Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးများ တက်ရောက်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ရန်ရှိ

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဩဂုတ် ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်မည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ အပေါင်း သုံး (ASEAN Plus Three) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စသည်တို့အား တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဩဂုတ် ၂ ရက်၌ ကြေညာခဲ့သည်။

ထို့ပြင် ဝမ်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်း သွားရောက်မည်ဖြစ်ကြောင်း ဟွာက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/yad

…………………………………………

Chinese FM to attend meetings on East Asia cooperation, visit Cambodia
BEIJING, Aug. 2 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi will attend the ASEAN-China Foreign Ministers’ Meeting, ASEAN Plus Three Foreign Ministers’ Meeting, East Asia Summit Foreign Ministers’ Meeting, and a foreign ministers’ meeting of ASEAN Regional Forum from Aug. 3 to 5 in Phnom Penh, Cambodia, Foreign Ministry Spokesperson Hua Chunying announced here on Tuesday.

Wang will also pay a visit to Cambodia at the invitation of Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn, Hua added. ■ xhtxs.cn/yad