Connect with us

Asia

BRI က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ဝေးလံသောမြစ်ကမ်းပါးအနီး နေထိုင်သူများအတွက် “ကြွယ်ဝချမ်းသာခြင်းလမ်းကြောင်း” ဆောင်ကြဉ်းပေးလျက်ရှိ

ဒါကာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ မြစ်ကမ်းနံဘေးကျေးရွာငယ်လေးဖြစ်သော Choto Ankujanpara ကျေးရွာမှ ပြည်သူများသည် ၎င်းတို့၏ ကျဉ်းမြောင်း၍ ခင်းကျင်းထားခြင်းမရှိသော လမ်းအား PowerChina Barisal Electric Power ကုမ္ပဏီလီမိတက် (BEPCL) မှ ကတ္တရာစေးပါဝင်သောပစ္စည်းများဖြင့် တိုးချဲ့၊ တည်ဆောက်ထားသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြည်နူးပျော်ရွှင်နေကြသည်။ အဆိုပါ BEPCL သည် တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက ဝေးလံလှသော ကျေးရွာလေးရှိ အိုဟောင်း၍ ယိုယွင်းနေသော လမ်းကို ဖြောင့်တန်း၍ ပြန့်ပြူးသော ကတ္တရာခင်းလမ်းမတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ အဆင်မပြေဖြစ်နေသော သယ်ယူပို့ဆောင်ရေးကို လွယ်ကူချောမွေ့စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Barguna ခရိုင်၊ ကျေးရွာတစ်ရွာရှိ တိုးချဲ့ကာ ပြန်လည်တည်ဆောက်ထားသော ကတ္တရာလမ်းတစ်နေရာတွင် ကလေးငယ်များအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“PowerChina က တာဝန်ယူမှုရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ ခရီးသွားလာမှုမှာ အချိန်အတော်ကြာ အတားအဆီးတစ်ခုကို ဖြေရှင်းပေးဖို့ လမ်းကိုပြန်လည်ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု Taltali Upazila ခရိုင်ခွဲ၊ ဥက္ကဋ္ဌ Rezbi-ul Kabir က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/yG

………………………………………………

BRI brings “road to prosperity” for remote river bank residents in southern Bangladesh
DHAKA, Aug. 16 (Xinhua) — People from Choto Ankujanpara Village, a small southern Bangladeshi river bank village, bursted into cheers and applause as their narrow, unpaved street was reconstructed and widened with bituminous materials by PowerChina Barisal Electric Power Company Limited (BEPCL), a joint venture of Chinese and Bangladeshi enterprises.
In a remote southern Bangladeshi village, an old, dilapidated road has been reconstructed into a straight and flat new asphalt road, easing the transportation inconvenience of villagers.
“PowerChina is a responsible Chinese enterprise. Thank you for repairing the road for us to solve the long-term obstacle to our travel,” Rezbi-ul Kabir, chairman of the Taltali Upazila sub-district, told Xinhua. xhtxs.cn/yG
Photo 1 : Photo taken on July 26, 2022 shows a widened and reconstructed bituminous road at a village in Barguna, Bangladesh. (Xinhua)
Photo 2 : Children walk on a widened and reconstructed bituminous road at a village in Barguna, Bangladesh, on July 26, 2022. (Xinhua)