲ့ရာ ၎င်းက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ထိုင်ဝမ်၊ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေး၊ အမိမြေပေါင်းစည်းရေးသည် လုံးဝဥဿုံ အကောင်အထည်ဖော်မည်ဖြစ်ရာ “ထိုင်ဝမ် လွတ်လပ်ရေး”ခွဲထွက်မှုသည် ဇာတ်သိမ်းကောင်း လုံးဝမရှိနိုင်သလို ပြည်ပအင်အားစု၏ စွက်ဖက်မှုက လုံးဝဥဿုံအောင်မြင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းစွာ ပေါင်းစည်းရေးသည် တရုတ်နိုင်ငံပြည်သူများ၏ အကြီးမားဆုံးသော သဘောဆန္ဒဖြစ်ရာ မိမိတို့အနေဖြင့် အစွန်းကုန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း၊ သို့သော် အကယ်၍ ထိုင်ဝမ်ကို ခွဲထွက်ရန် ဆောင်ရွက်သူရှိပါက မိမိတို့အနေဖြင့် တိုက်ပွဲနှင့်စတေးမှုကို အမှုထားမည်မဟုတ်ကြောင်း၊ မည်သူကမျှ တရုတ်နိုင်ငံစစ်တပ်၏ ခိုင်မာသောသန္နိဋ္ဌာန်နှင့်အင်အားကြီးမားသောစွမ်းရည်ကို လျှော့တွက်၍မရကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ဝေ့ဖုန့်ဟော်က တောင်တရုတ်ပင်လယ်အရေး၊ တရုတ်-အမေရိကန် ဆက်ဆံရေး၊ ယူကရိန်းအကျပ်အတည်း စသည့်ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့သည်။ (Xinhua)

——————————-
(Chinese Version)

魏凤和在第19届香格里拉对话会上作大会发言

2022-06-12 12:13:43
新华社新加坡6月12日电国务委员兼国防部长魏凤和12日在第19届香格里拉对话会上就“中国对地区秩序的愿景”议题作大会发言。
魏凤和指出,人类社会正经历史上罕见的多重危机,出路在于维护和践行多边主义,推动构建人类命运共同体。中国发展的前进步伐不可阻挡,走和平发展道路的决心坚定不移,中国的发展不是威胁,而是对世界和平与发展的巨大贡献。中国坚定奉行防御性国防政策,中国军队始终是和平之师,也必将坚决捍卫国家主权、安全、发展利益。亚太是全球最具增长活力和发展潜力的地区,各国应朝着构建亚太命运共同体、实现亚太地区持久和平和普遍安全的美好愿景迈进。

魏凤和就台湾问题表明严正立场,他强调,台湾是中国的台湾,台湾问题是中国的内政,祖国统一是绝对要实现的,搞“台独”分裂是绝对没有好下场的,外部势力干涉是绝对不会得逞的。和平统一是中国人民最大的愿望,我们愿付出最大的努力,但如果有人胆敢把台湾分裂出去,我们一定会不惜一战、不惜代价,任何人都不要低估中国军队的决心意志和强大能力。
魏凤和还就南海问题、中美关系、乌克兰危机等阐述中方立场。(完)

图说1:6月12日,国务委员兼国防部长魏凤和在第19届香格里拉对话会上就“中国对地区秩序的愿景”议题作大会发言。新华社发(邓智炜摄)