Politics, Law & Military
တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ LMC အထူးရန်ပုံငွေ ၂၀၂၂ မှ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်း ပေးအပ်
ဖနွမ်းပင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား စီမံကိန်း ၁၃ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်အား ဇွန် ၁၃ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Wang Wentian ၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့က ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
စီမံကိန်းသစ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ၊ ဒီဂျစ်တယ်စီးပွားရေး ၊ လေကြောင်း ၊ အဆောက်အအုံ ၊ သတင်းအတုများ တိုက်ဖျက်ရေး ၊ လူဝင်မှု နှင့် နယ်စပ်ထိန်းချုပ်ရေး အစရှိသည့် နယ်ပယ်များအပေါ်တွင် အဓိကထားကြောင်း သိရသည်။
လက်မှတ်ရေးထိုးသည့်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံသံအမတ် Wang Wentian က ကမ္ဘောဒီးယားနိုင်ငံသည် ငါးနှစ်ဆက်တိုက် စုစုပေါင်းဘတ်ဂျက် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ဖြင့် LMC အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၈၀ အား ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။“ကမ္ဘောဒီးယားနိုင်ငံက အစကတည်းက LMC ရဲ့ အဓိကပါဝင်သူ နဲ့ ထောက်ခံအားပေးသူ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)သည် အတက်ကြွဆုံး ပေါ်ထွက်လာသည့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားတစ်ခု ဖြစ်လာခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှု စတင်ချိန်မှစ၍ LMC ၆ နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးအတွက် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ဦးမော့လာရေး နှင့် ကံကြမ္မာအကျိုးတူအသိုက်အဝန်းဆီသို့ LMC နိုင်ငံများအားလုံး၏ လုံခြုံမှုအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ နှင့် အခြား LMC နိုင်ငံများနှင့်အတူ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း သံအမတ် Wang Wentian က ပြောကြားခဲ့သည်။
လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC) ၆ နိုင်ငံတွင် တရုတ်နိုင်ငံ ၊ မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။
LMC အထူးရန်ပုံငွေအား ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ချိန်မှစ၍ LMC နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအား တိုးမြှင့်ရေးအတွက် သေချာသောရလာဒ်များအား ပေးအပ်ခဲ့ပြီး ပံ့ပိုးပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။
“ဘက်ပေါင်းစုံ ပေါင်းစည်းထားပြီးတော့ အတွင်းပိုင်း အပြန်အလှန်ဆက်သွယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ပိုပြီးကျဉ်းမြောင်းစေခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်ဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေ အားကောင်းလာခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအား တရုတ်နိုင်ငံ အစိုးရ နှင့်ပြည်သူများက ပေးအပ်သည့် လက်ရှိ ကူညီထောက်ပံ့နေသည့် ငွေကြေး နှင့် ပံ့ပိုးမှုများအတွက် ၎င်းက လေးလေးနက်နက် ကျေးဇူးတင်အသိအမှတ်ပြုကြောင်းလည်း ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါ သက်ရောက်မှုနဲ့အတူ အခြား ကမ္ဘာလုံးဆိုင်ရာ နဲ့ ဒေသတွင်း စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွင်းမှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှု နဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုဖို့အတွက် အပြောင်းအလဲမရှိတဲ့သမိုင်းမှတ်တိုင်ကနေ ကျွန်တော်တို့ရဲ့ ဒဏ်ခံနိုင်မှုကို ပြသဖို့ ၊ ဂုဏ်ပြုဖို့ ဒီနေ့ ဒီနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
ဒီစီမံကိန်းအသစ်တွေက ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ ရေအရင်းအမြစ်တွေ ၊ စိုက်ပျိုးရေး ၊ သဘာဝပတ်ဝန်းကျင် ၊ စွမ်းရည်မြှင့်တင်တာတွေ နဲ့ ယဉ်ကျေးမှုအမွေအနှစ် နယ်ပယ်တွေမှာ ကမ္ဘောဒီးနိုင်ငံအတွင်းက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလိုအပ်ချက်တွေကို ဖြေရှင်းဖို့ ပိုပြီးတော့ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
LMC ၆ နိုင်ငံက အဆိုပြုတင်ပြသည့် အသေးစား နှင့် အလတ်စား ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများအား ပံ့ပိုးကူညီရေး ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့၌ ပထမအကြိမ် LMC ခေါင်းဆောင်များ၏ အစည်းအဝေးအတွင်း တရုတ်နိုင်ငံက LMC အထူးရန်ပုံငွေအား စတင်ခဲ့ကြောင်း သိရသည်။
“LMC ငွေကြေးထောက်ပံ့ထားတဲ့ စီမံကိန်းများအားလုံးက ခံနိုင်ရည်ရှိပြီးတော့ ကြံခိုင်တဲ့ စီးပွားရေး နဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုတွေကတစ်ဆင့် ပြည်သူတွေရဲ့ ဘဝတွေအပေါ်မှာ ကြီးမားတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိသလိုပဲ ဒေသခွဲတစ်လျှောက် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ပိုကောင်းစေဖို့ ပံ့ပိုးပေးပါတယ်။”ဟု နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောကြားခဲ့သည်။
ငြိမ်းချမ်းခြင်း ၊ ချမ်းသာကြွယ်ဝခြင်း နှင့် ရေရှည်တည်တံ့သော ဖွံံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ပွင့်လင်းမှု နှင့် အားလုံးပါဝင်သည့် ကံကြမ္မာအကျိုးတူအသိုက်အဝန်းအား ပိုမိုတည်ဆောက်သွားရန် အမြင့်အသစ်တစ်ခုသို့ လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအား ပိုမိုမြှင့်တင်ရန် တရုတ်နိုင်ငံ နှင့် LMC နိုင်ငံများအားလုံးနှင့်အတူ နီးကပ်စွာလုပ်ဆောင်သွားရန် ကမ္ဘောဒီးယားနိုင်ငံ၏ ကတိကဝတ်အား ၎င်းက ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
————————–
(English Version)
China provides 4.3 mln USD from LMC Special Fund 2022 to Cambodia
China is ready to work with Cambodia and other LMC countries to boost the post-pandemic economic recovery and maintain the security of all LMC countries towards a community with a shared future.
PHNOM PENH, June 14 (Xinhua) — China on Monday provided over 4.3 million U.S. dollars from the Lancang-Mekong Cooperation (LMC) Special Fund 2022 to Cambodia for carrying out 13 projects in the kingdom.
Chinese Ambassador to Cambodia Wang Wentian and Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn signed the agreement on the transfer of the fund here.
The new projects focused on the areas of environmental protection, digital economy, aviation, housing, combatting fake news, immigration and border control, etc.
Speaking at the signing ceremony, Wang said that for five consecutive years, Cambodia have harvested a total of 80 LMC Special Fund projects, with the cumulative budget of more than 31 million U.S. dollars.
“Cambodia has always been a major participant and promoter of the LMC from the very beginning,” he said.
He added that the LMC has become a most dynamic emerging cooperation mechanism and that since the COVID-19 pandemic outbreak, the six LMC countries have vigorously carried out cooperation to fight the pandemic and boost economic recovery.
Wang said China is ready to work with Cambodia and other LMC countries to boost the post-pandemic economic recovery and maintain the security of all LMC countries towards a community with a shared future.
The six LMC countries include China, Myanmar, Thailand, Laos, Cambodia and Vietnam.
Sokhonn said since its launch in 2016, the LMC Special Fund has delivered tangible outcomes and contributed to enhancing the socio-economic development of the LMC countries.
“We have further narrowed our development gaps through integrated and inter-connected development, and have strengthened our capacity to better respond to the needs of our peoples,” he said.
He also extended his profound appreciation for the ongoing contribution and support provided by the people and government of China to Cambodia.
“Despite the impact of the COVID-19 pandemic along with other global and regional challenges, we are here today to celebrate and demonstrate our resilience through this consistent milestone to reaffirm our belief and commitment in this development-focused multilateral cooperation,” he said.
“These new projects will further contribute to addressing the developmental needs in Cambodia in the field of rural development, water resources, agriculture, environment, capacity building, and cultural heritage,” he added.
China initiated the LMC Special Fund during the first LMC Leaders’ meeting in Sanya of southern China’s Hainan province in March 2016 with the aim of supporting the small and medium-sized cooperation projects put forward by the six LMC countries.
Sokhonn said all LMC-funded projects “have tremendous positive impacts on the lives of the people through resilient and robust economic and social development, as well as contribute to enhancing the livelihood of the people across the sub-region.”
He reaffirmed Cambodia’s commitment to working closely with China and all LMC countries to further enhance the LMC to a new height so as to build a more open and inclusive community of shared future of peace, prosperity and sustainable development. ■
Photo 1 – Chinese Ambassador to Cambodia Wang Wentian (L, front) and Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn (R, front) sign an agreement on the transfer of the Lancang-Mekong Cooperation Special Fund 2022 in Phnom Penh, Cambodia, June 13, 2022. (Photo by Sovannara/Xinhua)
Photo 2 – Chinese engineers are working in the Lancang-Mekong basin, resisting the COVID-19 risks to build hydropower plants and the China-Laos railway through Laos, to contribute to the building of the Lancang-Mekong Cooperation Economic Development Belt. (Sinohydro 3/Hangout via Xinhua)