Connect with us

Europe

မာရီယူပိုးလ်မြို့ရှိ Azovstal စက်ရုံမှ ယူကရိန်းစစ်သား ၂၆၀ ကျော် ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်း

မာရီယူပိုးလ်ဆိပ်ကမ်းမြို့ရှိ Azovstal စက်ရုံအား မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ရှိ Azovstal စက်ရုံမှ ယူကရိန်းစစ်သား ၂၆၀ ကျော် ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Malyar ၏ ပြောကြားချက်အား ကိုးကား၍ အစိုးရသတင်းအေဂျင်စီ Ukrinform က မေ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။ဒဏ်ရာအပြင်းအထန်ရရှိထားသော စစ်သား ၅၃ ဦးကို ဆေးကုသမှုပေးရန် Novoazovsk မြို့ရှိ ကျန်းမာရေးအဆောက်အအုံသို့ လူသားချင်းစာနာထောက်ထားမှုစင်္ကြံမှတစ်ဆင့် ရွှေ့ပြောင်းခဲ့သလို အခြား တပ်ဖွဲ့ဝင် ၂၁၁ ဦးကိုလည်း Olenivka မြို့သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် ယူကရိန်းစစ်သားများသည် ဖမ်းဆီးထားသော ရုရှားနိုင်ငံသားများနှင့် ဖလှယ်ခဲ့ကြကြောင်း Malyar က ဆိုသည်။

Azovstal သံမဏိစက်ရုံမှ ယူကရိန်းစစ်တပ် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်မှာ ဆက်လက်လုပ်ဆောင်နေကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်ရုံး ပြန်ကြားရေးဌာနက Facebook တွင် ပြောကြားထားသည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ အဓိကကျသော Azov ပင်လယ်ဆိပ်ကမ်းမြို့တစ်မြိုဖြစ်သော မာရီယူပိုးလ်သည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် အများဆုံးခံရသောနေရာတစ်ခု ဖြစ်သည်။

အကျယ်အဝန်း ၁၁ စတုရန်းကီလိုမီတာခန့်ရှိသော Azovstal စက်ရုံသည် မာရီယူပိုးလ်မြို့တွင် ယူကရိန်း တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသောနေရာလည်း ဖြစ်သည်။ (Xinhua)

————————–
(English Version)
Over 260 Ukrainian soldiers evacuated from Mariupol’s Azovstal
Source: Xinhua
Editor: huaxia

2022-05-17 17:22:14

KIEV, May 17 (Xinhua) — More than 260 Ukrainian soldiers have been evacuated from the Azovstal plant in the embattled city of Mariupol, the government-run news agency Ukrinform reported Tuesday, citing Deputy Defense Minister Hanna Malyar.

Malyar said that 53 seriously wounded soldiers were evacuated from Azovstal to a healthcare facility in Novoazovsk for medical treatment, while 211 other troops were taken to the Olenivka through the humanitarian corridor.

Later, the Ukrainian soldiers will be exchanged for the captured Russians, Malyar said.

The operation to evacuate the Ukrainian military from the Azovstal steel plant is continuing, the press service of the General Staff of the Ukrainian Armed Forces said on Facebook.

Mariupol, a key Azov Sea port city in eastern Ukraine, saw one of the worst bouts of violence in the Russia-Ukraine conflict.

The Azovstal plant, which covers an area of about 11 square km, is the holdout of the Ukrainian forces in Mariupol. ■

Photo : Photo taken on May 15, 2022 shows a view of the Azovstal plant in the port city of Mariupol. (Photo by Victor/Xinhua)