Connect with us

Europe

တရုတ်နှင့် ရုရှားတို့ ပိုမိုနီးကပ်သောပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် စီးပွားရေးဆွေးနွေးမှုပြုလုပ်

ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ်မြို့တွင် ရုရှား-တရုတ် စီးပွားရေးဆွေးနွေးပွဲ ပြုလုပ်နေသည်ကို ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

၂၅ ကြိမ်မြောက် စိန့်ပီတာဘာ့ခ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) မူဘောင်အရ ရုရှားနိုင်ငံ စိန့်ပီတာဘာ့ခ် ဆိပ်ကမ်းမြို့၌ ရုရှား-တရုတ် စီးပွားရေးဆွေးနွေးပွဲကို ဇွန် ၁၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Zhang Hanhui က ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ အပြန်အလှန်လေးစားမှု၊ သာတူညီမျှရှိမှုနှင့် နှစ်နိုင်ငံ အကျိုးရလဒ်များ ဖြစ်ထွန်းရေး စိတ်ဓာတ်ဖြင့် နှစ်နိုင်ငံအနေဖြင့် ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံသို့ မြင့်တက်လာရေး ရည်မှန်းချက် ရရှိအောင် ပူးတွဲကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသမဂ္ဂ ဥက္ကဋ္ဌ Alexander Shokhin က တရုတ်ကုန်စည်များသည် ရုရှားနိုင်ငံတွင် ကြီးမားသောဈေးကွက်ဝေစုကို ရရှိထားသလို ရုရှား လယ်ယာထွက်ကုန်များကလည်း တရုတ်နိုင်ငံ၌ ကောင်းမွန်စွာလက်ခံရရှိလျက်ရှိကြောင်း ဆွေးနွေးပွဲမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ရုရှားနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ်ဖြစ်သော Alexei Dakhnovsky ကလည်း နှစ်နိုင်ငံ အတွက် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံနှင့် လယ်ယာစိုက်ပျိုးရေး စသည့်နယ်ပယ်များ၌ ရင်းနှီးမြှုပ်နှံရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျယ်ပြန့်သောအလားအလာများရှိကြောင်း ပြောကြားခဲ့သည်။

ရုရှား-တရုတ် စီးပွားရေးဆွေးနွေးပွဲအား SPIEF နှင့် အရှေ့ပိုင်း စီးပွားရေးဖိုရမ် မူဘောင်အတွင်း ရုရှားနိုင်ငံ Vladivostok မြို့၌ ၂၀၁၈ ခုနှစ်မှစ၍ အစည်းအဝေး အကြိမ်ရေများစွာ ကျင်းပခဲ့ပြီးဖြစ်သည်။

တောင်အမေရိကနှင့်‌ မြောက်အမေရိကရှိ အခွင့်အလမ်းသစ်များဟူသော ခေါင်းစဉ်ဖြင့် ၂၅ ကြိမ်မြောက် SPIEF ကို ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တွင် ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပလျက်ရှိသည်။ အဆိုပါ ဖိုရမ်သည် ၁၉၉၇ ခုနှစ်မှစ၍ ရုရှားနိုင်ငံ၊ ပေါ်ထွန်းစဈေးကွက်များနှင့် ကမ္ဘာကြီးက ရင်ဆိုင်နေရသော အရေးပါသည့် စီးပွားရေးကိစ္စရပ်များကို ဆွေးနွေးရန် စီးပွားရေးအသိုက်အဝန်းအတွက် ကမ္ဘာ့ဦးဆောင်ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

……………………..
(English Version)
China, Russia hold business dialogue to seek closer cooperation
Source: Xinhua
Editor: huaxia
2022-06-17 04:44:15
ST. PETERSBURG, Russia, June 16 (Xinhua) — The Russia-China Business Dialogue was held Thursday in the Russian port city of St. Petersburg in the framework of the 25th St. Petersburg International Economic Forum (SPIEF).

Chinese Ambassador to Russia Zhang Hanhui said in a video message that guided by the spirit of mutual respect, equality and pursuit of win-win outcomes, the two countries will continue normal economic and trade cooperation, joining efforts to achieve the target of raising the volume of bilateral trade to 200 billion U.S. dollars in 2024.

While addressing the event, President of the Russian Union of Industrialists and Entrepreneurs Alexander Shokhin noted that Chinese goods are securing a larger market share in Russia and more Russian agricultural products are well-received in China.

Russia’s trade representative in China Alexei Dakhnovsky said that there are broad prospects for the two countries to invest and cooperate in the areas of energy, transport, infrastructure and agriculture.

The Russia-China Business Dialogue has been held several times since 2018 within the framework of the SPIEF and the Eastern Economic Forum in Russia’s Vladivostok.

Under the theme of New Opportunities in a New World, the 25th SPIEF is being held in Russia’s second-largest city from Wednesday to Saturday. Since 1997, the forum has become a leading global platform for the business community to discuss critical economic issues facing Russia, emerging markets and the world. ■
Photo : The Russia-China Business Dialogue is held in St. Petersburg, Russia on June 16, 2022. (Xinhua/Chen Qiang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.