Connect with us

North America

ဘိုင်ဒန်က ပါလက်စတိုင်းအရေးတွင် အရင်လူများ၏ လမ်းစဉ်အတိုင်း လိုက်လုပ်နေဟု PLO အရာရှိပြော

အနောက်ဘက်ကမ်းမြို့တော်ဖြစ်သော Nablus တွင် ဧပြီ ၁၁ ရက်က ပါလက်စတိုင်းဆန္ဒပြသူများအား ဝင်ရောက်စီးနင်းရန် လက်နက်ကိုင်ဆောင်ထားသော အစ္စရေးစစ်သားများအားတွေ့ရစဉ်(ဆင်ဟွာ)

ရာမာလာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပါလက်စတိုင်းအရေး ညှိနှိုင်းဆောင်ရွက်ရာတွင် အရင်လူများ(ယခင်အမေရိကန်သမ္မတများ) ကဲ့သို့ပင် တူညီသော မူဝါဒဖြင့် လိုက်ပါ လုပ်ဆောင်နေကြောင်း ပါလက်စတိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။“ အရင်လူတွေအတိုင်းပါပဲ ဘိုင်ဒန်အစိုးရအဖွဲ့ကလည်း အစ္စရေးကို စစ်ရေး နဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေလုပ်နေပါတယ် ၊ ပြီးတော့ ကုလသမဂ္ဂမှာ အစ္စရေးအတွက် နိုင်ငံရေးအရ ထောက်ခံမှုပေးတာနဲ့ အကာအကွယ်ပေးတာတွေလည်း လုပ်နေပါတယ်” ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ချုပ်(PLO) အမှုဆောင်ကော်မတီဝင် Salleh Ra’fat က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

အရှေ့ဂျေရုဆလင် နှင့် အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်များအပေါ် အစ္စရေးက အရေးယူဆောင်ရွက်မှုများ နှင့် ကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Ra’fat က ဆိုသည်။ ထို့ပြင် အစ္စရေးစစ်တပ်၏ အပြည့်အဝ ကာကွယ်မှုရရှိထားသော အစ္စရေးအခြေချနေထိုင်သူများ၏ နေ့စဉ် ပုတ်ခတ်စော်ကားမှုများကိုလည်း ကြုံတွေ့နေရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ ဘိုင်ဒန်၏ ရွေးကောက်ပွဲမဲဆွယ်ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသေးကြောင်းလည်း Ra’fat က ဆက်လက်ပြောကြားခဲ့သည်။
“ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ခြင်းနဲ့အတူ ၁၉၆၇ ခုနှစ်က တည်ရှိခဲ့တဲ့ နယ်နိမိတ်အတိုင်း ပါလက်စတိုင်းနိုင်ငံ တစ်ခုတည်ထောင်ဖို့အတွက် ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်အောင် အဓိကအင်အားကြီးနိုင်ငံတွေပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာညီလာခံတစ်ခုကို ကျင်းပသွားဖို့” ၎င်းက တောင်းဆိုခဲ့သည်။(Xinhua)

———————
e policy as his predecessors in dealing with Palestinian cause: PLO official
RAMALLAH, June 20 (Xinhua) — U.S. President Joe Biden’s administration is following the same policy as its predecessors in dealing with the Palestinian cause, a senior Palestinian official said Sunday.
“Just like the predecessors, the Biden administration provides military and financial support to Israel, and also provides it with political support and protection in the UN and other international forums,” Salleh Ra’fat, a member of the Palestine Liberation Organization (PLO) executive committee, told Voice of Palestine.
Ra’fat said that Israel continues its measures and violations against the Palestinians in East Jerusalem and the West Bank, in addition to the daily assaults of Israeli settlers, who are receiving complete protection from the Israeli army.
Ra’fat added that Biden’s campaign promises regarding the Palestinian cause have not been implemented.
He called for an international conference “in which major countries participate to implement the UN resolutions that lead to the establishment of a Palestinian state on the 1967 borders with East Jerusalem as its capital.”

Photo- Israeli soldiers aim their weapons at Palestinian protesters during a raid in the West Bank city of Nablus, April 11, 2022. (Photo by Nidal Eshtayeh/Xinhua)