Connect with us

Economy

တရုတ်မော်တော်ကားအမှတ်တံဆိပ်များ ရောင်းချမှု တိုးတက်လာ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျန်းမြို့၌ ထျန်းကျန်းမော်တော်ယာဉ်ပြပွဲ ၂၀၂၁ အတွင်း XPeng Motors ထုတ် မော်တော်ကားများကို လာရောက်ကြည့်ရှုနေသူများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်မော်တော်ကားအမှတ်တံဆိပ်များသည် ယခုနှစ် ပထမလေးလအတွင်း ရောင်းချရမှုများ တိုးတက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းအချက်အလက်များအရ သိရသည်။ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်အမှတ်တံဆိပ် ခရီးသည်တင်ကား ၃ သန်းကျော် ရောင်းချရသဖြင့် ပြီးခဲ့သောနှစ်ကထက် ၉ ဒဿမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ယင်းအမှတ်တံဆိပ်များသည် ဇန်နဝါရီလမှ ဧပြီလအထိကာလအတွင်း ပြည်တွင်းခရီးသည်တင်ကားဈေးကွက်၏ ရှယ်ယာ ၄၇ ဒဿမ ၆ ရာခိုင်နှုန်း ရှိပြီး နှစ်အလိုက် အဆင့် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဆီဒင် နှင့် SUV ကားများ ရောင်းချရမှုမှာ ၃၄ ဒဿမ ၃ ရာခိုင်နှုန်း နှင့် ၃ ရာခိုင်နှုန်း အသီးသီး တိုးတက်လာပြီး MPV ကားရောင်းချရမှုမှာ ဇန်နဝါရီလမှ ဧပြီလအထိကာလအတွင်း ၃၂ ဒဿမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းထံမှ သိရသည်။ (Xinhua)

———————————————
(English Version)

Chinese auto brands see sales growth

BEIJING, May 15 (Xinhua) — Chinese car brands recorded an increase in sales in the first four months of this year, industry data shows.

More than 3 million Chinese-brand passenger cars were sold in the January-April period, up 9.8 percent from a year earlier, according to the China Association of Automobile Manufacturers.

The brands had a 47.6 percent share of the domestic passenger car market during the period, up 6 percentage points year on year.

Sales of sedans and SUVs grew 34.3 percent and 3 percent, respectively, whereas MPV sales dropped 32.6 percent in the period, according to the association. ■
Photo – Visitors view cars from XPeng Motors during China (Tianjin) Auto Show 2021 in north China’s Tianjin, Sept. 29, 2021. (Xinhua/Li Ran)