Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက အမျိုးသားအဆင့် လေထုစောင့်ကြည့်စစ်ဆေးရေးစခန်းများ ပိုမိုတည်ဆောက်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးမြို့ရှိ ကွမ်ကျိုးသဘာဝပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးရေးစခန်း၌ စောင့်ကြည့်စစ်ဆေးသည့် ပစ္စည်းကိရိယာများကို ကြည့်ရှုနေသူများအား ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ကမ္ဘာ့လေထု၏အပူချိန် မြင့်တက်စေသော ကာဗွန်ဒိုင်အောက်ဆိုက် စသည့် ဓာတ်ငွေ့များ စောင့်ကြည့်လေ့လာမှု အားကောင်းလာစေရေးအတွက် ၂၀၂၅ ခုနှစ်အကုန်တွင် အမျိုးသားအဆင့် လေထုဆိုင်ရာအကြောင်းအချက်များ စောင့်ကြည့်ရေးစခန်းသစ် ၈ ခုအား တည်ဆောက်သွားရန် စီစဉ်နေကြောင်း နိုင်ငံ၏ မိုးလေဝသတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။အဆိုပါစခန်းများအား ကမ္ဘာ့လေထု၏အပူချိန် မြင့်တက်စေသော ကာဗွန်ဒိုင်အောက်ဆိုက် စသည့် ဓာတ်ငွေ့များ ၊ ဓာတ်ပြုစေသောအိုဇုန်းဓာတ်ငွေ့ ၊ aerosol များ နှင့် နေရောင်ခြည်အပူ အပါအဝင် ဒြပ်စင်အများကြီးအား စောင့်ကြည့်စစ်ဆေးရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ သိပ္ပံပညာရှင်များက စခန်းတည်နေရာများအား များသောအားဖြင့် လူလှုပ်ရှားမှုများ နှင့် ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် အရင်းအမြစ်များနှင့် ဝေးကွာသည့်နေရာများကု ရွေးချယ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ မိုးလေဝသဌာနက နိုင်ငံအနှံ့ ထိုကဲ့သို့သောစခန်း ၇ ခုအား ထူထောင်ထားခဲ့ပြီး စခန်းအသစ်တစ်ခုအား မကြာမီတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

စီစဉ်ထားသည့် စခန်း ၈ ခုသည် တောင်တရုတ်ပင်လယ်တွင် စခန်းတစ်ခု နှင့် အရှေ့တရုတ်ပင်လယ်တွင် စခန်းတစ်ခု ပါဝင်ပြီး တရုတ်နိုင်ငံအား အဓိကရာသီဥတု စောင့်ကြည့်လေ့လာရေး နေရာအပိုင်းအခြား ၁၆ ခု၏ လွှမ်းခြုံမှု အပြည့်အဝရရှိစေရေး ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————–
(English Version)
China to build more national air monitoring stations
Source: Xinhua Editor: huaxia 2022-06-19 10:44:15
BEIJING, June 19 (Xinhua) — China plans to build eight new national atmosphere background watch stations by the end of 2025 to strengthen greenhouse gas observation, according to the country’s meteorological authority.
The stations are set up to monitor dozens of elements, including greenhouse gases, reactive gas ozone, aerosols and solar radiation. Scientists usually select station sites far away from human activities and pollution sources.
The China Meteorological Administration has established seven such stations across the country, with a new one to be built soon.
The eight planned stations, including one in the South China Sea and one in the East China Sea, will help China achieve full coverage of 16 key climate observation areas, said the administration. ■
Photo – Citizens view monitor facility at Guangzhou Environment Monitoring Center in Guangzhou, capital of south China’s Guangdong Province, June 5, 2012. (Xinhua/