Connect with us

Latin America

ကိုလံဘီယာ အကျဉ်းထောင်မီးလောင်မှုကြောင့် သေဆုံးခဲ့သော အကျဉ်းသားအရေအတွက် ၅၃ ဦး အထိရှိလာ

ကိုလံဘီယာနိုင်ငံ Valle del Cauca နယ်မြေရှိ Tulua မြို့တွင် မီးလောင်မှုဖြစ်ပွားသော အကျဉ်းထောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေသူများအား ၂၀၂၂ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ Tulua မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ဇွန် ၂၈ ရက်က အဓိကရုဏ်းဖြစ်ပွားမှုအတွင်း မီးလောင်မှုဖြစ်ပွားခြင်းကြောင့် သေဆုံးသောအကျဉ်းသားအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်များက ဇူလိုင် ၁ ရက်၌ ပြောကြားခဲ့သည်။

Valle del Cauca နယ်မြေရှိ ကျန်းမာရေးအတွင်းဝန် Maria Cristina Lesmes က လူငယ်အကျဉ်းသားတစ်ဦးမှာ အနီးဝန်းကျင်ရှိ Cali မြို့ရှိ ကျန်းမာရေးစင်တာတစ်ခုတွင် ၎င်း၏ဒဏ်ရာများအား ကုသနေစဉ် ဇူလိုင် ၁ ရက် နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း၊ အခြားအကျဉ်းသားများမှာလည်း ယင်းစင်တာရှိ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အကျဉ်းသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားမှုအတွင်း အကျဉ်းသားတစ်ဦးက အိပ်ရာကိုမီးရှို့ခဲ့ရာ အကျဉ်းသားအများစုမှာ မီးခိုးမွှန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တရားမျှတရေးဝန်ကြီး Wilson Ruiz က ဇွန် ၂၈ ရက်က ပြောကြားခဲ့သည်။

အကျဉ်းသား ၁၈၀ ခန့်ရှိသော အကျဉ်းထောင်အတွင်း မီးလောင်မှုကို Tulua မီးသတ်ဌာနမှ ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူများကိုလည်း ဒေသတွင်း ကျန်းမာရေးစင်တာများသို့ ပို့ဆောင်ခဲ့ကြောင်း အမျိုးသား အကျဉ်းထောင်နှင့် အကျဉ်းအဖွဲ့အစည်း ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်ကြီး Tito Castellanos ပြောကြားချက်အရ သိရသည်။ (Xinhua)

……………………………………….
(English Version)

Death toll rises to 53 inmates in Colombian prison fire

Source: Xinhua

Editor: huaxia

2022-07-02 08:40:15
BOGOTA, July 1 (Xinhua) — The number of inmates who died after a fire broke out on Tuesday during a prison riot in the Colombian town of Tulua rose to 53, local health authorities said Friday.

Health Secretary of the department of Valle del Cauca Maria Cristina Lesmes said that a young inmate died early Friday morning from his injuries in a medical center in the neighboring city of Cali, where other prisoners were also in intensive care units.

Minister of Justice Wilson Ruiz said on Tuesday that most of the inmates died from smoke inhalation after a fight between two inmates broke out and one of them lit a mattress on fire.

The resulting blaze in the prison, which houses some 180 inmates, was brought under control by the Tulua fire department and the injured inmates were transferred to local health centers, according to Director of the National Penitentiary and Prison Institute General Tito Castellanos. ■
Photo : People wait outside a prison that caught fire, in the town of Tulua, in Valle del Cauca department, Colombia, on June 28, 2022. (Xinhua/Str)