Connect with us

Politics, Law & Military

ကမ္ဘာ့ လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် နိုင်ငံအသီးသီး၏အတူတကွ ကာကွယ်ထိန်းသိမ်းမှု လိုအပ်

(၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံတွင်ကျင်းပရာ ဆွေးနွေးပွဲကျင်းပရာ ရှန်ဂရီလာဟိုတယ်ပြင်ပ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

(၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေး၏ ပိတ်ပွဲအခမ်းအနားကို ဇွန် ၁၂ ရက်က စင်ကာပူတွင် ကျင်းပခဲ့သည်။ ယင်းနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်က နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ လာရောက်သော အရာရှိများနှင့်ပညာရှင်များအား ဒေသရေးရာစနစ်အပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက် သဘောဆန္ဒကို မိတ်ဆက်ပြောကြားခဲ့ရာ ဆွေးနွေးပွဲတက်ရောက်သူများ၏ တက်ကြွစွာ အပြုသဘောတုန့်ပြန်မှုများကို ရရှိခဲ့သည်။(၃)ရက်ကြာကာလ တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံအသီးသီးကိုယ်စားလှယ်များက အတူဂရုပြုကြသည့် အရေးကြီးပြဿနာရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ သုံးသပ်သူအချို့က ယနေ့ကမ္ဘာကြီးသည် စိန်ခေါ်မှုအထပ်ထပ်၊ အကျပ်အတည်းအမျိုးမျိုးဖြင့် ရှုပ်ထွေးလှသည့်အခြေအနေအရပ်အရပ် ဖြစ်ပေါ်လာမှုကို ရင်ဆိုင်နေရာသော်လည်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် ဘက်ပေါင်းစုံ အတူတကွ ကြိုးပမ်းရမည့် ရည်မှန်းချက်ဖြစ်သင့်ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး တည်ငြိမ်ရေးသည် နိုင်ငံအသီးသီး တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုဖြင့် အတူတကွ ထိန်းသိမ်းရန် လိုအပ်ကြောင်း ယူဆကြသည်။

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်(GSI) ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှု ရရှိ

ဆွေးနွေးပွဲတက်ရောက်သူများ အများအပြားက တရုတ်နိုင်ငံအဆိုပြုသော ကမ္ဘာလုံးဆိုင်လုံခြုံရေး အဆိုပြုချက်(GSI)သည် လူသားမျိုးနွယ် ငြိမ်းချမ်းရေးလိုအပ်ချက် ဖြည့်ဆည်းရေးအတွက် တရုတ်နိုင်ငံ၏ ဉာဏ်ပညာအကျိုးဆောင်မှုဖြစ်သလို နိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှုရင်ဆိုင်ရေးအတွက် တရုတ်နိုင်ငံ၏နည်းလမ်းပံ့ပိုးမှုဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုကြသည်ဟု ယူဆသည်။

(၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ စင်ကာပူနိုင်ငံတွင်ကျင်းပရာ ဆွေးနွေးပွဲကျင်းပရာ ရှန်ဂရီလာဟိုတယ်ပြင်ပ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝေ့ဖုန့်ဟော်က လူသားမျိုးနွယ်လူမှုအသိုက်အဝန်းသည် သမိုင်းတွင် တွေ့ကြုံရန်ခဲယဉ်းလှသော အကျပ်အတည်းအထပ်ထပ်ကို ဖြတ်သန်းနေရရာ ၎င်း၏ထွက်ပေါက်မှာ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းကာကွယ်ခြင်း၊ လူသားမျိုးနွယ် အေးအတူ၊ပူအမျှ အသိုက်အဝန်းတွန်းအားပေးတည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

 

လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ပြုလုပ်သော ဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနား၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆုတံဆိပ် လက်ခံရရှိသော လက်ဘနွန်အခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့မှ တရုတ်တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံဖွံ့ဖြိုးရေး၏ ရှေ့သို့လျှောက်လှမ်းမည့် ခြေလှမ်းများသည် တားဆီး၍မရသလို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်းစဉ်ကို ဖော်ဆောင်လျှောက်လှမ်းမည့် သန္နိဋ္ဌာန်သည်လည်း ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ခြိမ်းခြောက်မှုမဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၏ ကြီးမားသော အကျိုးဆောင်မှု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ကာကွယ်မှုအတွက် ကာကွယ်ရေးမူဝါဒကို ခိုင်မာစွာ လက်ကိုင်ကျင့်သုံးရာ တရုတ်စစ်တပ်သည် အစဉ်အမြဲ ငြိမ်းချမ်းရေး၏တပ်မကြီးဖြစ်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာတစ်ဝန်းတွင် အားမာန်နှင့်ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ အရှိဆုံးဒေသ ဖြစ်ရာ နိုင်ငံအသီးသီးက အာရှ-ပစိဖိတ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်ပြီး အာရှ-ပစိဖိတ်ဒေသ ရေရှည်ငြိမ်းချမ်းရေးနှင့်ကျယ်ပြန့်သောအများလုံခြုံရေး၏လှပသောအနာဂတ်ကို လျှောက်လှမ်းဖော်ဆောင် သင့်ပါကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(GSI)သည် နိုင်ငံအများအပြား၏ နိုင်ငံတကာလုံခြုံရေးအမြင်နှင့် တူညီချိတ်ဆက်မှုရှိသည်။

အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Prabowo Subiantoက အင်ဒိုနီးရှားအနေဖြင့်”အာရှနည်းလမ်း”ဖြင့် နိုင်ငံ
နှင့်နိုင်ငံအကြား ကွဲလွဲမှုများကို ဖြေရှင်းရန် လက်ကိုင်ထားကြောင်း၊ အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို နိုင်ငံချင်း အပြန်အလှန်လေးစားမှုရှိရမည်ဖြစ်ကြောင်း၊ ကွဲလွဲမှုများရှိလင့်ကစား သက်ဆိုင်ရာဘက်ပေါင်းစုံက ချစ်ကြည်ရင်းနှီး၍အပြန်အလှန်အကျိုးရှိစေသော နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်သင့်ကြောင်း၊ ၎င်းမှာ “အာရှနည်းလမ်း”ပင်ဖြစ်ကြောင်း ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မလေးရှားအစိုးရ အကြီးတန်းဝန်ကြီးနှင့်ကာကွယ်ရေးဝန်ကြီး Hishammuddinက ဘက်ပေါင်းစုံ ပို၍ရေရှည်ကြီးမားသော နိုင်ငံကာလုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးရည်မှန်းချက်ကို ထားရှိသင့်ရာ လက်တွေ့ကျ စစ်မှန်သော ပိုမို ငြိမ်းချမ်း၊တည်ငြိမ်မှုရှိသောအနာဂတ်ကို ဖော်ဆောင်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အာရှနိုင်ငံများ၏ ပညာရှင်များကလည်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်(GSI)ကို အထူးအလေးထားသုံးသပ်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အရှေ့အာရှ သုတေသနဌာန ဌာနမှူး Woo Sukeunက တရုတ်နိုင်ငံ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး(GSI)သည် အချိန်မီအခါမီဖြစ်သလို အကြောင်းအရာ စုံလင်ကြွယ်ဝကြောင်း၊ ၎င်းမှာ တရုတ်နိုင်ငံအဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးနှင့် တစ်သွေးတည်းတစ်သားတည်း ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရေးနှင့်နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒအားအလေးထားရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် နိုင်ငံအသီးသီး အတူတကွ ကာကွယ်ထိန်းသိမ်းရေး တရုတ်နိုင်ငံ၏နည်းလမ်း ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း ဆိုသည်။

စင်ကာပူအမျိုးသားတက္ကသိုလ် အရှေ့အာရှသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး ချန်ကန်းက တရုတ်နိုင်ငံတိုက်တွန်းနှိုးဆော်သည့် အာရှ-ပစိဖိတ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးသည် နိုင်ငံတိုင်း လက်ခံမှုရှိစေသည့် လုံခြုံရေးအမြင်ဖြစ်ရာ ၎င်းမှာ အမေရိကန်၏ အသိုက်အဝန်းငယ်ဖွဲ့သော “အာရှ-ပစိတ်ဖိတ်ဗျူဟာ”နှင့် လုံးဝကွဲပြားကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ “အင်ဒို-ပစိဖိတ်မဟာဗျူဟာ”ကို အများက သံသယထား

ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးLloyd Austinက အမေရိကန်အဆို”အင်ဒို-ပစိဖိတ်မဟာဗျူဟာ”၏ အနာဂတ်ခြေလှမ်းများကို ပြောကြားခဲ့ရာ “အင်ဒို-ပစိဖိတ်မဟာဗျူဟာ”ဖြင့် ဒေသတံခါးဖွင့်လွတ်လပ်ရေး၊ ဒေသစည်ပင်ဝပျောရေးကို မြှင့်တင်မည်ဖြစ်ကြောင်း အကြောင်းပြ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးရုံး ဒုတိယ စစ်ဦးစီးမှူး ကျန်းကျန့်ကျုံးက အမေရိကန်၏ လက်တွေ့ရည်ရွယ်ချက်က “အင်ဒို-ပစိဖိတ်မဟာဗျူဟာ”နှင့် ၎င်း၏ ဗိုလ်ကျစိုးမိုးရေးအာဏာစနစ်ကို ဆက်လက် ကာကွယ်ရန်ဖြစ်ရာ ၎င်းမှာ ခွာပြဲရေးမဟာဗျူဟာ၊ ထိပ်တိုက်တွေ့ဆုံမှု လှုံ့ဆော်ရေးမဟာဗျူဟာ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသည့် မဟာဗျူဟာ ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

စင်ကာပူအမျိုးသားတက္ကသိုလ် လီကွမ်းယုပြည်သူ့မူဝါဒရေးရာကျောင်း ဒုတိယပါမောက္ခ ကုချင်းယန်က အမေရိကန်၏”အင်ဒို-ပစိဖိတ် မဟာဗျူဟာ”သည် တရုတ်နိုင်ငံကို ဦးတည်ခြင်း၊ တရုတ်နိုင်ငံ၏ အာရှ-ပစိဖိတ်ဒေသ သက်ရောက်မှုကို တားဆီးခြင်းသဘောရှိကြောင်း ဆိုသည်။ အမေရိကန်နှင့်၎င်း၏မဟာမိတ်များ တွေ့ဆုံဆွေးနွေးမှု ပြောကြားချက်များတွင် အနက်မဲ့၍မရေရာသော “တန်ဖိုးအမြင်”၊ အတုအယောင် “လူ့အခွင့်အရေး”အမြင် လှည့်စားမှုများဖြင့် အမေရိကန်နိုင်ငံက မိမိ၏ဗိုလ်ကျစိုးမိုးရေးအာဏာ ထိန်းသိမ်းရေး ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ခြင်း ၊ “ဖွံ့ဖြိုးတိုးတက်ရေး၊အကူအညီ” အကြောင်းပြသော စစ်အေးတိုက်ပွဲသစ် တွန်းအားပေးသည့် ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ခြင်း ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းအရေးအကျပ်အတည်း၏စိုးရိမ်ထိတ်လန့်မှုများကို အသုံးချကာ အာရှ-ပစိဖိတ်ဒေသ ပထဝီနိုင်ငံရေးပဋိပက္ခတွင် နွံနစ်စေခြင်း၊ ဒေသတွင်းရှုပ်ထွေးစေခြင်းဖြင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အားပြုခေါင်းထောင်လာသော ပြင်ပဖွံ့ဖြိုးရေးပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ BELTEI International University ၏ ပါမောက္ခ Joseph Matthewsက အမေရိကန်နှင့်၎င်း၏မဟာမိတ်များ ရည်ရွက်ချက်က အာရှနှင့်အာရှပစိဖိတ်ဒေသကို နေတိုးပုံပွါးလုပ်ဆောင်မှုဖြစ်ရာ အမေရိကန်၏မဟာဗျူဟာသည် အာဆီယံ၏ဗဟိုပြုမှုကို ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ယင်းနေရာသည် အာဆီယံ၏ အသက်ဝိညာဉ်နှင့်စိတ်ဓါတ်ဖြစ်ကြောင်း ဆိုသည်။

လုံခြုံရေးတည်ငြိမ်ရေး အတူတကွ ထိန်းသိမ်းကာကွယ်ရန် လိုအပ်

ယခုအကြိမ် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် နိုင်ငံအများစု၏ကိုယ်စားလှယ်များက အမှာစကားပြောကြားစဉ် နိုင်ငံအသီးသီး ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးတည်ငြိမ်ရေး အတူတကွကာကွယ်ထိန်းသိမ်းကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Prabowo Subiantoက အာရှတိုက်နိုင်ငံအများစုသည် ကိုလိုနီအုပ်ချုပ်ရေး၊ နိုင်ငံကြီးများ၏အမြတ်ထုတ်မှုနှင့်ကျွန်ပြုမှုများကို ဖြတ်သန်းခဲ့ဖူးကြရာ နိုင်ငံကြီးများယှဉ်ပြိုင်ရာ၏အကျိုးဆက်ဒဏ် ကောင်းကောင်းခံခဲ့ရကြောင်း၊ အာရှတိုက် နိုင်ငံအသီးသီးက ငြိမ်းချမ်း၊ချစ်ကြည်သော ဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင်ကို ကြိုးပမ်းတည်ဆောက်ခဲ့ဖူးကြကြောင်း ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီးNg Eng Henက ပြီးခဲ့သည်အကြိမ် ၂၀၁၉ ခုနှစ်က ကျင်းပသော ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲနှင့်နှိုင်းယှဉ်လျှင် ကမ္ဘာ့အခြေအနေက ပို၍ဆိုးဝါးလာကြောင်း၊ အာရှတိုက်နိုင်ငံများက အပြန်အလှန်မှီခိုအားထားရမည်ဖြစ်ရာ အားလုံးပါဝင်ရေးနှင့်နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အလေးထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံ ကာကွယ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် ရဲတပ်ဖွဲ့ရေးရာဝန်ကြီး Inia Seruiratuက ဖီဂျီနိုင်ငံသည် မိတ်ဖက်အားလုံးနှင့်ဆက်ဆံရေးကို အထူးအလေးထားကြောင်း၊ နိုင်ငံငယ်သော်လည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အထူးမျှော်လင်ထားကြောင်း ၊ ဘက်ပေါင်းစုံက ကုလသမဂ္ဂပဋိညာဉ်စာတမ်းရည်ရွယ်ချက်နှင့်အခြေခံမူများကို လေးစားလိုက်နာကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စင်ကာပူအမျိုးသားတက္ကသိုလ် လီကွမ်းယုပြည်သူ့မူဝါဒရေးရာကျောင်း ဒုတိယပါမောက္ခ ကုချင်းယန်က ပထဝီနိုင်ငံရေးအားပြိုင်မှု တစ်နေ့တစ်ခြားပြင်းထန်လာသည့်အခြေအနေတွင် အာရှ-ပစိဖိတ်ဒေသ၏ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးက အလွန်တရာ ကြီးမားသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှလာသော များပြားလှသော ဧည့်သည်တော်များ၏ အမှာစကားတွင် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၏ အဆုံးစွန် အရေးကြီးပုံကို အလေးထားပြောကြားခဲ့သလို သူတို့အနေဖြင့် ဒေသတည်ငြိမ်ရေးကို အထူးဂရုပြုအလေးထားရာ ဤဒေသ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မည့်ထောက်ချောက်သို့ ဆင်းသက်ရမည်ကို မမြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အရှေ့အာရှ သုတေသနဌာန ဌာနမှူး Woo Sukeunက နိုင်င့တကာအသိုက်အဝန်းက ပို၍ စည်းလုံးညီညွတ်သင့်ရာ ထိပ်တိုက်ရင်ဆိုင်မှုနှင့်ကွဲပြားမှုဖြစ်လာအောင် မလှုံ့ဆော်သင့်ကြောင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မည့် စစ်အေးခေတ်အတွေးအခေါ်မှ ရုန်းထွက်ကာ သင့်မြတ်၍သဟဇာတဖြစ်၊ ဖွံ့ဖြိုးတိုးတက်အောင် ခိုင်မာစွာ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးရေး ဒီရေလှိုင်းကို အတူကာကွယ်သင့်ကြောင်း ဆိုသည်။ (Xinhua)

#China, #GlobalSecurityInitiative, #xinhua,#xinhuamyanmar, #တရုတ်, #ကမ္ဘာ့လုံခြုံရေးအဆိုပြု,#ဆင်ဟွာ
———————————-
(Chinese Version)
全球安全稳定需要各国共同维护
2022-06-12 23:15:12
新华社新加坡6月12日电(国际观察)全球安全稳定需要各国共同维护
新华社记者李晓渝 毛鹏飞 蔡蜀亚
第19届香格里拉对话会12日在新加坡闭幕。中国国务委员兼国防部长魏凤和在当天发言中向来自40多个国家和地区的与会官员、学者介绍了中国对地区秩序的愿景,获得与会者积极响应。
为期三天的对话会上,各国代表就共同关心的热点问题展开交流。分析人士认为,当今世界面临多重挑战,各种危机乱局层出不穷,但和平与发展应是各方共同追求的目标,全球安全稳定需要各国通过对话合作来共同维护。
(小标题)全球安全倡议广受欢迎
不少与会者认为,中方提出的全球安全倡议,为弥补人类和平赤字贡献中国智慧,为应对国际安全挑战提供中国方案,赢得国际社会广泛欢迎。
魏凤和指出,人类社会正经历史上罕见的多重危机,出路在于维护和践行多边主义,推动构建人类命运共同体。中国发展的前进步伐不可阻挡,走和平发展道路的决心坚定不移,中国的发展不是威胁,而是对世界和平与发展的巨大贡献。亚太是全球最具增长活力和发展潜力的地区,各国应朝着构建亚太命运共同体、实现亚太地区持久和平和普遍安全的美好愿景迈进。
全球安全倡议与很多国家的国际安全观有共通之处。印度尼西亚国防部长普拉博沃在香格里拉对话会上表示,印尼主张以“亚洲方式”解决国与国之间分歧,国与国之间应相互尊重对方的国家安全利益。即使存在分歧,各方也应该努力以友好和互利的方式解决,这就是“亚洲方式”。
马来西亚政府高级部长兼国防部长希沙姆丁在对话会上呼吁,各方应该设立更远大的国际安全合作目标,应该脚踏实地,真正地寻求一个更和平、更稳定的未来。
亚洲多国学者高度评价全球安全倡议。韩国东亚研究所所长禹守根说,中国提出全球安全倡议恰逢其时、内涵丰富,它与中方提出的人类命运共同体理念一脉相承,强调合作共赢和多边主义,为各国共同守护世界和平与安全提供了中国方案。
新加坡国立大学东亚研究所助理所长陈刚表示,中国呼吁构建亚太命运共同体,让每个国家都有共同的安全认同,这与美国搞小圈子的“印太战略”完全不同。
(小标题)美“印太战略”广受质疑
美国国防部长奥斯汀在对话会上介绍美方所谓“印太战略”的未来步骤,谎称要通过“印太战略”推进地区自由开放、促进地区繁荣。
中央军委联合参谋部副参谋长张振中指出,美方实际意图是通过“印太战略”继续维护其霸权体系,这是制造分裂的战略、煽动对抗的战略、破坏和平的战略。
新加坡国立大学李光耀公共政策学院副教授顾清扬认为,美国“印太战略”有针对中国、遏制中国在亚太地区影响力的含义。美国及其盟友在对话会的发言中,常用抽象的“价值”观、虚伪的“人权”观蛊惑人心,掩盖美方维系自身霸权的真实目的,用“发展、援助”作幌子掩盖其推行新冷战的真正意图。美国想借乌克兰危机带来的恐慌令亚太地区陷入一场地缘政治的冲突之中,以此搞乱地区,破坏中国和平崛起的外部发展环境。
柬埔寨贝尔泰国际大学教授约瑟夫·马修斯表示,美国及其盟友意图在亚洲和亚太地区复制北约,美国的战略直接威胁到了东盟中心地位,而这一地位是东盟的灵魂和精神。
(小标题)安全稳定需要共同维护
本届香格里拉对话会上,多数国家的代表在发言时呼吁各国加强合作,共同维护全球安全稳定。
普拉博沃表示,亚洲许多国家经历过殖民统治、大国剥削和奴役,曾深受大国竞争的影响。共同经历促使亚洲各国努力去创造和平、友好的发展环境。
新加坡国防部长黄永宏表示,相比上一次在2019年举办香格里拉对话会时,世界形势变得更加严峻。亚洲国家相互依存,必须强调包容性和多边主义。
斐济国防、国家安全和警务部长塞鲁伊拉图表示,斐济重视与所有伙伴之间的关系。斐济虽然是个小国,但对多边主义有很高的期待和希望,希望各方遵循联合国宪章宗旨和原则。
顾清扬表示,在地缘政治角逐日益加剧的背景下,亚太地区的和平发展面临极大挑战。很多来自发展中国家的嘉宾在发言中强调了和平与发展的极端重要性,他们都深度关切地区稳定,不愿看到本区域陷入阵营对抗陷阱。
禹守根认为,国际社会应更加团结,不应煽动对立和分裂,应该摆脱阵营对抗的冷战思维,坚持和谐发展,共同捍卫和平发展潮流。(参与记者:陆睿、吴长伟)(完)

1. 第19届香格里拉对话会6月10日至12日在新加坡举行,图为警察6月10日在对话会举行地点香格里拉酒店外执勤。(新华社发,邓智炜摄)
2. 5月22日,来自日本各地的数百名民众在东京举行集会和示威游行,抗议美国总统拜登当天开始的访日之行,抵制日美首脑会晤和美日印澳“四边机制”峰会。(新华社记者张笑宇摄)
3.  5月31日,大熊猫宝宝“升谊”在马来西亚吉隆坡附近的国家动物园庆祝一岁生日。(新华社记者朱炜摄)