Connect with us

Europe

ရုရှား-ယူကရိန်းပဋိပက္ခ နောက်ဆုံးရအခြေအနေများ- Azovstalသံမဏိ စက်ရုံတွင် ယူကရိန်းစစ်သား ၆၉၄ ဦး လက်နက်ချခဲ့ကြောင်း ရုရှားပြောကြား

ဆိပ်ကမ်းမြို့ မာရီယူပိုးလ်ရှိ Azovstalသံမဏိ စက်ရုံ၏ မြင်ကွင်းအား မေ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက်(ဆင်ဟွာ)

– Azovstalသံမဏိ စက်ရုံတွင် ယူကရိန်းစစ်သား ၆၉၄ ဦး လက်နက်ချခဲ့ကြောင်း ရုရှားပြောကြားခဲ့သည်။
– စစ်အုပ်ချုပ်ရေးအခြေအနေသက်တမ်းတိုးကြောင်း၊ အထွေထွေစည်းရုံးမှုများ ပြုလုပ်ရန် ယူကရိန်းသမ္မတ အဆိုပြုခဲ့သည်။
– ယူကရိန်းရှိ အမေရိကန် သံရုံး ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှား-ယူကရိန်းပဋိပက္ခ နောက်ဆုံးရအခြေအနေများ –

___ မာရီယူပိုးလ်ရှိ Azovstalသံမဏိ စက်ရုံတွင် ပိတ်မိနေသော ယူကရိန်းစစ်သား ၆၉၄ ဦးသည် ပြီးခဲ့သော ၂၄ နာရီအတွင်း လက်နက်ချခဲ့ကြရာ ၎င်းတို့တွင် ၂၉ ဦးက ဒဏ်ရာရရှိသူများ ပါဝင်ကြောင်း ရုရှားက မေ ၁၈ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။
“မေ ၁၆ ရက်မှစပြီး လက်နက်ချ လက်နက်ကိုင် ၉၅၉ ဦး ရှိရာ ၎င်းတို့တွင် ၈၀ ဦးက ဒဏ်ရာရရှိထားတယ်”၊ ၅၁ ဦးက ဆေးကုသရန်လိုအပ်ရာ Donetsk ရှိ Novoazovsk ဆေးရုံတစ်ခုသို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဒဏ်ရာရ စစ်သားများ ဆုတ်ခွာရေး မော်စကိုနှင့်ကိဗ်ကြား သဘောတူညီချက်ရရှိပြီးနောက် မေ ၁၆ ရက် (တနင်္လာနေ့)တွင်စတင်ကာ လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

___ ယူကရိန်း၏ စစ်အုပ်ချုပ်ရေးကာလနှင့် အထွေထွေစည်းရုံးမှုများကို သက်တမ်းတိုးရန် ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အဆိုပြုလိုက်ကြောင်း Ukrinform သတင်းအေဂျင်စီက မေ ၁၈ ရက်(ဗုဒ္ဓဟူးနေ့)တွင် ဖော်ပြခဲ့သည်။
စစ်အုပ်ချုပ်ရေးကာလနှင့် အထွေထွေစည်းရုံးမှုများကို သက်တမ်းတိုးရေး သီးခြားမူကြမ်းနှစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း ယူကရိန်းလွှတ်တော် ဝက်ဘ်ဆိုဒ်၏ ဖော်ပြချက် အရ သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားအထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက် ကိဗ်က စစ်အုပ်ချုပ်ရေး ရက် ၃၀ ကြာ အမိန့်ချမှတ်ခဲ့သည်။ ထို့နောက် စစ်အုပ်ချုပ်ရေးသက်တမ်းအား နှစ်ကြိမ်တိုးခဲ့ကြောင်း သိရသည်။

___ ယူကရိန်းရှိ အမေရိကန်သံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenက မေ ၁၈ ရက် (ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၃ လမတိုင်မီက ယူကရိန်းတွင် ရုရှား စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဟု ခန့်မှန်းရခြင်းကြောင့် ယူကရိန်းရှိ အမေရိကန် သံရုံးလည်ပတ်မှုအား ရပ်နားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ ကိဗ်မှာရှိတဲ့ အမေရိကန်သံရုံး လုပ်ငန်းများ တရားဝင်လည်ပတ်နေပြီဖြစ်ပါတယ်”ဟု Blinkenက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ကိဗ်(Kyiv)သည် ယူကရိန်းဘာသာစကားကိုအခြေခံ၍ ယူကရိန်းမြို့တော်ဟူသော ရိုမန်ဘာသာ စာလုံးပေါင်းဖြစ်သည်။
“အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းအစိုးရနှင့်ပြည်သူများ မိမိနိုင်ငံကိုကာကွယ်ရာတွင် ဆက်လက်အားပေးထောက်ခံသွားမှာဖြစ်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(English Version)
Facts about Russia-Ukraine conflict: Russia says 694 Ukrainian soldiers surrender at Azovstal steel plant
2022-05-19 11:33:38 分类: 政治法律
Photo taken on May 15, 2022 shows a view of the Azovstal plant in the port city of Mariupol. (Photo by Victor/Xinhua)
-Russia says 694 Ukrainian soldiers surrender at Azovstal steel plant
-Ukrainian president proposes extending martial law, general mobilization
-U.S. reopens embassy in Ukraine
BEIJING, May 19 (Xinhua) — The following are the latest developments in the conflict between Russia and Ukraine:
Russia said Wednesday that 694 Ukrainian soldiers blocked at the Azovstal plant in Mariupol have surrendered over the past 24 hours, including 29 wounded.
“A total of 959 militants have surrendered since May 16, including 80 wounded,” the Russian Defense Ministry said in a statement, adding that 51 of them are in need of medical assistance and have been admitted to a hospital in Donetsk’s Novoazovsk for treatment.
The soldiers began to surrender on Monday following an agreement reached between Moscow and Kiev on the evacuation of wounded Ukrainian soldiers.
– – – –
Ukrainian President Volodymyr Zelensky has proposed to the parliament extending the current martial law and general mobilization in the country, the state-run Ukrinform news agency reported Wednesday.
Two separate drafts on prolonging the martial law and general mobilization have been submitted to the parliament, according to the parliament’s website.
Kiev imposed a 30-day martial law after Russia launched a special military operation against Ukraine on Feb. 24. Since then, the martial law has been extended twice.
– – – –
Photo taken on March 16, 2020 shows the White House Visitor Center in Washington D.C., the United States. (Xinhua/Liu Jie)
The United States reopened its embassy in Ukraine, Secretary of State Antony Blinken said Wednesday, three months after it ceased operation in anticipation that Russia would launch a military operation in the country.
“Today we are officially resuming operations at the U.S. Embassy in Kyiv,” Blinken said in a statement posted on the State Department’s website. Kyiv is the Romanized spelling of Ukraine’s capital city based on the Ukrainian language.
The secretary said the United States will “continue to support the government and people of Ukraine as they defend their country” in the ongoing war with Russia. ■