Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ NEV ရောင်းချရမှုမှာ ထုတ်လုပ်မှုများ ပြန်လည်စတင်လာသည်နှင့်အမျှ မေလတွင် တစ်ဟုန်ထိုး မြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ထုတ်လုပ်သည့် Jinhua မြို့၌ မော်တော်ကားကုမ္ပဏီတစ်ခု၏ အလုပ်ရုံ၌ အလုပ်လုပ်ကိုင်နေကြသူများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကားထုတ်လုပ်မှု ပြန်လည်စတင်ခြင်း နှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်စေခြင်းအတွက် ကြိုးပမ်းမှုများကြားတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ရောင်းချရမှုမှာ မေလတွင် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းအသင်း၏ အချက်အလက်များတွင် ဖော်ပြထားသည်။ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံ၏ NEV ခရီးသည်တင်ကားရောင်းချရမှုမှာ ၃၆၀,၀၀၀ ယူနစ်အထိ ရှိလာခဲ့ပြီး နှစ်အလိုက် ၉၁ ဒသမ ၂ ရာခိုင်နှုန်းထိ တစ်ရှိန်ထိုး တက်လာကြောင်း တရုတ်နိုင်ငံ ခရီးသည်တင်ကားအသင်းထံမှ သိရသည်။

လစဉ်အခြေခံအားဖြင့် ရောင်းချရမှုပမာဏသည် ၂၆ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ ပထမငါးလတာအတွင်း နိုင်ငံတွင်း NEV ရောင်းချရမှုမှာ ယူနစ် ၁ ဒသမ ၇၁ သန်းအထိ ပြီးခဲ့သောတစ်နှစ်ကထက် ၁၁၉ ဒသမ ၅ ရာခိုင်နှုန်း တစ်ဟုန်ထိုး တက်ခဲ့ကြောင်းသိရသည်။

ခြုံငုံကြည့်လျှင် တရုတ်နိုင်ငံ၏ ခရီးသည်တင်ကားရောင်းချရမှုမှာ ဧပြီလမှ မေလတွင် ပြန်လည်တက်လာခဲ့ပြီး ပြီးခဲ့သည့်လတွင် ခရီးသည်တင်ကား စုစုပေါင်း ၁ ဒသမ ၃၅ သန်း ရောင်းချခဲ့ရကာ လအလိုက် ၂၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အသင်းထံမှ သိရသည်။

နိုင်ငံတွင်း COVID-19 ရောဂါကူးစက်မှုများ တစ်ဖြည်းဖြည်း လျော့ကျမှေးမှိန်သွားခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးအနှောင့်အယှက်များအား ဖြေရှင်းခဲ့ရာ တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုစွမ်းရည်သည် ဇွန်လတွင် အပြည့်အဝထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းကြောင်း ၊ ယခုလတွင် မော်တော်ကား ထုတ်လုပ်ပေးသည့် ပမာဏ နှင့် ရောင်းချရမှုမှာ နှစ်အလိုက် ၁၀ ရာခိုင်နှုန်းကျော် တိုးလာမည်ဟု ခန့်မှန်းထားကြောင်း အသင်းက ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)

China’s NEV sales soar in May as production resumes

BEIJING, June 12 (Xinhua) — Sales of China’s new energy vehicles (NEVs) logged a sharp increase in May amid the country’s efforts to resume car production and stabilize supply chains, data from an industry association showed.

Last month, China’s NEV passenger car sales came in at 360,000 units, surging 91.2 percent year on year, according to the China Passenger Car Association.

On a monthly basis, the sales volume registered an increase of 26.9 percent.
In the first five months, NEV sales in the country skyrocketed 119.5 percent from a year ago to 1.71 million units.

Overall, China’s passenger vehicle sales rebounded in May from April, with a total of 1.35 million passenger vehicles sold last month, up 29.7 percent month on month, according to the association.
As the COVID-19 infections gradually waned and logistics disruptions were addressed in the country, China’s auto production capacity is expected to be fully released in June, the association said, forecasting an over 10-percent year-on-year growth in auto output and sales this month. ■

Photo – Workers operate at the final assembly workshop of an automobile company in the new energy vehicle town of Jinhua City, east China’s Zhejiang Province, Dec. 17, 2021. (Xinhua/Hu Xiaofei)